Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယ ကျေးရွာတစ်ခုမှာ ကျန်းမာရေး ဖောက်ပြန်ပြီး လူတစ်ဒါဇင်ကျော် ပဟေဠိဆန်ဆန် သေဆုံးမှုကို စုံစမ်းနေ

ကျေးရွာတစ်ခုမှာ လူတစ်ဒါဇင်ကျော် ပဟေဠိဆန်ဆန် ကျန်းမာရေးဖောက်ပြန် သေဆုံးမှုကို အိန္ဒိယ အာဏာပိုင်တွေက စုံစမ်း စစ်ဆေးနေပါတယ်။

ကျေးရွာတစ်ခုမှာ လူတစ်ဒါဇင်ကျော် ပဟေဠိဆန်ဆန် ကျန်းမာရေးဖောက်ပြန် သေဆုံးမှုကို အိန္ဒိယ အာဏာပိုင်တွေက စုံစမ်း စစ်ဆေးနေပါတယ်။

ဂျမ်မူးနဲ့ ကက်ရှ်မီးယား ဒေသရဲ့ အိန္ဒိယ ထိန်းချုပ်ထားရာ ဇုန်ထဲက ဝေးလံသီခေါင်ရာ ဘက်ဒ်ဟာလ် ကျေးရွာလေးမှာ ထူးထူးဆန်းဆန်း လက္ခဏာမျိုး ပြသပြီး ကလေး အများစု အပါအဝင် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တာပါ။

ဒီဇင်ဘာ ၇ ရက်နေ့နောက်ပိုင်း အဲဒီလို သေဆုံးမှုတွေ စတင်လာခဲ့တာဖြစ်ပြီး ၁၂ ဦးဟာ ကလေးတွေလို့ ဆိုပါတယ်။ သေဆုံးသူတွေဟာ ပထမအဆင့်အဖြစ် အစာအဆိပ်သင့်မှုဆန်ဆန် လက္ခဏာတွေ ပြသပြီး အဲဒီနောက် ရုတ်တရက် သတိလစ်ပြီး အသက်ဆုံးရှုံးကုန်တာမျိုးပါ။

ဘယ်လို ပြဿနာမျိုး ဖြစ်ပွားနေသလဲ ဆိုတာကို လောလောဆယ် အတည်မပြုနိုင်သေးတာကြောင့် အဲဒီ ကျေးရွာကို ရောဂါထိန်းချုပ်ရေး ကန့်သတ်ဇုန်အဖြစ် ကြေညာထားပါတယ်။ ဒါပေမဲ့ လူအချင်းချင်း ကူးစက် ပျံ့နှံ့မှု လက္ခဏာမျိုး လုံးဝ မတွေ့ရသလို ကပ်ရောဂါကြီး တစ်ခုအသွင် ကျယ်ပြန့်လာမှာကို စိုးရိမ်စရာ မရှိဘူးလို့ အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒေသခံ တိုက်နယ်ဆေးရုံ ဆရာဝန် တစ်ဦးဖြစ်တဲ့ ဒေါက်တာ အေအက်စ် ဘာတီရာက ကလေး ၄ ယောက် အပါအဝင် ပထမဆုံး လူနာ ၅ ဦးဟာ အော့အန်တာ၊ ဝမ်းလျှောတာစတဲ့ အစာအဆိပ်သင့် လက္ခဏာတွေ ပြသခဲ့ကြောင်း၊ နောက်ပိုင်း လူနာတွေမှာ လည်ချောင်းနာတာ၊ အသက်ရှူကျပ်တာစတဲ့ လက္ခဏာတွေကိုပါ မြင်လာခဲ့ရကြောင်း ဆိုပါတယ်။ ပြီးတော့ လူနာ အားလုံးဟာ တူညီတဲ့ အခြေအနေအဖြစ် ရုတ်တရက် အသိကင်းမဲ့ပြီး သတိလစ်ကုန်တယ်လို့ သူက ရှင်းပြခဲ့ပါတယ်။

ဒေလီမြို့တော်မှာရှိတဲ့ ဖက်ဒရယ် အစိုးရက အခုကိစ္စကို အလေးထား စုံစမ်းဖို့အတွက် ညွှန်ကြားထားပြီး ပြည်နယ် အစိုးရက စုစည်းပေးတဲ့ အထူးအဖွဲ့ တစ်ခုဟာ ကွင်းဆင်းစစ်ဆေးမှုတွေ စတင်နေပါတယ်။ အဲဒီထဲမှာ ရောဂါဗေဒ ပညာရှင်တွေ၊ ရဲအရာရှိတွေနဲ့ တခြား ကဏ္ဍအလိုက် ကျွမ်းကျင်သူတွေ ပါဝင်ပါတယ်။

ကနဦး အထောက်အထားတွေအရ အစားအသောက်နဲ့ သောက်ရေ မသန့်တဲ့ ပြဿနာ တစ်ခုခုကြောင့် ဒီလို သေဆုံးမှုတွေ ကြုံနေတာလို့ ယူဆစရာ ဖြစ်နေပေမယ့် အတိအကျ အတည်မပြုနိုင်သေးပါဘူး။ လောလောဆယ် ရွာနားမှာ ဖြတ်သန်းစီးဆင်းတဲ့ စမ်းချောင်းတစ်ခုက ရေကို မသောက်ဖို့လည်း ရွာသားတွေကို ညွှန်ကြားထားပါတယ်။ အကြောင်းကတော့ ဓာတ်ခွဲ စစ်ဆေးရာမှာ ပိုးသတ်ဆေး ဓာတုပစ္စည်းတချို့ ရောနှောပါနေတာကို တွေ့ရှိထားလို့ပါ။ ဒါပေမဲ့ အဲဒီရေကြောင့် လူတွေသေတာလား ဆိုတာကို ဆက်ပြီး စုံစမ်းနေဆဲပါ။ သေဆုံးမှုတွေ အားလုံးဟာ ဒီဇင်ဘာ ၇ ရက်ကနေ ဇန်နဝါရီ ၁၉ ရက်အတွင်း ဖြစ်ပွားခဲ့ပြီး ဆက်စပ်မှုရှိတဲ့ မိသားစု ၃ ခုရဲ့ မိသားစုဝင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ မိသားစုတွေရဲ့ အိမ်တွေကိုလည်း လောလောဆယ် ချိပ်ပိတ်ထားပါတယ်။

လက်ရှိ အခြေအနေမှာတော့ ရွာသားအားလုံးကိုလည်း အာဏာပိုင်တွေ ထောက်ပံ့ပေးတဲ့ အစားအစာနဲ့ သောက်ရေကိုပဲ စားသောက်ဖို့ ညွှန်ကြားထားပါတယ်။ အခုဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဆေးရုံတက်ရောက် ကုသမှု ခံယူနေရသူ ၁၀ ယောက်လောက် ထပ်ရှိနေသေးပြီး ဒီဇင်ဘာ ၁၂ ရက်နေ့တုန်းက ဆေးရုံတက်ခဲ့သူတွေထဲက ၁ နှစ်သား ကလေးငယ် အပါအဝင် ၅ ယောက်ကတော့ သက်သာပြီး ဆေးရုံကနေ ပြန်ဆင်းသွားပါတယ်။ အဲဒီ သတင်းကောင်းမျိုးက ကျန်းမာရေး ဝန်ထမ်းတွေကို အားတက်စေခဲ့တယ်လို့ ဒေါက်တာ ဘာတီရာက ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။