Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်လက်ထက် ပထမဆုံးအကြိမ်အဖြစ် အမေရိကန် ရေတပ်သင်္ဘောတွေ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

အမေရိကန် သမ္မတ ရာထူးကို ဒေါ်နယ်လ်ထရမ့်က ဒုတိယ အကြိမ်မြောက် ရယူပြီးနောက်ပိုင်း ထိုင်ဝမ် ရေလက်ကြားမှာ အမေရိကန် ရေတပ်သင်္ဘောတွေ ပထမဆုံးအကြိမ် ဖြတ်သန်း ခုတ်မောင်းခဲ့ပါတယ်။

အမေရိကန် သမ္မတ ရာထူးကို ဒေါ်နယ်လ်ထရမ့်က ဒုတိယ အကြိမ်မြောက် ရယူပြီးနောက်ပိုင်း ထိုင်ဝမ် ရေလက်ကြားမှာ အမေရိကန် ရေတပ်သင်္ဘောတွေ ပထမဆုံးအကြိမ် ဖြတ်သန်း ခုတ်မောင်းခဲ့ပါတယ်။

တရုတ် အစိုးရဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေအဖြစ် ယူဆ သတ်မှတ်ထားပြီး အမေရိကန်ရဲ့ မဟာမိတ် ထိုင်ဝမ်ကတော့ သီးခြား လွတ်လပ်တဲ့ ရပ်တည်မှုမျိုးကိုသာ လိုလားနေပါတယ်။ တရုတ် ပြည်မကြီးနဲ့ ထိုင်ဝမ်ကျွန်းကို ပိုင်းခြားထားရာ ရေလက်ကြားမှာ အမေရိကန် စစ်သင်္ဘောတွေ ဖြတ်သန်း ခုတ်မောင်းမှုဟာ စိန်ခေါ်တဲ့ အပြုအမူ တစ်ခုလို့ တရုတ်ဖက်က ယူဆထားပေမယ့် အမေရိကန်ကတော့ နိုင်ငံတကာ ရေပိုင်နက်မှာ စည်းမျဉ်းတွေနဲ့အညီ ကင်းလှည့်တဲ့ သဘောသာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ထိုင်ဝမ် ရေလက်ကြားမှာ အခါအားလျော်စွာ အမေရိကန် စစ်သင်္ဘောတွေ ဖြတ်သန်းတဲ့ ကိစ္စဟာ ထိလွယ်ရှလွယ် အခြေအနေမျိုးလို့ သတ်မှတ်နိုင်ပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာတော့ အမေရိကန် ရေတပ်ရဲ့ ဖျက်သင်္ဘော Lyndon B Johnsonနဲ့ သုတေသန ရေယာဉ် Bowditchတို့ ရေလက်ကြားကို ဖြတ်မောင်းသွားခဲ့တာ ဖြစ်ပါတယ်။ တရုတ်က အဲဒီ ရေယာဉ်တွေရဲ့ လမ်းကြောင်းကို စောင့်ကြည့်ဖို့ ရေတပ်သင်္ဘောတွေ စေလွှတ်ခဲ့တယ်လို့ ပြောပါတယ်။

ထိုင်ဝမ် ရေလက်ကြားကို အမေရိကန် ရေယာဉ်တွေ စေလွှတ်တာဟာ မှားယွင်းတဲ့ အပြုအမူ တစ်ခုဖြစ်ပြီး ဒေသတွင်း လုံခြုံရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု တစ်ခုလို့ တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ် (PLA)ရဲ့ အရှေ့ပိုင်းတိုင်း စစ်ဦးစီး ဌာနချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် ရေတပ်ကတော့ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

တရုတ်ဟာ အမေရိကန် ရေတပ်ရဲ့ ဖြတ်သန်းခုတ်မောင်းမှုကို ကန့်ကွက်ခဲ့ပေမယ့် ထိုင်ဝမ် ရေလက်ကြားမှာ နေ့စဉ် စစ်ရေး လှုပ်ရှားမှုတွေကိုတော့ ပုံမှန် ပြုလုပ်လေ့ ရှိပါတယ်။ ဒါဟာ ထိုင်ဝမ်ကို ဖိအားပေးတဲ့ တရုတ်ရဲ့ အစီအမံ တစ်ခုလို့လည်း ယူဆနိုင်ပါတယ်။

ထိုင်ဝမ် သမ္မတ လိုင်ချင်တေးကတော့ ထိုင်ဝမ်ဟာ တရုတ်ပိုင်နက် ဖြစ်တယ်ဆိုတဲ့ အချက်ကို အတိအလင်း ငြင်းဆိုပြီး ထိုင်ဝမ်ရဲ့ အနာဂတ်ကို ထိုင်ဝမ် ပြည်သူတွေကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း ပြောကြားထားပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သက်တမ်းဝက် ရွေးကောက်ပွဲကြို ဒီမိုကရက်တစ် ပါတီအတွက် မဲဆွယ်ရာမှာ အမေရိကန် သမ္မတဟောင်း ဘာရတ် အိုဘားမားက လက်ရှိ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဝေဖန် ထိုးနှက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

BBC သတင်းဌာနကို တရားစွဲဆိုထားတဲ့ အမှုမှာ တရားရုံးရဲ့ ကြားနာမှု အစီအစဉ်တွေမှာ ပူးပေါင်းဖို့ အမေရိကန် တရားသူကြီး တစ်ဦးက သမ္မတ ဒေါ်နယ်လ်ထရမ့်ဆီ အသိပေးလိုက်ပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့ မတိုင်ခင် ထွက်ဆိုချက်ပေးဖို့ ပျက်ကွက်မယ်ဆိုရင် ထရမ့်က နစ်နာကြေး ဒေါ်လာ ၁၀...

နိုင်ငံတကာ

သူနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကြားမှာ ပုဂ္ဂိုလ်ရေး ဘာအာဃာတမှ မရှိဘူးလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ထောင်ထဲ ထည့်ထားသယောင် လှောင်ပြောင်ထားတဲ့ ပြကွက်တစ်ခုကို အီရန်နိုင်ငံရဲ့ မြို့တော်၊ တဟီရန်မှာ စီစဉ် ပြသထားခဲ့ပါတယ်။