Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေထုညစ်ညမ်းမှုတွေကို တန်ပြန်ဖို့ မီးရှို့မှုတွေကို တားမြစ်တဲ့ စည်းမျဉ်းတစ်ခု ထိုင်းထုတ်ပြန်

ဆိုးရွားလာနေတဲ့ လေထုညစ်ညမ်းမှု အခြေအနေကို တန်ပြန်ဖို့အတွက် ထိုင်းအစိုးရဟာ မီးရှို့မှုတွေကို တားဆီးတဲ့ အရေးပေါ် စည်းမျဉ်းတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

ဆိုးရွားလာနေတဲ့ လေထုညစ်ညမ်းမှု အခြေအနေကို တန်ပြန်ဖို့အတွက် ထိုင်းအစိုးရဟာ မီးရှို့မှုတွေကို တားဆီးတဲ့ အရေးပေါ် စည်းမျဉ်းတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဂျီရာယူ ဟွန်ဆက်ဘ်က အဲဒီ ပိတ်ပင်အမိန့်ဟာ ဇန်နဝါရီ ၃၀ ရက်နေ့ကနေ ဖေဖော်ဝါရီ ၃ ရက်နေ့ထိ အသက်ဝင်နေမှာ ဖြစ်ပြီး ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ ဘန်ကောက်မြို့တော် အပါအဝင် ထိုင်းနိုင်ငံရဲ့ ဒေသတချို့မှာ လေထုထဲ ဘေးဥပါဒ် ဖြစ်စေတဲ့ PM2.5 အမှုန်အမွှားတွေ ပါဝင်မှု လွန်လွန်ကဲကဲ မြင့်တက်နေတာကို တုံ့ပြန်ဖို့ ရည်ရွယ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

လေထု ညစ်ညမ်းမှု ပြဿနာရဲ့ အရင်းအမြစ်ကို တားဆီးတဲ့ အနေနဲ့ ထိုင်းအမျိုးသား သဘာဝ ဘေးအန္တရာယ် တားဆီးလျှော့ချရေး ကော်မတီဟာ စိုက်ခင်းဟောင်းတွေ မီးရှို့ ရှင်းလင်းတာ၊ အမှိုက်မီးရှို့တာမျိုး လုပ်ရပ်မှန်သမျှကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တားဆီးထားပြီး လေထုညစ်ညမ်းမှု အဆိုးဆုံး နေရာတွေမှာ ပိုမို တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမယ်လို့ ဆိုပါတယ်။

လေမသန့်မှုကြောင့် ကျန်းမာရေး ထိခိုက်မှုဒဏ်ကို ပိုမို ခံစားရနိုင်ခြေများတဲ့ ပြည်သူတွေ၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါအခံ ရှိသူတွေ၊ ကလေးတွေကို ချက်ချင်း အကူအညီ ပေးနိုင်ဖို့ ပြည်သူ့ ကျန်းမာရေး ဝန်ကြီးဌာန အနေနဲ့ အရေးပေါ် ကုသရေး အဖွဲ့တွေ ပြင်ဆင် ဖွဲ့စည်းထားဖို့လည်း အစိုးရက ညွှန်ကြားထားပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းအမျိုးသား သဘာဝ ဘေးအန္တရာယ် တားဆီးလျှော့ချရေး ကော်မတီရဲ့ အဆိုအရ လူ့ကျန်းမာရေးကို ထိခိုက်စေတဲ့ PM2.5 အမှုန်အမွှားတွေ လေထုထဲ ရောနှောပါဝင်နှုန်း အမြင့်ဆုံး နေရာတွေဟာ ချင်းရိုင်၊ လမ်ဖန်၊ ဖစ်ဆူနူလော့ခ်၊ ဆူခိုထိုင်း၊ နွန်သာဘူရီ၊ ဆာရာဘူရီ၊ ပက်ချာဘူရီ၊ နာခွန်ပသွမ်၊ ဆမွတ်ဆခွန်နဲ့ ပရာချူရပ် ခီရီခန်း ဒေသတွေမှာ ဖြစ်တယ်လို သိရပါတယ်။

ထိုင်းပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက အမှုန်အမွှား ကာကွယ်နိုင်စွမ်း မြင့်မားတဲ့ N95အဆင့် နှာခေါင်းစည်း ၁.၁ သန်းကို လူထုဆီ ဝေငှ ထောက်ပံ့ထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကျောင်းသူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သေနတ်သမား ကျောင်းသားရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၉ ဦး ရှိလာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

(၃၈)နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ဒီကနေ့ (ဩဂုတ် ၈) မနက်အစောပိုင်းမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့မှာ ရှစ်လေးလုံးထီးသပိတ် လှုပ်ရှားမှုကို ရန်ကုန်လူထုသပိတ်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။