Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားပိုင်နက် အတွင်းပိုင်းထိ အကြီးမားဆုံး စစ်ဆင်ရေး အစီအမံမျိုးနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ယူကရိန်းဆို

ရုရှားနိုင်ငံ အတွင်းပိုင်းက ပစ်မှတ်တွေကို စစ်ပွဲတလျှောက် အတိုင်းအတာ အကြီးမားဆုံး စစ်ဆင်ရေး အစီအမံမျိုးနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ယူကရိန်းက ကြွေးကြော်ခဲ့ပါတယ်။

ရုရှားနိုင်ငံ အတွင်းပိုင်းက ပစ်မှတ်တွေကို စစ်ပွဲတလျှောက် အတိုင်းအတာ အကြီးမားဆုံး စစ်ဆင်ရေး အစီအမံမျိုးနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ယူကရိန်းက ကြွေးကြော်ခဲ့ပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့က တိုက်ခိုက်မှုမှာ ရုရှားပိုင်နက် ပြည်နယ် တချို့ထဲက လက်နက်ရုံတွေ၊ ဓာတုပစ္စည်း စက်ရုံတွေ အပါအဝင် ပစ်မှတ် တော်တော်များများကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ယူကရိန်း ပူးပေါင်းစစ်ဆင်ရေး ဌာနချုပ်က ပြောပါတယ်။

အောင်အောင်မြင်မြင် ဖျက်ဆီးပစ်နိုင်ခဲ့တဲ့ စစ်ရေး ပစ်မှတ်တချို့ဟာ နယ်စပ်စည်းနဲ့ ကီလိုမီတာ ရာနဲ့ချီ ကွာဝေးတဲ့ ရုရှား အတွင်းပိုင်း ဒေသတွေမှာ ဖြစ်တယ်လို့လည်း ယူကရိန်းက ဆိုပါတယ်။

ယူကရိန်း စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဌာန (SBU)ရဲ့ သတင်းရင်းမြစ်တွေကတော့ အဲဒီ တိုက်ခိုက်မှုဟာ ရုရှားအတွက် အရမ်း ထိခိုက်နာကျင်တဲ့ ထိုးနှက်ချက်မျိုး ဖြစ်ခဲ့တယ်လို့ ညွှန်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားကတော့ ယူကရိန်း တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေ ဘယ်လောက် များပြားခဲ့သလဲ ဆိုတာကို တိတိကျကျ မပြောပေမယ့် အမေရိကန်လုပ် ATACMS ဒုံးကျည်တွေ၊ ဗြိတိန်လုပ် Storm Shadow ခရုစ်ဒုံးကျည်တွေ အများအပြားကို ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ကြေညာထားပါတယ်။ ပြီးတော့ ယူကရိန်းရဲ့ တိုက်ခိုက်မှုအတွက် သေချာပေါက် လက်တုံ့ပြန်မယ်လို့လည်း ရုရှားက ခြိမ်းခြောက်ထားပါတယ်။

ရန်သူ့ ဒုံးကျည် တိုက်ခိုက်မှုတွေကြောင့် ရုရှား အနောက်ပိုင်းနဲ့ အလယ်ပိုင်းမှာရှိတဲ့ လေဆိပ်တွေမှာ လေယာဉ် အဆင်းအတက်တွေကို ယာယီ ရပ်ဆိုင်းခဲ့ရသလို နိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ ဆာရာတော့ဗ် ဒေသမှာလည်း ကျောင်းတွေကို ပိတ်ခဲ့ရတယ်လို့ ရုရှားက ပြောပါတယ်။ ဆာရာတော့ဗ် ဒေသ အုပ်ချုပ်ရေး အရာရှိတွေကတော့ ဒရုန်းတွေနဲ့ အကြီးအကျယ် တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အတည်မပြုနိုင်ပေမယ့် ယူကရိန်းဟာ ဒါဇင်နဲ့ချီတဲ့ ဒုံးကျည်တွေအပြင် ဒရုန်း အစီး ၂၀၀ လောက်ကိုပါ ရုရှားပိုင်နက်ထဲ ပစ်ခတ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ယူကရိန်း ပူးပေါင်းစစ်ဆင်ရေး ဌာနချုပ်ကတော့ နယ်စပ်မှာရှိတဲ့ ရန်သူ့ မဟာဗျူဟာ ပစ်မှတ်တွေကို ထိထိရောက်ရောက် ဖျက်ဆီးနိုင်ခဲ့ရုံသာ မကဘဲ ရုရှားပိုင်နက်ထဲ ကီလိုမီတာ ၇၀၀ လောက် အကွာအဝေးထိ တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။