Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၂၀၂၄ နှစ်အတွင်း နော်ဝေးမှာ ရောင်းချခဲ့သမျှ အိမ်စီးကားအသစ် ၉၀ ရာခိုင်နှုန်းနီးပါးဟာ EVတွေဖြစ်လာ

ပြီးခဲ့တဲ့နှစ်တုန်းက နော်ဝေးမှာ ရောင်းချခဲ့တဲ့ အိမ်စီးကားအသစ် ၉၀ ရာခိုင်နှုန်းနီးပါးဟာ လျှပ်စစ်စွမ်းအင် အပြည့်အဝ အသုံးပြုထားတဲ့ လျှပ်စစ်ကား (EV)တွေ ဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက နော်ဝေးမှာ ရောင်းချခဲ့တဲ့ အိမ်စီးကားအသစ် ၉၀ ရာခိုင်နှုန်းနီးပါးဟာ လျှပ်စစ်စွမ်းအင် အပြည့်အဝ အသုံးပြုထားတဲ့ လျှပ်စစ်ကား (EV)တွေ ဖြစ်ကြောင်း သိရပါတယ်။

နော်ဝေးမှာ ၂၀၂၄ ခုနှစ်တုန်းက ကားအသစ် ၁၀ စီးရောင်းတိုင်း ၉ စီး၊ တစ်နည်းအားဖြင့် ၈၈.၉ ရာခိုင်နှုန်းဟာ EVတွေ ဖြစ်ခဲ့တယ်လို့ နော်ဝေး အဝေးပြေးလမ်း ဖက်ဒရေးရှင်း (OFV)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ ၂၀၂၃ ခုနှစ်တုန်းက EVရောင်းအားဟာ ကားအသစ် အားလုံးရဲ့ ၈၂.၄ ရာခိုင်နှုန်း ရှိခဲ့တဲ့ အခြေအနေကနေ သိသိသာသာ တိုးမြင့်လာတာ ဖြစ်ပါတယ်။

နော်ဝေးဟာ မော်တော်ယာဉ်တွေကနေ ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှုကို သုညမှတ်ထိ လျှော့ချဖို့ ရည်မှန်းထားပြီး အဲဒီ ပန်းတိုင်ဆီကို တစိုက်မတ်မတ် ဦးတည်နေတာ ဖြစ်ပါတယ်။ EVတွေဟာ လေထုနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ ဓာတ်ငွေ့တွေ ထုတ်လွှတ်မှု လုံးဝ မရှိပါဘူး။

၂၀၂၄ ခုနှစ်ထဲမှာ နော်ဝေး နိုင်ငံသားတွေဟာ အိမ်စီးကား ၁၂၈၆၉၁ စီး ဝယ်ယူခဲ့ပြီး အဲဒီထဲက ၁၁၄၄၀၀ စီးဟာ EVတွေလို့ ဆိုပါတယ်။ နော်ဝေး အစိုးရဟာ ၂၀၂၅ ခုနှစ်မှာတော့ ရောင်းချသမျှ ကားအသစ် ၉၅ ရာခိုင်နှုန်းကျော်လောက်ထိ EVတွေ ဖြစ်နေဖို့ ရည်မှန်းထားပါတယ်။

Public Service Announcement

Public Service Announcement

မူလက ၂၀၂၅ ခုနှစ်မှာ ကားအသစ်အားလုံး ရုပ်ကြွင်းလောင်စာ အသုံးပြုမှု မဟုတ်တဲ့ လျှပ်စစ်နဲ့ ဟိုက်ဒရိုဂျင် စွမ်းအင်သုံး အမျိုးအစားတွေ ရောင်းချနိုင်ဖို့ ရည်မှန်းထားပေမယ့် လက်တွေ့ အထမြောက်ဖို့ မသေချာတော့ကြောင်း၊ ဒါပေမဲ့ နော်ဝေးမှာ EVတွေရဲ့ အခန်းကဏ္ဍ မြန်မြန်ဆန်ဆန် ကျယ်ပြန့်လာနေတာကိုတော့ အားရကြောင်း OFVရဲ့ ညွှန်ကြားရေးမှူးချုပ် အွိုင်ဗင်း ဆိုလ်ဘက်ဂ် သွန်ဆန်က ဆိုပါတယ်။

၂၀၂၄ ခုနှစ်အတွက် နော်ဝေးက EV ဝယ်ယူမှုတွေမှာ နာမည်ကြီး အမှတ်တံဆိပ်တွေက ကြီးစိုးထားခဲ့ပြီး အမေရိကန်ရဲ့ Teslaက EVစျေးကွက် ဝေစု ၁၈.၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး ဦးဆောင် ရပ်တည်ခဲ့ပါတယ်။ Teslaရဲ့ နောက်မှာတော့ Toyota၊ Volvoနဲ့ BMWတို့က ထုတ်လုပ်တဲ့ EVတွေက အရောင်းရဆုံးအဖြစ် ရပ်တည်ခဲ့ပါတယ်။

ဒါ့အပြင် တရုတ် ကုမ္ပဏီတွေဖြစ်တဲ့ MG၊ BYD၊ Polestar၊ XPengတို့ဟာလည်း နော်ဝေး EV စျေးကွက်ထဲမှာ အခြေအနေကောင်းတွေ ပိုင်ဆိုင်လာနေပြီး ရောင်းအကောင်းဆုံး အမှတ်တံဆိပ် ၁၅ ခု စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။

နော်ဝေး အစိုးရဟာ အိမ်စီး မော်တော်ကားတွေကနေ ထုတ်လွှတ်တဲ့ လေထုညစ်ညမ်းမှု သုညအမှတ်ထိ လျှော့ချနိုင်မယ့် စီမံကိန်းကို ၂၀၁၆ မှာ အစပြုခဲ့ပြီး ၂၀၂၅ ခုနှစ်အမီ ရောင်းချသမျှ မော်တော်ကားအားလုံး ရုပ်ကြွင်းလောင်စာ အသုံးပြုမှု ကင်းမဲ့တဲ့ အခြေအနေ ရောက်ရှိဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း အစိုးရဟာ EVတွေကို ပိုမိုဝယ်ယူကြစေဖို့ တွန်းအားပေးမယ့် အခွန်လျှော့ပေါ့မှုတွေ၊ ကားပါကင်ကြေး ကင်းလွတ်ခွင့်တွေ၊ ဓာတ်အားသွင်း စင်တာတွေကို ထောက်ပံ့မှုတွေ ထိထိရောက်ရောက် လုပ်ဆောင်ပေးခဲ့ပါတယ်။

အဲဒီ အခြေအနေတွေကြောင့်ပဲ အခုအခါ နော်ဝေးဟာ EVတွေ အသုံးပြုမှုမှာ ကမ္ဘာ့ဦးဆောင် နိုင်ငံအဖြစ် ရပ်တည်နေပါပြီ။ မနှစ်က စက်တင်ဘာလတုန်းက နော်ဝေးဟာ ကမ္ဘာပေါ်မှာ ရုပ်ကြွင်းလောင်စာသုံး ကားတွေထက် EVတွေ အရေအတွက် ပိုများတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာကြောင်း OFVက ကြေညာခဲ့ဖူးပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နော်ဝေး အိမ်ရှေ့စံ ကြင်ရာတော်ရဲ့ သားဖြစ်သူဟာ မုဒိမ်းမှု စွပ်စွဲချက်တွေအတွက် ပြစ်မှုထင်ရှားတာကြောင့် ထောင်ဒဏ် ၄ နှစ် ချမှတ်ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နော်ဝေးလက်ရွေးစင်ဘောလုံးအသင်းဟာကမ္ဘာ့ဖလားပြိုင်ပွဲမှာပါဝင်ယှဉ် ပြိုင်ခွင့်ရတဲ့အမှတ်တရအဖြစ်ရှေးခေတ်ဗိုက်ကင်း စစ်သည်တွေလို ဓာတ်ပုံစုရိုက်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်း​အောင်လှိုင် ရဲ့သားနဲ့ သမီး အပါအ၀င် စစ်တပ်နဲ့ပတ်သက်သူတွေ လက်ဝါးကြီးအုပ်ထားတဲ့လျှပ်စစ်ကား(EV ကား)တင်သွင်းတာမှာအကောက်ခွန်နှုန်းကို လျှော့ချကင်းလွတ်ခွင့်ပေးလိုက်တယ်လို့ မော်တော်ယာဉ်ဈေးကွက်မှသတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယာဥ်အိုယာဥ်ဟောင်းတွေ အပ်နှံပြီး လျှပ်စစ်သုံးယာဉ်(EV) တင်သွင်းမယ့်စနစ် စတော့မယ်လို့ သိရပါတယ်။