Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ TikTokအသုံးပြုခွင့် ရပ်နားထား

ကမ္ဘာကျော် လူမှုကွန်ရက် မီဒီယာ တစ်ခုဖြစ်တဲ့ TikTokကို အမေရိကန်မှာ အသုံးပြုလို့ မရတော့ဘူးလို့ သိရပါတယ်။

ဓါတ်ပုံ- AP

ကမ္ဘာကျော် လူမှုကွန်ရက် မီဒီယာ တစ်ခုဖြစ်တဲ့ TikTokကို အမေရိကန်မှာ အသုံးပြုလို့ မရတော့ဘူးလို့ သိရပါတယ်။

TikTokကို ပိတ်ပင်မယ့် ဥပဒေသစ်တစ်ခု စတင် အသက်မဝင်ခင် နာရီပိုင်းအလို ဇန်နဝါရီ ၁၉ ရက်နေ့မှာ အမေရိကန် တနံတလျား ဒေသအားလုံးမှာ TikTokကို ချိတ်ဆက်လို့ မရတဲ့ အခြေအနေ ဖြစ်လာခဲ့တာပါ။

အမေရိကန် နိုင်ငံသား TikTok သုံးစွဲသူတွေဟာ TikTokရဲ့ appထဲ ဝင်ရောက်တဲ့အခါ TikTokကို ပိတ်ပင်တဲ့ ဥပဒေကို စတင်ကျင့်သုံးတော့မှာ ဖြစ်တဲ့အတွက် လောလောဆယ် TikTok သုံးလို့ မရတော့ဘူးဆိုတဲ့ သတင်းစကား တစ်ခုကိုပဲ တွေ့မြင်ရပါတော့တယ်။

TikTokက သုံးစွဲသူတွေဆီ ပေးပို့ထားတဲ့ သတင်းစကားမှာတော့ အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာတဲ့ အခါကျရင် လက်ရှိ ကိစ္စကို ဖြေရှင်းပြီး TikTok ပြန်အသုံးပြုခွင့်ရရေး ညှိနှိုင်း လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားတာက ကံကောင်းတဲ့ အခြေအနေ တစ်ခုလို့ ယူဆကြောင်းလည်း ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သက်တမ်း ကုန်ဆုံးတော့မယ့် သမ္မတ ဂျိုးဘိုင်ဒန် အစိုးရက အမေရိကန်မှာ TikTokကို မပိတ်ပင်ပါဘူးလို့ အာမခံချက် မပေးရင် ဇန်နဝါရီ ၁၉ ရက်နေ့ကစလို့ အမေရိကန် နိုင်ငံအနှံ့ ဝန်ဆောင်မှု ရပ်ဆိုင်းထားမယ်လို့ ကြေညာထားပါတယ်။

သတင်းတွေအရ ထရမ့်ဟာ အိမ်ဖြူတော်ကို တကျော့ပြန် ရောက်ရှိပြီး TikTokကို အမေရိကန်မှာ ပြန်လည် လုပ်ငန်းလည်ပတ်ရေးကိစ္စ ညှိနှိုင်းခွင့်အတွက် ရက်ပေါင်း ၉၀ သတ်မှတ် အချိန်ပေးဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။

အမေရိကန်မှာတော့ သုံးစွဲသူတွေဟာ Appleနဲ့ Googleရဲ့ အွန်လိုင်း စတိုးတွေမှာ TikTok appကို ရှာမတွေ့တော့ဘဲ TikTok ဝက်ဘ်ဆိုက်ကို ဝင်ကြည့်တဲ့ အခါမှာလည်း ဗီဒီယိုတွေကို မတွေ့ရတော့ပါဘူး။

ထရမ့်က TikTokကို ပိတ်ပင် အရေးယူမှုနဲ့ ပတ်သက်ပြီး ရက်ပေါင်း ၉၀ အချိန်တိုးမြှင့် ပေးတာမျိုးက အသင့်တော်ဆုံး ရွေးချယ်မှုလို့ ယူဆကြောင်း၊ အဲဒီ ကိစ္စကို အတည်ပြု ဆုံးဖြတ်ပြီးပြီဆိုရင် သမ္မတအဖြစ် သူကျမ်းသစ္စာ ကျိန်ဆိုမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကြေညာမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

TikTokကို ပိုင်ဆိုင်တဲ့ တရုတ်အခြေစိုက် မိခင်ကုမ္ပဏီ ByteDanceက ဇန်နဝါရီ ၁၉ ရက်ထိ ကုမ္ပဏီကို လက်လွှဲရောင်းချခြင်း မရှိရင် TikTokကို ပြည်တွင်း သုံးစွဲခွင့် ပိတ်ပင်မယ်ဆိုတဲ့ ဥပဒေ မူကြမ်းကို အမေရိကန် တရားရုံးချုပ်က ဇန်နဝါရီ ၁၇ ရက်နေ့မှာ ဆက်လက် အတည်ပြုပေးခဲ့ပါတယ်။

TikTokဟာ အမေရိကန်မှာရှိတဲ့ သုံးစွဲသူ သန်း ၁၇၀ လောက်နဲ့ ပတ်သက်ပြီး လွတ်လပ်စွာ ပြောဆိုခွင့်ကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲ ခံထားရပါတယ်။

TikTokဟာ အမေရိကန်မှာ ဝန်ဆောင်မှုတွေ

မရပ်တန့်ခင် တစ်ရက်အလို ကတည်းက ဝန်ဆောင်မှုတွေ ယာယီရပ်ဆိုင်းဖို့ ဖိအားပေးခံထားရကြောင်းနဲ့ အမေရိကန်မှာ လုပ်ငန်းတွေ အမြန်ဆုံး ပြန်လည်ပတ်နိုင်အောင် ကြိုးစားလုပ်ဆောင်မှာဖြစ်ကြောင်း သုံးစွဲသူတွေဆီ သတင်းစကား messageတွေ ပေးပို့ထားခဲ့ပါတယ်။

ကိုးကား- BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။