Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေးနှစ်အတွင်း ပထမဆုံးအကြိမ် ဖခင်ရဲ့ သင်္ချိုင်းနေရာကို ကင်မ်ဂျုံအန်း သွားရောက် ဂါရဝပြု

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ ရှားပါး အခြေအနေ တစ်ခုအဖြစ် ဖခင်ဖြစ်သူရဲ့ သင်္ချိုင်းနေရာကို သွားရောက် ဂါရဝ ပြုခဲ့ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ ရှားပါး အခြေအနေ တစ်ခုအဖြစ် ဖခင်ဖြစ်သူရဲ့ သင်္ချိုင်းနေရာကို သွားရောက် ဂါရဝ ပြုခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့ဟာ နိုင်ငံခေါင်းဆောင်ဟောင်း ကင်မ်ဂျုံအီလ်ရဲ့ မွေးနေ့ဖြစ်ပြီး မြောက်ကိုရီးယားမှာတော့ အစိုးရ ရုံးပိတ်ရက် တစ်ခုအဖြစ် သတ်မှတ်ထားသလို ဂုဏ်ပြု ပွဲလမ်းသဘင်တွေ ကျင်းပလေ့ ရှိပါတယ်။ ဒါပေမဲ့ ကင်မ်က မိသားစု ဂူဗိမာန်ဖြစ်တဲ့ ကွမ်ဆူဆန် နေနန်းတော် ဂူဗိမာန်ဆီ ဖခင်ရဲ့ မွေးနေ့မှာ သွားရောက် ဂါရဝ ပြုတာဟာ ၄ နှစ်အတွင်း ပထမဆုံး အကြိမ်လို့ သိရပါတယ်။

အစိုးရပိုင် KCNA သတင်းဌာနက မိသားစု ဂူဗိမာန် နေရာဆီ ကင်မ်သွားရောက်ခဲ့တဲ့ သတင်းကို ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ အဲဒီ ဂူဗိမာန် အဆောက်အအုံထဲမှာတော့ မြောက်ကိုရီးယားရဲ့ နိုင်ငံ ခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ ကင်မ်ရဲ့ အဖိုးနဲ့ ဖခင်တို့ရဲ့ ဆေးစီရင် ထိန်းသိမ်းထားတဲ့ ရုပ်အလောင်းတွေကို ထားရှိပါတယ်။

ဖခင်ကို သွားရောက် ဂါရဝပြုတဲ့ ကင်မ်ရဲ့ ခရီးစဉ်မှာ သူ့ရဲ့ လူယုံတော် လက်ရုံးတစ်ဆူလို့ သတ်မှတ်နိုင်တဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်နဲ့ မြောက်ကိုရီးယား အာဏာရ အလုပ်သမား ပါတီရဲ့ ခေါင်းဆောင်တွေ ခြံရံ လိုက်ပါခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကွန်မြူနစ် မြောက်ကိုရီးယား နိုင်ငံကို ကင်မ်ရဲ့ အဖိုးဖြစ်သူ ကင်မ်အီလ်ဆွန်းက ဒုတိယ ကမ္ဘာစစ် အပြီးမှာ စတင် ထူထောင်ခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ နိုင်ငံ အာဏာဟာ မိသားစုဝင်တွေ အစဉ်အဆက် ချုပ်ကိုင်မှု အောက်မှာသာ ရှိနေခဲ့ပြီး မြောက်ကိုရီးယား အစိုးရ အဆက်ဆက်ကို ကင်မ်မင်းဆက်လို့တောင် တင်စား ခေါ်ဝေါ်ခဲ့ကြပါတယ်။

မြောက်ကိုရီးယား လူ့အဖွဲ့အစည်းမှာတော့ နိုင်ငံထူထောင်သူ ကင်မ်အီလ်ဆွန်းရဲ့ လောင်းရိပ်ဟာ နောက်မျိုးဆက် ခေါင်းဆောင်တွေအပေါ် ကြီးကြီးမားမား လွှမ်းမိုးခဲ့တယ်လို့ သတ်မှတ်နိုင်ပေမယ့် လက်ရှိ နိုင်ငံခေါင်းဆောင် ကင်မ်ကတော့ ဖခင်၊ အဖိုးတို့နဲ့ ခြားနားတဲ့ ကိုယ်ပိုင် ရပ်တည်မှုမျိုး ဖန်တီးနိုင်ဖို့ ပီပီပြင်ပြင် အားထုတ်နေကြောင်း လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ကိုးကား: KCNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ သမီးဟာ ဖခင်ရဲ့ အရိုက်အရာ ဆက်ခံသူ ဖြစ်လိမ့်မယ် ဆိုတာက ထင်ကြေး ယူဆချက် သက်သက်တွေထက် ပိုမို ခိုင်မာလာနေကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ပြောကြားခဲ့ပါတယ်။

သတင်း

နိုင်ငံရဲ့ နျူကလီးယားလက်နက် တည်ဆောက်မှုကို နောက်ကြောင်း ပြန်လှည့်လို့ မရတဲ့ထိ မြဲမြံခိုင်မာစေခဲ့ပြီး ဖြစ်တယ်လို့ မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ အုပ်ချုပ်ရေး မူဝါဒဆိုင်ရာ အကြီးအမှူး အရာရှိချုပ် ရာထူးမှာ ကင်မ်ဂျုံအွန်းက ပြန်လည် တင်မြှောက် ခန့်အပ် ခံခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့အလယ်မှာ မြောက်ကိုရီးယားရဲ့ ရပ်တည်မှုဟာ တစ်နေ့ပြီးတစ်နေ့ ပိုမိုခိုင်မာ ထည်ဝါလာနေတယ်လို့ အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။