Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရာထူးက နုတ်ထွက်မယ်လို့ ကနေဒါ ဝန်ကြီးချုပ် ကြေညာ

သတင်းတွေ ကြိုတင် ထွက်ပေါ်ခဲ့တဲ့အတိုင်း ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒူဟာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။

သတင်းတွေ ကြိုတင် ထွက်ပေါ်ခဲ့တဲ့အတိုင်း ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒူဟာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။

ဇန်နဝါရီ ၆ ရက်နေ့မှာ ထရူဒူက သူဟာ အာဏာရ လစ်ဘရယ် ပါတီနဲ့ ဝန်ကြီးချုပ် တာဝန်တွေကနေ နုတ်ထွက်တော့မယ်ဆိုတဲ့ အကြောင်းကို တရားဝင် မိန့်ခွန်းပြောကြားသွားခဲ့ပါတယ်။ ထရူဒူက လစ်ဘရယ် ပါတီရဲ့ ခေါင်းဆောင်သစ် နေရာကို ရွေးချယ် တင်မြှောက်ပြီးချိန်ထိတော့ ဝန်ကြီးချုပ်အဖြစ် ယာယီ ဆက်လက် တာဝန်ယူသွားမယ်လို့လည်း ဆိုပါတယ်။

၂၀၁၅ ခုနှစ်မှာ ဝန်ကြီးချုပ် ဖြစ်လာပြီး ကနေဒါ နိုင်ငံသမိုင်းမှာ သက်တမ်းအရှည်ဆုံး ရွေးကောက်ခံ ခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့တဲ့နောက် ထရူဒူဟာ အခုလို အခြေအနေကို လက်ခံလာရတာ ဖြစ်ပါတယ်။ သူဟာ ကိုဗစ်ကပ်ရောဂါအလွန် နိုင်ငံစီးပွားရေး ကျပ်တည်းမှုတွေနဲ့ ပတ်သက်လို့ မူဝါဒရေးရာ ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရသလို ပါတီတွင်းမှာလည်း ဆန့်ကျင်မှုတွေ မြင့်တက်လာတာကို ကြုံနေရပါတယ်။

ပြီးတော့ ထရူဒူ ဦးဆောင်တဲ့ အစိုးရ အဖွဲ့ထဲမှာပါ သဘောထားရေးရာ အကွဲအပြဲတွေ ဖြစ်နေပါတယ်။ ထရူဒူက ရာထူးက နုတ်ထွက်မယ့် ကိစ္စကို ကြေညာရင်း ကနေဒါ လွှတ်တော်ကိုလည်း မတ်လ ၂၄ ရက်နေ့ထိ ခေါ်ယူမှု ဆိုင်းငံ့သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကနေဒါဟာ လာမယ့် ရွေးကောက်ပွဲ မတိုင်ခင်မှာ ခေါင်းဆောင်နေရာနဲ့ ပတ်သက်လို့ စစ်မှန်တဲ့ ရွေးချယ်ခွင့်မျိုးကို လိုအပ်နေကြောင်း၊ အတွင်းပိုင်းမှာတင် တိုက်ခိုက်မှုတွေ ကြုံနေရတဲ့ သူလို လူပုဂ္ဂိုလ် တစ်ယောက်ကတော့ ရွေးကောက်ပွဲအတွက် အကောင်းဆုံး ရွေးချယ်မှု မဟုတ်နိုင်တော့တာ သေချာကြောင်း ထရူဒူက ဆိုပါတယ်။

လွှတ်တော် ရွှေ့ဆိုင်းမှုအရ ပါတီခေါင်းဆောင်နေရာ ရွေးကောက်မှုဟာ မေလထိ မဖြစ်နိုင်သေးတဲ့ အဓိပ္ပါယ်ပါပဲ။ ထရူဒူဟာလည်း သီတင်းပတ် တချို့ကနေ လပိုင်းလောက်ထိ ယာယီ ဝန်ကြီးချုပ် အနေနဲ့ ဆက်ရှိနေမှာပါ။ ကနေဒါ ရွေးကောက်ပွဲကိုတော့ အောက်တိုဘာလ နှောင်းပိုင်းမှာ ကျင်းပဖို့ လျာထားပါတယ်။

လူထုအမြင် စစ်တမ်းတွေအရ ပြည်သူအများစုဟာ ကိုဗစ် ကပ်ရောဂါအလွန် ကုန်စျေးနှုန်းတွေ၊ တန်ဖိုးနည်းအိမ်ရာ ပြတ်လပ်မှုတွေနဲ့ ပတ်သက်လို့ အစိုးရကို ဒေါသထွက်နေကြပြီး လစ်ဘရယ်ပါတီရဲ့ ပြိုင်ဘက် ကွန်ဆာဗေးတစ်တွေက ရွေးကောက်ပွဲမှာ သေချာပေါက် အနိုင်ရမယ့် အလားအလာတွေ တွေ့နေရပါတယ်။

အခြေအနေတွေ ယိမ်းယိုင်လာမှုနဲ့အတူ ထရူဒူဟာ အခုသီတင်းပတ်ထဲမှာ ရာထူးကနေ နုတ်ထွက်ကြောင်း ကြေညာတော့မယ်ဆိုတဲ့ သတင်းတွေလည်း ကြိုတင်ပြီး ပျံ့နှံ့နေခဲ့ပါသေးတယ်။

အသက် ၅၃ နှစ်အရွယ် ထရူဒူဟာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ ကနေဒါ ဝန်ကြီးချုပ် တာဝန်ကို ရယူခဲ့ပြီး နောက်ထပ် ရွေးကောက်ပွဲ နှစ်ကြိမ်ဆက် အနိုင်ရခဲ့ပါတယ်။ ၉ နှစ်ကျော် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ခြင်းဟာ ကနေဒါ သမိုင်းမှာတော့ သက်တမ်းအရှည်ဆုံး ရွေးကောက်ခံ ခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်စေခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

Facebook