Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်လက်ထက် ပထမဆုံးအကြိမ်အဖြစ် အမေရိကန် ရေတပ်သင်္ဘောတွေ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

အမေရိကန် သမ္မတ ရာထူးကို ဒေါ်နယ်လ်ထရမ့်က ဒုတိယ အကြိမ်မြောက် ရယူပြီးနောက်ပိုင်း ထိုင်ဝမ် ရေလက်ကြားမှာ အမေရိကန် ရေတပ်သင်္ဘောတွေ ပထမဆုံးအကြိမ် ဖြတ်သန်း ခုတ်မောင်းခဲ့ပါတယ်။

အမေရိကန် သမ္မတ ရာထူးကို ဒေါ်နယ်လ်ထရမ့်က ဒုတိယ အကြိမ်မြောက် ရယူပြီးနောက်ပိုင်း ထိုင်ဝမ် ရေလက်ကြားမှာ အမေရိကန် ရေတပ်သင်္ဘောတွေ ပထမဆုံးအကြိမ် ဖြတ်သန်း ခုတ်မောင်းခဲ့ပါတယ်။

တရုတ် အစိုးရဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေအဖြစ် ယူဆ သတ်မှတ်ထားပြီး အမေရိကန်ရဲ့ မဟာမိတ် ထိုင်ဝမ်ကတော့ သီးခြား လွတ်လပ်တဲ့ ရပ်တည်မှုမျိုးကိုသာ လိုလားနေပါတယ်။ တရုတ် ပြည်မကြီးနဲ့ ထိုင်ဝမ်ကျွန်းကို ပိုင်းခြားထားရာ ရေလက်ကြားမှာ အမေရိကန် စစ်သင်္ဘောတွေ ဖြတ်သန်း ခုတ်မောင်းမှုဟာ စိန်ခေါ်တဲ့ အပြုအမူ တစ်ခုလို့ တရုတ်ဖက်က ယူဆထားပေမယ့် အမေရိကန်ကတော့ နိုင်ငံတကာ ရေပိုင်နက်မှာ စည်းမျဉ်းတွေနဲ့အညီ ကင်းလှည့်တဲ့ သဘောသာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ထိုင်ဝမ် ရေလက်ကြားမှာ အခါအားလျော်စွာ အမေရိကန် စစ်သင်္ဘောတွေ ဖြတ်သန်းတဲ့ ကိစ္စဟာ ထိလွယ်ရှလွယ် အခြေအနေမျိုးလို့ သတ်မှတ်နိုင်ပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာတော့ အမေရိကန် ရေတပ်ရဲ့ ဖျက်သင်္ဘော Lyndon B Johnsonနဲ့ သုတေသန ရေယာဉ် Bowditchတို့ ရေလက်ကြားကို ဖြတ်မောင်းသွားခဲ့တာ ဖြစ်ပါတယ်။ တရုတ်က အဲဒီ ရေယာဉ်တွေရဲ့ လမ်းကြောင်းကို စောင့်ကြည့်ဖို့ ရေတပ်သင်္ဘောတွေ စေလွှတ်ခဲ့တယ်လို့ ပြောပါတယ်။

ထိုင်ဝမ် ရေလက်ကြားကို အမေရိကန် ရေယာဉ်တွေ စေလွှတ်တာဟာ မှားယွင်းတဲ့ အပြုအမူ တစ်ခုဖြစ်ပြီး ဒေသတွင်း လုံခြုံရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု တစ်ခုလို့ တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ် (PLA)ရဲ့ အရှေ့ပိုင်းတိုင်း စစ်ဦးစီး ဌာနချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် ရေတပ်ကတော့ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

တရုတ်ဟာ အမေရိကန် ရေတပ်ရဲ့ ဖြတ်သန်းခုတ်မောင်းမှုကို ကန့်ကွက်ခဲ့ပေမယ့် ထိုင်ဝမ် ရေလက်ကြားမှာ နေ့စဉ် စစ်ရေး လှုပ်ရှားမှုတွေကိုတော့ ပုံမှန် ပြုလုပ်လေ့ ရှိပါတယ်။ ဒါဟာ ထိုင်ဝမ်ကို ဖိအားပေးတဲ့ တရုတ်ရဲ့ အစီအမံ တစ်ခုလို့လည်း ယူဆနိုင်ပါတယ်။

ထိုင်ဝမ် သမ္မတ လိုင်ချင်တေးကတော့ ထိုင်ဝမ်ဟာ တရုတ်ပိုင်နက် ဖြစ်တယ်ဆိုတဲ့ အချက်ကို အတိအလင်း ငြင်းဆိုပြီး ထိုင်ဝမ်ရဲ့ အနာဂတ်ကို ထိုင်ဝမ် ပြည်သူတွေကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း ပြောကြားထားပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့် ပိုင်ဆိုင်တဲ့ ဂေါက်ကွင်းနားမှာ လက်နက်ကိုင်ပြီး မသင်္ကာစရာ လှုပ်ရှားနေသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း အမေရိကန် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...