Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယား သမ္မတကို စစ်ဆေးမယ့် တရားခွင်ဆီ သမ္မတ ရောက်မလာလို့ ရွှေ့ဆိုင်းရ

တောင်ကိုရီးယား သမ္မတကို စွပ်စွဲပြစ်တင်မှု နောက်ဆက်တွဲ တရားခွင် ပထမဆုံး ရုံးချိန်းဟာ သမ္မတက မတက်ရောက်တာကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။

တောင်ကိုရီးယား သမ္မတကို စွပ်စွဲပြစ်တင်မှု နောက်ဆက်တွဲ တရားခွင် ပထမဆုံး ရုံးချိန်းဟာ သမ္မတက မတက်ရောက်တာကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့ တရားခွင်ဟာ သမ္မတ ယွန်ဆွတ်ခ်ယောကို လက်ရှိ ရာထူးတာဝန်ကနေ ဖယ်ရှားဖို့ သင့်မသင့် ဆိုတဲ့အပေါ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးက အဆုံးအဖြတ်ပေးဖို့ ပထမဆုံး ရုံးချိန်း ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ယွန်ဟာ ဒီဇင်ဘာ ၃ ရက်နေ့တုန်းက ရုတ်တရက် ကြေညာခဲ့ပြီး သက်တမ်း ၆ နာရီကျော်သာ ကြာခဲ့တဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေး အမိန့်နဲ့ ပတ်သက်လို့ လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှုခြင်း ခံခဲ့ရသလို လတ်တလောမှာ ရာထူးက ဆိုင်းငံ့ ခံထားရပါတယ်။

အဲဒီလိုမျိုး ရာထူးက ဆိုင်းငံ့ထားတဲ့ သမ္မတကို တာဝန်ကနေ အပြီးတိုင် ရပ်စဲဖို့ သင့်မသင့် ဆိုတဲ့အပေါ် တောင်ကိုရီးယားရဲ့ အခြေခံ ဥပဒေ ခုံရုံးက ၆ လအတွင်း အဆုံးအဖြတ် ပေးရပါတယ်။

Public Service Announcement

Public Service Announcement

ယွန်ရဲ့ ရှေ့နေ အဖွဲ့က သမ္မတဟာ လုံခြုံရေး စိတ်မချရတဲ့ အခြေအနေတွေကြောင့် ပထမဆုံး တရားခွင်ကို တက်ရောက်မှာ မဟုတ်ဘူးလို့ ကြိုတင် ကြေညာထားပါတယ်။ တကယ်လည်း တရားခွင် စတင်ပြီး ယွန်ရောက်မလာတာ သေချာတဲ့နောက် မိနစ်ပိုင်း အကြာမှာပဲ တရားခွင်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ နောက်ထပ် ရုံးချိန်းတွေကိုတော့ ဇန်နဝါရီ ၁၆ ရက်နေ့၊ ၂၁ ရက်နေ့၊ ၂၃ ရက်နေ့နဲ့ ဖေဖော်ဝါရီ ၄ ရက်တွေမှာ သတ်မှတ်ထားပါတယ်။

ယွန်ရဲ့ မအောင်မြင်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုဟာ တောင်ကိုရီးယားကို ဆယ်စုနှစ် အတော်များများအတွင်း အဆိုးဆုံး နိုင်ငံရေး အရှုပ်အထွေးတွေဆီ တွန်းပို့ပေးလိုက်ပါတယ်။ သူ့ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာအမိန့်ဟာ လွှတ်တော် အမတ်တွေက ချက်ချင်း လူစုပြီး မဲခွဲဆုံးဖြတ် ကန့်ကွက်ခဲ့ခြင်းကြောင့် ပျက်ပြယ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ယွန်ရဲ့ လုပ်ရပ်ကို လွှတ်တော်မှာ တရားဝင် စွပ်စွဲပြစ်တင်ကြောင်း မဲခွဲအတည်ပြုပြီး သူ့ကို ရာထူးကနေ ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။

ယွန်ကတော့ သူ့လုပ်ရပ်နဲ့ ပတ်သက်လို့ မှားယွင်းတယ်လို့ လုံးဝ ယူဆမထားသလို အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောကြားထားပါတယ်။ သူဟာ စုံစမ်းစစ်ဆေး မေးမြန်းဖို့ ဆင့်ခေါ်မှုတွေကို တောက်လျှောက် မျက်ကွယ်ပြုခဲ့သလို ဖမ်းဝရမ်း ထုတ်မှု တစ်ခုကိုလည်း ဖီဆန်ခဲ့ပါတယ်။ ၇ ရက်သာ သက်တမ်းရှိတဲ့ ဖမ်းဝရမ်း အတောအတွင်း ယွန်ကို စုံစမ်းစစ်ဆေးရေး အရာရှိတွေက သူ့အိမ်တော်ထိ သွားရောက် ဖမ်းဆီးခဲ့ပေမယ့် သမ္မတ ကိုယ်ရံတော်တွေရဲ့ ဟန့်တားမှုကြောင့် မအောင်မြင်ခဲ့ပါဘူး။

အခြေခံ ဥပဒေ ခုံရုံးဟာ ယွန်ကို ရာထူးကနေ ဖယ်ရှားဖို့ သင့်မသင့် ဆိုတာနဲ့ ပတ်သက်ပြီး အချက်နှစ်ခုအပေါ် အဓိက ဆန်းစစ် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ အဲဒါတွေကတော့ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ လုပ်ရပ်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကနေ သွေဖယ်နေသလား ဆိုတာရယ်၊ တရားမဝင်တဲ့ လုပ်ရပ် ဖြစ်သလား ဆိုတာရယ်ပါ။ ယွန်ရဲ့ ရှေ့နေတွေကတော့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာတယ် ဆိုတာဟာ သမ္မတရဲ့ လုပ်ပိုင်ခွင့် အာဏာထဲမှာ အကျုံးဝင်တယ်လို့ ပြောကြားထားပါတယ်။

ယွန်ရဲ့ ရှေ့နေအဖွဲ့ကတော့ သမ္မတ အနေနဲ့ တရားခွင်ကို လာရောက်တဲ့ အခြေအနေတွေမှာ ရဲတွေက ဖမ်းဆီးဖို့ နောက်ထပ် အားထုတ်မှုမျိုး ရှိမလာတာ သေချာအောင် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။