Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား ရဟတ်ယာဉ်ကို ယူကရိန်း ရေတပ်ဒရုန်းက ပစ်ချ

ပထမဆုံး အကြိမ်အဖြစ် ရေတပ်သုံး ဒရုန်းတစ်စီးက လေထဲ ပျံသန်းနေတဲ့ ရန်သူ့ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းက ကြေညာခဲ့ပါတယ်။

ပထမဆုံး အကြိမ်အဖြစ် ရေတပ်သုံး ဒရုန်းတစ်စီးက လေထဲ ပျံသန်းနေတဲ့ ရန်သူ့ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းက ကြေညာခဲ့ပါတယ်။

ယူကရိန်း ရေတပ် ဒရုန်းတစ်စီးဟာ ပင်လယ်နက် ရေပြင်ထက်မှာ ရုရှား ရဟတ်ယာဉ် တစ်စီးကို ပစ်ချခဲ့ပြီး တခြားတစ်စီးကိုလည်း ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ယူကရိန်း စစ်ထောက်လှမ်းရေးဌာန (GUR)က ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားထိန်းချုပ်ထားရာ ခရိုင်းမီးယား ကျွန်းဆွယ်နားက တက်ဟန်ကွတ်ခ် အငူနားမှာ ဒီဇင်ဘာ ၃၁ ရက်နေ့ မနက် အစောပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အဲဒီ တိုက်ပွဲမှာ ယူကရိန်းရဲ့ Magura V5 ရေတပ် ဒရုန်းတစ်စီးက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ကြောင့် ရုရှားရဲ့ Mi-8 ရဟတ်ယာဉ် ပျက်ကျခဲ့တာဖြစ်ကြောင်း GURက အခိုင်အမာ ပြောပါတယ်။

လေထဲမှာ ပျံသန်းနေတဲ့ ရန်သူ့ပစ်မှတ်ကို ယူကရိန်းရဲ့ ရေတပ်ဒရုန်း တစ်စီးက ပစ်ချခဲ့တယ်ဆိုတာ ပထမဆုံး အကြိမ်လည်း ဖြစ်ပါတယ်။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ GURရဲ့ ထုတ်ပြန်ချက်အပေါ် ဘာတုံ့ပြန် မှတ်ချက်မှ မပေးသေးပါဘူး။ ဒါပေမဲ့ ရုရှားရဲ့ လူသိများတဲ့ ရုရှား စစ်ရေး ဘလော့ဂါ တစ်ဦးဖြစ်တဲ့ ဗိုယန်နီ အော့စ်ဗီဒိုမီတဲလ်ကလည်း ရုရှား ရဟတ်ယာဉ်ကို ယူကရိန်း ရေတပ်ဒရုန်းက ပစ်ချခဲ့တဲ့အကြောင်းကို ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Magura V5တွေဟာ မြန်နှုန်းမြင့် မော်တော်ဘုတ်ပုံ တည်ဆောက်ထားပြီး အဝေးထိန်း စနစ်နဲ့ ရွေ့လျား လှုပ်ရှားနိုင်တဲ့ မောင်းသူမဲ့ ရေယာဉ်ငယ်တွေ ဖြစ်ပြီး တိုက်ခိုက်ရေး အတွက်ရော၊ ကင်းထောက် မစ်ရှင်တွေ အတွက်ပါ အသုံးပြုနိုင်ပါတယ်။

GURက ဒရုန်းတိုက်ခိုက်မှုမှာ ရုရှားရဲ့ Mi-8 တစ်စီး ပျက်ကျခဲ့သလို တခြားတစ်စီးလည်း ဒုံးကျည် ထိမှန်ခဲ့ပေမယ့် အခြေစိုက် စခန်းဆီ ရောက်အောင် ပျံသန်းသွားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

GURက ထုတ်ပြန်ထားတဲ့ ဒရုန်းမှတ်တမ်း ဗီဒီယိုမှာတော့ ညကြည့် ကင်မရာ မြင်ကွင်းထဲ ရဟတ်ယာဉ်ဆီ ဒုံးကျည်တွေ ပစ်ခတ်နေပုံ၊ ရဟတ်ယာဉ်က မီးကျည်တွေ ကြဲချပြီး ရှောင်တိမ်းဖို့ ကြိုးစားပုံ၊ နောက်ဆုံးမှာ ရဟတ်ယာဉ်က ရေထဲ ပျက်ကျသွားပုံတွေကို မြင်ခဲ့ရပါတယ်။

ယူကရိန်းဟာ လက်ရှိ ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမတိုင်ခင် ၂၀၁၄ ခုနှစ်မှာ ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားတပ်တွေ ကျူးကျော် သိမ်းယူခဲ့ချိန် ကတည်းက ရုရှား ရေတပ်သင်္ဘောတွေ၊ ရေတပ် အဆောက်အအုံတွေကို တိုက်ခိုက်ဖို့အတွက် ရေတပ် ဒရုန်းတွေကို အသုံးပြုနေခဲ့ပြီး ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂရိနိုင်ငံမှာ တောမီးတွေကို ငြှိမ်းသတ်ဖို့ ကြိုးစားနေတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ မီးသတ် ရဟတ်ယာဉ် ၂ စီး လေထဲမှာ တိုက်မိရာက ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။