Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဇမ်ဘီယာမှာ အရက်မူးနေတဲ့ ရဲက အချုပ်သားတွေကို နှစ်သစ်ကူး ကြိုဖို့ လွှတ်ပေး

ဇမ်ဘီယာ နိုင်ငံမှာ အရက်မူးနေတဲ့ ရဲအရာရှိ တစ်ယောက်ဟာ ဖမ်းဆီး ချုပ်နှောင်ထားသူ ၁၃ ယောက်ကို နှစ်သစ်ကူးကို ကြိုဆိုဖို့ဆိုပြီး လွှတ်ပေးလိုက်ကြောင်း သိရပါတယ်။

ဇမ်ဘီယာ နိုင်ငံမှာ အရက်မူးနေတဲ့ ရဲအရာရှိ တစ်ယောက်ဟာ ဖမ်းဆီး ချုပ်နှောင်ထားသူ ၁၃ ယောက်ကို နှစ်သစ်ကူးကို ကြိုဆိုဖို့ဆိုပြီး လွှတ်ပေးလိုက်ကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၃၁ ရက်နေ့ ညပိုင်းက ဖြစ်စဉ်မှာ ရဲစုံထောက် အရာရှိ တီတက်စ် ဖီရီဟာ အရက်မူးနေရာက သဘောကောင်းပြီး ရာဇဝတ်မှု သံသယ တရားခံတွေကို အချုပ်ကနေ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ မြို့တော် လူဆာကာမှာရှိတဲ့ လီယိုနက်ဒ် ချီလို ရဲစခန်းမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စအပြီး သတိပြန်ဝင်လာချိန်မှာတော့ ဖီရီကိုယ်တိုင် ထွက်ပြေး တိမ်းရှောင်နေခဲ့ပါတယ်။

ဒါပေမဲ့ ဇန်နဝါရီ ၂ ရက်နေ့မှာတော့ ဖီရီကို ရဲတွေက ပြန်လည် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ သူက အရက်မူးနေတဲ့ အချိန်မှာ အချုပ်သားတွေကို လွှတ်ပေးပြီး နှစ်သစ်ကူးမှာ သွားပျော်ကြဖို့ ခွင့်ပြုမိခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

သူလွှတ်ပေးလိုက်တဲ့ သူတွေထဲမှာ ရန်ပြုတိုက်ခိုက်မှု၊ လုယက်မှုနဲ့ ဖောက်ထွင်းမှု ကျူးလွန်သူတွေ ပါဝင်နေပါတယ်။ လောလောဆယ်မှာ ၁၃ ယောက်စလုံး လွတ်မြောက်နေဆဲဖြစ်ပြီး ရဲတွေက အပူတပြင်း လိုက်လံ ရှာဖွေနေပါတယ်။

Public Service Announcement

Public Service Announcement

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ရေးဟာမွန်ဂါက ဖီရီဟာ နှစ်သစ်ကူး အကြိုညမှာ အရက်မူးနေတဲ့နောက် အချုပ်ခန်းအစောင့် ရဲဝန်ထမ်းဆီက သော့တွေကို အတင်းအကျပ် တောင်းယူပြီး အချုပ်သားတွေကို နှစ်သစ်ကူးကို ကြိုဖို့ဆိုပြီး လွှတ်ပေးခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ စခန်းမှာ ချုပ်နှောင်ထားသူ ၁၅ ယောက်ထဲက အမျိုးသား အမျိုးသမီး ၁၃ ဦး လွတ်မြောက်သွားကြောင်း၊ သိပ်မကြာခင် ဖီရီကိုယ်တိုင်လည်း ထွက်ပြေးသွားခဲ့ကြောင်း ဟာမွန်ဂါက ပြောပါတယ်။

လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာတော့ ဒီကိစ္စဟာ ရယ်ပွဲဖွဲ့စရာ ဖြစ်နေပေမယ့် ဒီလို မှားယွင်းမှုမျိုးကနေ လူထုအတွက် အန္တရာယ်ရှိတဲ့ ရာဇဝတ်သားတွေ လွတ်မြောက်သွားနိုင်တဲ့အပေါ် စိုးရိမ်သင့်ကြောင်း ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဇမ်ဘီယာ နိုင်ငံသား တစ်ဦးဟာ ဆင်တွေလိုက်လို့ ထွက်ပြေးရာကနေ မိကျောင်းကိုက်ခံရပြီး သေဆုံးသွားကြောင်း သိရပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ နှစ်သစ်ကူးညကို နှုတ်ဆက်ဖို့ စူပါမားကတ်တွေ၊ အကင်ဆိုင်တွေ၊ အဖျော်ယမကာဆိုင်တွေမှာ လူတွေ ကြိတ်ကြိတ်တိုးခဲ့တယ်။ ပုဂံ၊ ပြင်ဦးလွင်၊ ချောင်းသာ၊ကျိုက်ထီးရိုး စတဲ့နေရာတွေလည်း ဧည့်သည်တွေ တိုးဝှေ့နေခဲ့တယ်။ စစ်ကောင်စီက လုပ်ပေးတဲ့ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲ စတိတ်ရှိူးပွဲတွေမှာလည်း လူတွေ စည်ကားခဲ့တယ်။

နိုင်ငံတကာ

၂၀၂၆ ခုနှစ် စတင် ဝင်ရောက်လာခြင်းကို ကမ္ဘာတလွှားက နိုင်ငံအသီးသီးမှာ ပြည်သူတွေက စုဝေးပြီး ကြိုဆိုခဲ့ကြပါတယ်။

နိုင်ငံတကာ

သမ္မတကို အောက်လမ်းနည်းတွေနဲ့ လုပ်ကြံဖို့ ကြိုးစားခဲ့ကြောင်း စွပ်စွဲချက်နဲ့ လူနှစ်ဦးကို ဇမ်ဘီယာ တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။