Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား ရဟတ်ယာဉ်ကို ယူကရိန်း ရေတပ်ဒရုန်းက ပစ်ချ

ပထမဆုံး အကြိမ်အဖြစ် ရေတပ်သုံး ဒရုန်းတစ်စီးက လေထဲ ပျံသန်းနေတဲ့ ရန်သူ့ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းက ကြေညာခဲ့ပါတယ်။

ပထမဆုံး အကြိမ်အဖြစ် ရေတပ်သုံး ဒရုန်းတစ်စီးက လေထဲ ပျံသန်းနေတဲ့ ရန်သူ့ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းက ကြေညာခဲ့ပါတယ်။

ယူကရိန်း ရေတပ် ဒရုန်းတစ်စီးဟာ ပင်လယ်နက် ရေပြင်ထက်မှာ ရုရှား ရဟတ်ယာဉ် တစ်စီးကို ပစ်ချခဲ့ပြီး တခြားတစ်စီးကိုလည်း ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ယူကရိန်း စစ်ထောက်လှမ်းရေးဌာန (GUR)က ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားထိန်းချုပ်ထားရာ ခရိုင်းမီးယား ကျွန်းဆွယ်နားက တက်ဟန်ကွတ်ခ် အငူနားမှာ ဒီဇင်ဘာ ၃၁ ရက်နေ့ မနက် အစောပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အဲဒီ တိုက်ပွဲမှာ ယူကရိန်းရဲ့ Magura V5 ရေတပ် ဒရုန်းတစ်စီးက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ကြောင့် ရုရှားရဲ့ Mi-8 ရဟတ်ယာဉ် ပျက်ကျခဲ့တာဖြစ်ကြောင်း GURက အခိုင်အမာ ပြောပါတယ်။

လေထဲမှာ ပျံသန်းနေတဲ့ ရန်သူ့ပစ်မှတ်ကို ယူကရိန်းရဲ့ ရေတပ်ဒရုန်း တစ်စီးက ပစ်ချခဲ့တယ်ဆိုတာ ပထမဆုံး အကြိမ်လည်း ဖြစ်ပါတယ်။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ GURရဲ့ ထုတ်ပြန်ချက်အပေါ် ဘာတုံ့ပြန် မှတ်ချက်မှ မပေးသေးပါဘူး။ ဒါပေမဲ့ ရုရှားရဲ့ လူသိများတဲ့ ရုရှား စစ်ရေး ဘလော့ဂါ တစ်ဦးဖြစ်တဲ့ ဗိုယန်နီ အော့စ်ဗီဒိုမီတဲလ်ကလည်း ရုရှား ရဟတ်ယာဉ်ကို ယူကရိန်း ရေတပ်ဒရုန်းက ပစ်ချခဲ့တဲ့အကြောင်းကို ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Magura V5တွေဟာ မြန်နှုန်းမြင့် မော်တော်ဘုတ်ပုံ တည်ဆောက်ထားပြီး အဝေးထိန်း စနစ်နဲ့ ရွေ့လျား လှုပ်ရှားနိုင်တဲ့ မောင်းသူမဲ့ ရေယာဉ်ငယ်တွေ ဖြစ်ပြီး တိုက်ခိုက်ရေး အတွက်ရော၊ ကင်းထောက် မစ်ရှင်တွေ အတွက်ပါ အသုံးပြုနိုင်ပါတယ်။

GURက ဒရုန်းတိုက်ခိုက်မှုမှာ ရုရှားရဲ့ Mi-8 တစ်စီး ပျက်ကျခဲ့သလို တခြားတစ်စီးလည်း ဒုံးကျည် ထိမှန်ခဲ့ပေမယ့် အခြေစိုက် စခန်းဆီ ရောက်အောင် ပျံသန်းသွားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

GURက ထုတ်ပြန်ထားတဲ့ ဒရုန်းမှတ်တမ်း ဗီဒီယိုမှာတော့ ညကြည့် ကင်မရာ မြင်ကွင်းထဲ ရဟတ်ယာဉ်ဆီ ဒုံးကျည်တွေ ပစ်ခတ်နေပုံ၊ ရဟတ်ယာဉ်က မီးကျည်တွေ ကြဲချပြီး ရှောင်တိမ်းဖို့ ကြိုးစားပုံ၊ နောက်ဆုံးမှာ ရဟတ်ယာဉ်က ရေထဲ ပျက်ကျသွားပုံတွေကို မြင်ခဲ့ရပါတယ်။

ယူကရိန်းဟာ လက်ရှိ ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမတိုင်ခင် ၂၀၁၄ ခုနှစ်မှာ ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားတပ်တွေ ကျူးကျော် သိမ်းယူခဲ့ချိန် ကတည်းက ရုရှား ရေတပ်သင်္ဘောတွေ၊ ရေတပ် အဆောက်အအုံတွေကို တိုက်ခိုက်ဖို့အတွက် ရေတပ် ဒရုန်းတွေကို အသုံးပြုနေခဲ့ပြီး ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်ရေးဆိုင်ရာ ထိလွယ်ရှလွယ် နေရာတွေကို ချဉ်းကပ် ပျံသန်းလာတဲ့ ဒရုန်းတွေကို ဂျာမနီ စစ်တပ်က ပစ်ချခွင့်ပေးဖို့ အစိုးရက စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ အတွင်းပိုင်းက ပစ်မှတ်တွေကို စစ်ပွဲတလျှောက် အတိုင်းအတာ အကြီးမားဆုံး စစ်ဆင်ရေး အစီအမံမျိုးနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ယူကရိန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ဖမ်းဆီး ရမိထားတဲ့ မြောက်ကိုရီးယား စစ်သားတွေကို ရုရှားလက်ထဲက ယူကရိန်း သုံ့ပန်းတွေနဲ့ လဲလှယ်ဖို့ ဆန္ဒရှိကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကမ်းလှမ်းခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားအတွက် မျှော်လင့်မထားတဲ့ အခြေအနေ တစ်ခုအဖြစ် ယူကရိန်း တပ်တွေဟာ ရုရှားရဲ့ ကာ့စ်ခ်ဒေသထဲမှာ ထိုးစစ်ဆင် တိုက်ခိုက်မှု ဒုတိယလှိုင်းကို စတင်လာခဲ့ပါတယ်။