Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန် တရားရုံးချုပ်ထဲမှာ တရားသူကြီးနှစ်ဦး လုပ်ကြံခံရ

အီရန် တရားရုံးချုပ် အဆောက်အအုံထဲမှာ နိုင်ငံရဲ့ ဝါရင့် ထိပ်တန်း တရားသူကြီး နှစ်ဦး ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အီရန် တရားရုံးချုပ် အဆောက်အအုံထဲမှာ နိုင်ငံရဲ့ ဝါရင့် ထိပ်တန်း တရားသူကြီး နှစ်ဦး ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ဇန်နဝါရီ ၁၈ ရက်နေ့က တဟီရန်မှာရှိတဲ့ တရားရုံးချုပ် အဆောက်အအုံထဲကို လူတစ်ဦးက ဝင်ရောက်လာပြီး အလီ ရာဇီနီနဲ့ မိုဟာမက် မော့ဟီဆာတို့ကို ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်း တရားသူကြီးတွေရဲ့ သက်တော်စောင့် တစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ သေနတ်သမားကတော့ ထွက်ပြေး လွတ်မြောက်သွားခဲ့ပေမယ့် တခြားနေရာ တစ်ခုမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ထားတာကို ရှာတွေ့ခဲ့ပါတယ်။

အခုလုပ်ကြံမှုရဲ့ နောက်ကွယ်က အကြောင်းရင်းကို တိတိကျကျ မသိရသေးပါဘူး။ ဒါပေမဲ့ ပစ်မှတ်ထား လုပ်ကြံခံရသူ တရားသူကြီး နှစ်ဦးဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေကစလို့ အစ္စလာမ်မစ် အီရန် အစိုးရကို ဆန့်ကျင်တဲ့ အတိုက်အခံ အင်အားစုတွေကို ဖြိုခွင်းခဲ့ရာမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူတွေလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အီရန် တရားရေး ဝန်ကြီးဌာနက အခုပစ်ခတ်မှုဟာ ကြိုတင်စီစဉ်ထားခဲ့တဲ့ လုပ်ကြံမှု တစ်ခုလို့ ဖော်ပြခဲ့ပေမယ့် အသေးစိတ်ကိုတော့ မထုတ်ပြန်ပါဘူး။

ပစ်ခတ်မှု ကျူးလွန်သူဟာ တရားရုံးချုပ် စီရင်ဆုံးဖြတ်တဲ့ အမှုအခင်း တစ်ခုခုနဲ့ ပတ်သက်တာမျိုးလည်း မရှိဘူးလို့ ယုံကြည်ရကြောင်း စုံစမ်းရေး အရာရှိတွေက ဆိုပါတယ်။ လောလောဆယ်မှာတော့ ဒီလုပ်ကြံမှုမှာ နောက်ထပ် ကြံရာပါတွေ ရှိသလား ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

သေဆုံးခဲ့တဲ့ တရားသူကြီး နှစ်ဦးလုံးဟာ အီရန်ရဲ့ တရားစီရင်ရေး ယန္တရားမှာ ဆယ်စုနှစ်တွေနဲ့ချီ ကျင်လည်ခဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ တရားရုံးချုပ် တရားသူကြီးတွေအဖြစ် တာဝန်ယူရင်း သေဒဏ် ချမှတ်မှု စီရင်ချက်တွေကိုလည်း အဆုံးအဖြတ် ပေးခဲ့ဖူးပါတယ်။

အသက် ၇၁ နှစ်အရွယ် ရာဇီနီဟာ အီရန်မှာ ဝါအရင့်ဆုံး တရားသူကြီးလို့တောင် သတ်မှတ်နိုင်ပြီး ၁၉၉၈ ခုနှစ်တုန်းက လုပ်ကြံမှု တစ်ခုနဲ့ ကြုံခဲ့ပေမယ့် လွတ်မြောက်ခဲ့ပါတယ်။ အသက် ၆၈ နှစ်အရွယ် မော့ဟီဆာကတော့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကြောင့် အမေရိကန်၊ ကနေဒါနဲ့ ဥရောပ သမဂ္ဂ (EU)တို့ရဲ့ နာမည်ပျက် စာရင်းသွင်း အရေးယူ ပိတ်ဆို့မှုကို ခံထားရသူ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။

ဆောင်းပါး

"The White Balloon ကို ခံစားခြင်း"

နိုင်ငံတကာ

သိမ်းဆည်းရမိတဲ့ အမေရိကန် မောင်းသူမဲ့ ရေငုပ်သင်္ဘော (ဒရုန်း)ကို အီရန်က နည်းပညာပိုင်း ခွဲခြမ်းလေ့လာပြီး ကိုယ်တိုင်တုပ တည်ဆောက်တာမျိုး လုပ်လာနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ကြားဖြတ် သိမ်းယူနိုင်ခဲ့တယ်ဆိုတဲ့ အမေရိကန် ဒရုန်း ရေငုပ်သင်္ဘောကို အီရန်က ထုတ်ပြခဲ့ပါတယ်။