Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား ထိပ်တန်း အရာရှိတွေနဲ့ မိသားစုဝင်တွေကို ဗုံးခွဲမယ့် ယူကရိန်းရဲ့ အကြံအစည်ကို တားဆီးနိုင်ခဲ့တယ်လို့ ရုရှား ထောက်လှမ်းရေးပြော

ရုရှားရဲ့ ထိပ်တန်း အရာရှိ တချို့နဲ့ မိသားစုဝင်တွေကို ဗုံးခွဲလုပ်ကြံမယ့် ယူကရိန်း လျှို့ဝှက် ထောက်လှမ်းရေး (SBU)ရဲ့ အစီအမံတွေကို ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ ရုရှား ဖက်ဒရယ် လုံခြုံရေးဌာန (FSB)က ကြေညာခဲ့ပါတယ်။

ရုရှားရဲ့ ထိပ်တန်း အရာရှိ တချို့နဲ့ မိသားစုဝင်တွေကို ဗုံးခွဲလုပ်ကြံမယ့် ယူကရိန်း လျှို့ဝှက် ထောက်လှမ်းရေး (SBU)ရဲ့ အစီအမံတွေကို ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ ရုရှား ဖက်ဒရယ် လုံခြုံရေးဌာန (FSB)က ကြေညာခဲ့ပါတယ်။

ယူကရိန်း ကြံစည်ထားတဲ့ တိုက်ခိုက်မှုတွေဟာ ပါဝါဘန့်ခ်တွေ၊ စာရွက်စာတမ်းဖိုင်တွေ အယောင်ဆောင်ထားတဲ့ ဗုံးအတုတွေကို မော်စကိုမှာရှိတဲ့ ရုရှား အရာရှိတွေနဲ့ မိသားစုတွေဆီ ပေးပို့ဖို့ စီစဉ်ထားခဲ့တာလို့ ရုရှားက စွပ်စွဲခဲ့ပါတယ်။

ဒီဇင်ဘာ ၁၇ ရက်နေ့တုန်းက SBUဟာ မော်စကိုမှာ ရုရှား နျူကလီးယား ကာကွယ်ရေး တပ်ဖွဲ့ ထိပ်တန်း စစ်ဘက် အရာရှိ တစ်ဦးဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အီဂေါ် အီရီလော့ဗ်ကို အောင်အောင်မြင်မြင် လုပ်ကြံနိုင်ခဲ့ပါတယ်။ အဲဒီတုန်းက ယူကရိန်းဟာ ကီရီလော့ဗ်နဲ့ ကိုယ်ရေး အရာရှိဖြစ်သူတို့ အိမ်ကနေ အထွက်မှာ စကူတာ တစ်စီးနဲ့ တွဲဖက်ထားတဲ့ ဗုံးကို အဝေးထိန်း စနစ်နဲ့ ဖောက်ခွဲပြီး နှစ်ယောက်စလုံးကို ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

အီရှီလော့ဗ် လုပ်ကြံခံရတဲ့ ဖြစ်စဉ်ဟာ ရုရှားရဲ့ ထိပ်ပိုင်းအဆင့် စစ်ဘက်နဲ့ အစိုးရ အရာရှိတွေကြားမှာ အတော်ကြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပါတယ်။ SBUရဲ့ သတင်းရင်းမြစ်တွေကလည်း အဲဒီတိုက်ခိုက်မှု နောက်ကွယ်ကနေ စီမံ ဆောင်ရွက်ခဲ့တယ် ဆိုတာကို အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၂၆ ရက်နေ့မှာတော့ FSBက ရန်သူ့ ထောက်လှမ်းရေး ယူနစ်ဖြစ်တဲ့ SBUက စီစဉ်ထားတဲ့ နောက်ထပ် ဗုံးခွဲတိုက်ခိုက်မှု အကြံအစည်တွေကို ကြိုတင် တားဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

SBUရဲ့ ပစ်မှတ်ဟာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ ရာထူးကြီး ထိပ်ပိုင်း အရာရှိတချို့နဲ့ မိသားစုဝင်တွေ ဖြစ်ကြပြီး ပုံဖျက် ဖုံးကွယ်ထားတဲ့ ဗုံးတွေနဲ့ တိုက်ခိုက်ဖို့ စီစဉ်ထားခဲ့တာလို့ FSBက ဆိုပါတယ်။

နောက်ပြီး အဲဒီ အကြံအစည်တွေမှာ ပါဝင်ပတ်သက်တယ်လို့ ယုံကြည်ရတဲ့ ရုရှား နိုင်ငံသား ၄ ဦးကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ FSBရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ယူကရိန်းရဲ့ SBUကတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး ဘာတုံ့ပြန်မှတ်ချက်မှ မပေးသေးပါဘူး။

FSBဟာ ဆိုဗီယက် ခေတ်တုန်းက နာမည်ကျော်ခဲ့တဲ့ KGB ထောက်လှမ်းရေး ဌာနကို ဆက်ခံတဲ့ အစုအဖွဲ့ဖြစ်ပါတယ်။ FSBက ယူကရိန်းရဲ့ SBUဟာ ရုရှားနိုင်ငံသား တချို့ကို အောင်အောင်မြင်မြင် အောင်အောင်မြင်မြင် စည်းရုံး သိမ်းသွင်းထားနိုင်ခဲ့တယ်လို့လည်း အတည်ပြုခဲ့ပါတယ်။

ယူကရိန်းကတော့ စစ်ပွဲကာလအတွင်း ရန်သူရဲ့ ထိပ်တန်း စစ်ဦးစီး အရာရှိတွေကို ပစ်မှတ်ထားပြီး သိုသိပ်တဲ့ နည်းလမ်းတွေနဲ့ လုပ်ကြံခြင်းကို ကာကွယ် ပြောဆိုခဲ့ပြီး အဲဒီ လူပုဂ္ဂိုလ် တစ်ဦးချင်းစီဟာ ယူကရိန်းအတွက် တရားဝင် ပစ်မှတ်တွေ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဆိုက်ဘေးရီးယား ဒေသမှာ လေ့ကျင့်ပျံသန်းနေရင်း ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၃၆ ခုနှစ်ထိ သမ္မတ ရာထူးကို ဆက်လက် တာဝန်ယူမလားဆိုတဲ့ မေးခွန်းကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရှောင်လွှဲ ဖြေဆိုသွားခဲ့ပါတယ်။