Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းအတွက် စစ်ရေးအထောက်အပံ့ ဒေါ်လာ ၂.၅ ဘီလီယံ ထပ်မံပေးအပ်မယ်လို့ ဘိုင်ဒန်ကြေညာ

ယူကရိန်းအတွက် စစ်ရေး အထောက်အပံ့ ရန်ပုံငွေအဖြစ် ဒေါ်လာ ၂.၅ ဘီလီယံ ထပ်မံ ပေးပို့သွားမယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အတည်ပြု ကြေညာလိုက်ပါတယ်။

ယူကရိန်းအတွက် စစ်ရေး အထောက်အပံ့ ရန်ပုံငွေအဖြစ် ဒေါ်လာ ၂.၅ ဘီလီယံ ထပ်မံ ပေးပို့သွားမယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အတည်ပြု ကြေညာလိုက်ပါတယ်။

သူ့ရဲ့ သမ္မတသက်တမ်း နောက်ဆုံး သီတင်းပတ်တွေအတွင်း ယူကရိန်းအတွက် စစ်ရေး အကူအညီတွေ ရနိုင်သမျှ စုရုံး ပေးပို့ဖို့ ရည်ရွယ်ထားတယ်လို့ ဘိုင်ဒန်က ဆိုပါတယ်။ ဘိုင်ဒန်ဟာ ဇန်နဝါရီ ၂၀ ရက်နေ့ကျရင် အမေရိကန် သမ္မတ ရာထူးကနေ နုတ်ထွက်ရမှာဖြစ်ပြီး ရွေးကောက်ပွဲ အနိုင်ရ သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်က သူ့ရဲ့နေရာကို အစားထိုး ဆက်ခံမှာ ဖြစ်ပါတယ်။

ထရမ့်ဟာ ရွေးကောက်ပွဲကြို မဲဆွယ်မှု ကာလတွေမှာ ကတည်းက ယူကရိန်းအတွက် ဘိုင်ဒန်ရဲ့ အစိုးရက စစ်ရေးစရိတ် အများအပြား အကုန်အကျခံ ထောက်ပံ့နေတာကို ဝေဖန်ပြစ်တင်ခဲ့သူ ဖြစ်ပါတယ်။

သူ့ရဲ့ ဦးဆောင်မှု အောက်မှာတော့ အမေရိကန်ဟာ စစ်ပွဲထဲမှာ ယူကရိန်းရဲ့ ရပ်တည်မှုကို အခိုင်မာဆုံး ဖြစ်နိုင်အောင် ရသမျှ ဆက်လက် အကူအညီ ပေးသွားဦးမယ်လို့ ဘိုင်ဒန်က ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အသစ်ပေးပို့မယ့် စစ်ရေး အထောက်အပံ့တွေထဲမှာ ဒေါ်လာ ၁.၂၅ ဘီလီယံဟာ အမေရိကန်ရဲ့ ရှိရင်းစွဲ ငွေလုံးငွေရင်းထဲက ဖြစ်ပြီး ဒေါ်လာ ၁.၂၂ ဘီလီယံကတော့ ယူကရိန်း လုံခြုံရေး ကူညီမှု အစီအမံ (USAI)ကနေ ရယူမှာ ဖြစ်ပါတယ်။

USAIရဲ့ ရည်ရွယ်ချက်ကတော့ ယူကရိန်းအတွက် လိုအပ်မယ့် စစ်လက်နက်တွေကို အမေရိကန် စစ်တပ်ထဲကနေ ထုတ်ပေးတာမျိုး မဟုတ်ဘဲ အမေရိကန် ကာကွယ်ရေး ကုမ္ပဏီတွေနဲ့ မဟာမိတ် နိုင်ငံတွေဆီ ဝယ်ယူပြီး လက်လွှဲပေးဖို့ပါ။

စစ်ရေး အသုံးစရိတ် အထောက်အပံ့သစ်တွေကြောင့် ယူကရိန်းရဲ့ လေကြောင်း ကာကွယ်ရေး၊ လက်နက်ကြီး စွမ်းရည်နဲ့ တခြားအရေးပါတဲ့ လက်နက် စနစ်တွေကို ရေရှည်အတွက် ဖြည့်တင်းပေးနိုင်ဖို့ မျှော်လင့်ကြောင်း ဘိုင်ဒန်က ပြောပါတယ်။

အိမ်နီးချင်း ယူကရိန်းနိုင်ငံကို ရုရှားတပ်တွေ ကျူးကျော်ခြင်းကြောင့် စတင်ခဲ့တဲ့ စစ်ပွဲဟာ ၃ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်ပြီး အဲဒီတလျှောက် အမေရိကန်ဟာ ယူကရိန်းအတွက် ဒေါ်လာ ၁၇၅ ဘီလီယံဖိုး အထောက်အပံ့တွေ ပေးပို့ခဲ့ပြီးကြောင်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။