Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နှစ်သစ်ကူး ကြိုဆိုပွဲ အခမ်းအနားတွေ ကမ္ဘာအနှံ့မှာ ကျင်းပ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့လယ်က တိုင်းမ်စကွဲ ရင်ပြင်မှာ နှစ်သစ်ကူး ဘောလုံးကြီးကို လွှတ်ချလိုက်တာကို လူပေါင်း ၁ သန်းကျော်လောက်က စုဝေးစောင့်ကြည့်ရင်း ၂၀၂၅ ခုနှစ်ကို ကြိုဆိုခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့လယ်က တိုင်းမ်စကွဲ ရင်ပြင်မှာ နှစ်သစ်ကူး ဘောလုံးကြီးကို လွှတ်ချလိုက်တာကို လူပေါင်း ၁ သန်းကျော်လောက်က စုဝေးစောင့်ကြည့်ရင်း ၂၀၂၅ ခုနှစ်ကို ကြိုဆိုခဲ့ကြပါတယ်။

နှစ်သစ်ကူးရောက်တိုင်း နယူးယောက်မှာ အဲဒီလိုမျိုး ဘောလုံးကြီးကို ပစ်ချပြီး ကြိုဆိုခဲ့တာ အခုဆိုရင် ၁၁၄ နှစ် တိုင်ခဲ့ပါပြီ။ နယူးယောက်ရဲ့ နှစ်သစ်ကူး ကြိုဆိုပွဲမှာ ရီတာ အော်ရာနဲ့ ကယ်ရီ အန်ဒါဝုဒ်လို နာမည်ကျော် ဂီတကြယ်ပွင့်တွေကလည်း ပါဝင်အားဖြည့် ဖျော်ဖြေခဲ့ကြပါတယ်။

၂၀၂၄ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၅ နှစ်သစ်ကို ကြိုဆိုခွင့် ရခဲ့တဲ့ ကမ္ဘာ့မြို့ကြီးတွေထဲမှာတော့ နယူးဇီလန်ရဲ့ အုက္ကလန်ဟာ ပထမဆုံး ဖြစ်ခဲ့ပါတယ်။ အချိန်ဇုန် ခြားနားမှုကြောင့် နယူးယောက် မြို့သူမြို့သားတွေကတော့ အုက္ကလန်ထက် ၁၈ နာရီလောက် နောက်ကျပြီးမှသာ နှစ်သစ်ကူးကို ကြိုဆိုခွင့် ရခဲ့ကြပါတယ်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ ညသန်းခေါင်ကို လွန်မြောက်ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ဆီ ချဉ်းနင်းဝင်ရောက်တဲ့ နှစ်သစ်ကူး ကာလကို ကမ္ဘာအနှံ့မှာ ကွဲပြားတဲ့ အချိန်ဇုန်တွေအလိုက် ကြိုဆိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

တိုကျို၊ ဘေဂျင်း၊ ရှန်ဟိုင်း၊ ဂျကာတာ၊ စင်ကာပူ၊ ဆစ်ဒနီ၊ မဲလ်ဘုန်း၊ ဒေလီ၊ ဒူဘိုင်း၊ ရီယတ်ဒ်စတဲ့ အာရှနဲ့ သမုဒ္ဒရာပိုင်းဇုန်တွေကနေ လန်ဒန်၊ ပါရီ၊ ဘာလင်၊ မော်စကို၊ ရောမ၊ မီလန်စတဲ့ မြို့ကြီးတွေပါ နှစ်သစ်ကူး ကာလကို မျက်စိ ပသာဒ ဖြစ်စရာ မီးရှူးမီးပန်း ပစ်ဖောက်မှုတွေ၊ ဒရုန်း အလှပြ ပျံသန်းမှုတွေ၊ ဖျော်ဖြေပွဲတွေ၊ တခြား ပျော်ပွဲရွှင်ပွဲတွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။

တချို့နိုင်ငံတွေမှာတော့ နှစ်ဟောင်းကို နှုတ်ဆက်တဲ့ ဘာသာရေးနဲ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ကုသိုလ်ပြုပွဲတွေ လုပ်ဆောင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဥပမာ ဂျပန်မှာ အိမ်တွေနဲ့ ဘုရားကျောင်းတွေကို သန့်ရှင်းရေးလုပ်တာ၊ သီရိလင်္ကာမှာ ဗုဒ္ဓဘာသာဝင်တွေက ဘုရားကျောင်းကန်တွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေကို ဝေယျာဝစ္စအမှုတွေ ပြုတာ၊ ဆီမီးထွန်းညှိ ပူဇော်တာမျိုးတွေ ဖြစ်ပါတယ်။

ကမ္ဘာ့မြို့ကြီး အများစုမှာတော့ မီးရှူးမီးပန်း ပစ်ဖောက်ပြီး ၂၀၂၅ ခုနှစ်ကို ကြိုဆိုတဲ့ အစီအစဉ်တွေ ပြုလုပ်ခဲ့ပြီး မြို့ခံတွေ၊ ကမ္ဘာလှည့် ခရီးသည်တွေက စုဝေး စောင့်ကြည့်ခဲ့ကြပါတယ်။ ဘရာဇီး နိုင်ငံရဲ့ ရီယိုဒီဂျနေးရိုးမှာလည်း ကမ်းခြေပါတီတွေ ကြိုတင်ပြင်ဆင်ထားပြီး လူ ၂ သန်းလောက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ပဋိပက္ခ နယ်မြေတွေဖြစ်တဲ့ အရှေ့အလယ်ပိုင်းဒေသ၊ ယူကရိန်းနဲ့ ဆူဒန်တို့လို နိုင်ငံတွေမှာ စစ်ဘေးသင့် ပြည်သူတွေက နှစ်သစ်ကူးကို ပျော်ပျော်ရွှင်ရွှင် မကြိုဆိုနိုင်ကြတဲ့တိုင်အောင် နှစ်သစ်ကို ကူးပြောင်းဝင်ရောက်တဲ့ ကာလဟာ အတော်လေး ငြိမ်ငြိမ်သက်သက် အေးအေးချမ်းချမ်း ရှိနေခဲ့ပါတယ်။

တောင်ကိုရီးယားမှာတော့ နိုင်ငံသမိုင်းတလျှောက် အဆိုးဆုံး လေကြောင်းမတော်တဆမှုကြီး ဖြစ်ပွားပြီး လူ ၁၇၉ ဦး အသက်ဆုံးရှုံးခဲ့တဲ့အတွက် ဝမ်းနည်းကြေကွဲမှုကာလ သတ်မှတ် ကြေညာထားတာကြောင့် နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ အစီအစဉ်တွေကို တခမ်းတနား မလုပ်ဖြစ်တော့ပါဘူး။

ပြီးခဲ့တဲ့ လကမှ အာဏာရှင် သမ္မတ ဘာရှာ အယ်လ်အာဆတ် အစိုးရ ပြုတ်ကျထားတဲ့ ဆီးရီးယားမှာတော့ ဒမတ်စကက် မြို့တော်မှာ ပြည်သူတွေက နှစ်သစ်ကူးကို မျှော်လင့်ချက် အသစ်တွေနဲ့ ကြိုဆိုခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဇမ်ဘီယာ နိုင်ငံမှာ အရက်မူးနေတဲ့ ရဲအရာရှိ တစ်ယောက်ဟာ ဖမ်းဆီး ချုပ်နှောင်ထားသူ ၁၃ ယောက်ကို နှစ်သစ်ကူးကို ကြိုဆိုဖို့ဆိုပြီး လွှတ်ပေးလိုက်ကြောင်း သိရပါတယ်။

သတင်း

မန္တလေးမြို့မှာ နှစ်သစ်ကူးညပွဲတော်ပြုလုပ်ဖို့အတွက် စစ်ကောင်စီက လုံခြုံရေးတွေအများကြီးချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်အုပ်စုက အဓမ္မစစ်သားသစ်စု​ဆောင်းခြင်း၊​ပေါ်တာဆွဲခြင်းများကို စစ်​ကောင်စီထိန်းချုပ်​ဒေသများတွင်ပိုလုပ်​နေ​သော်လည်း ၊၎င်းတို့ပြုလုပ်​သောပျော်ပွဲရွှင်ပွဲများကိုမူ ပြည်သူများလာ​စေရန် စစ်သားသစ်စု​ဆောင်းခြင်း ၊​ပေါ်တာဆွဲခြင်းများကိုပြုလုပ်​လေ့မရှိ​ပေ ။

သတင်း

အခင်းဖြစ်တဲ့ဆိုင်ဟာ ပြည်ကြီးတံခွန်မြို့နယ် ၊ဇ ရပ်ကွက် ၊ ၁၃၃ လမ်း၊ ၆၀ ( D ) လမ်းနဲ့ ၆၀ (E) လမ်းကြားမှာရှိတဲ့ Bar Mega စားသောက်ဆိုင်ဖြစ်ပါတယ်။