Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း တွင်းထွက်သတ္တုတွေ ခွဲဝေပေးရေးကိစ္စ အမေရိကန်နဲ့ ညှိနှိုင်းမှု မူကြမ်းအဆင့် သဘောတူညီမှု ရပြီလို့ဆို

ယူကရိန်းရဲ့ တွင်းထွက်သတ္တုဆိုင်ရာ ရပိုင်ခွင့်တွေ ခွဲဝေပေးရေးဆိုင်ရာ မူကြမ်းအဆင့် သဘောတူညီမှုကို အမေရိကန်နဲ့ ညှိနှိုင်း အောင်မြင်ခဲ့ပြီးပြီလို့ ယူကရိန်း အစိုးရ အရာရှိ တစ်ဦးက ပြောပါတယ်။

ယူကရိန်းရဲ့ တွင်းထွက်သတ္တုဆိုင်ရာ ရပိုင်ခွင့်တွေ ခွဲဝေပေးရေးဆိုင်ရာ မူကြမ်းအဆင့် သဘောတူညီမှုကို အမေရိကန်နဲ့ ညှိနှိုင်း အောင်မြင်ခဲ့ပြီးပြီလို့ ယူကရိန်း အစိုးရ အရာရှိ တစ်ဦးက ပြောပါတယ်။

ညှိနှိုင်းမှုမှာ ပြင်ဆင်ပြောင်းလဲတဲ့ အချက်တချို့ ရှိခဲ့ကြောင်း၊ ဒါပေမဲ့ အပြုသဘောဆောင်တဲ့ ရလဒ်မျိုး ထွက်ပေါ်လာတယ်လို့ ပြောနိုင်ကြောင်း အဲဒီ အရာရှိက BBCကို မှတ်ချက်ပေးခဲ့ပါတယ်။ သူက အသေးစိတ် အကြောင်းအရာတွေကို ထုတ်ပြောဖို့တော့ ငြင်းဆိုသွားပါတယ်။

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာတဲ့နောက် အရင် အစိုးရ လက်ထက်က ယူကရိန်းဆီ ပေးအပ်ခဲ့တဲ့ စစ်ရေး အထောက်အပံ့တွေ အတွက်ရော၊ အနာဂတ် ထောက်ပံ့မှုတွေ ဖြစ်လာနိုင်ခြေ အလားအလာတွေ အတွက်ပါ ယူကရိန်းပိုင် သဘာဝ တွင်းထွက် ဓာတ်သတ္တု အရင်းအမြစ်တွေ တူးဖော်ရယူခွင့်ကို တောင်းဆိုခဲ့ပါတယ်။

အမေရိကန်ဟာ ဒေါ်လာ ၅၀၀ ဘီလီယံလောက် တန်ဖိုးရှိတဲ့ သတ္တုတူးဖော်ခွင့်ဆိုင်ရာ ရပိုင်ခွင့် ခွဲတမ်းတွေ ကနဦး တောင်းဆိုထားမှုကို လျှော့ပေါ့ပေးခဲ့တယ်လို့ ဖော်ပြခဲ့ပေမယ့် ယူကရိန်းဖက်က အဓိက တောင်းဆိုချက်ဖြစ်တဲ့ အနာဂတ် လုံခြုံရေး အာမခံချက် ပေးရမယ်ဆိုတဲ့ အချက်ကိုတော့ မလိုက်လျောခဲ့ဘူးလို့ သတင်းမီဒီယာ တချို့က ဖော်ပြနေပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ကတော့ သူဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံပြီး အဲဒီ ဆွေးနွေးမှု သဘောတူညီချက်ကို အခုသီတင်းပတ်ထဲမှာ လက်မှတ်ရေးထိုးဖြစ်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ထရမ့်နဲ့ ဇီလန်စကီးတို့ဟာ အပြန်အလှန် အတော်လေး ပြင်းပြင်းထန်ထန် ထိုးနှက်တဲ့ စကားတွေ ပြောခဲ့ကြပါသေးတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့တုန်းကတော့ ထရမ့်က ညှိနှိုင်းမှု သဘောတူညီချက် ရရှိပြီးပြီလို့ မပြောပေမယ့် အဲဒီ သဘောတူညီမှုကြောင့် ယူကရိန်းဟာ စစ်ပွဲကို ဆက်တိုက်နိုင်လောက်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ထရမ့်က ယူကရိန်းဟာ သိပ်ရဲရင့်ကြောင်း၊ ဒါပေမဲ့ အမေရိကန်ဆီက ငွေကြေး၊ စစ်ရေးအထောက်အပံ့တွေ ဘာမှ မရရင်တော့ စစ်ပွဲဟာ အချိန်တိုလေးအတွင်း ပြီးသွားနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ယူကရိန်းကို အမေရိကန်က စစ်လက်နက်တွေ ဆက်ပြီး ထောက်ပံ့နေဦးမလား ဆိုတာနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ မေးခွန်းကိုတော့ ထရမ့်က စစ်ရပ်ဆိုင်းရေး ကိစ္စ ရုရှားနဲ့ သဘောတူညီမှု တစ်ခုခု မရသေးသ၍ ဖြစ်နိုင်ခြေ ရှိကြောင်း၊ ဒါပေမဲ့ သဘောတူညီမှု တစ်ခုကိုတော့ ရအောင်ယူဖို့ လိုကြောင်း၊ မဟုတ်ရင်တော့ စစ်လက်နက် ထောက်ပံ့ရေးက ဆက်ရှိနေနိုင်ကြောင်း ဖြေကြားသွားပါတယ်။

ထရမ့်က လွန်ခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်း ယူကရိန်းအတွက် အမေရိကန် ပေးအပ်ခဲ့တဲ့ အထောက်အပံ့တွေအတွက် ယူကရိန်းဟာ တွင်းထွက်သတ္တုတွေ ဝေစုခွဲဝေပေးပြီး ပြန်ဆပ်သင့်တယ်လို့ ပြောခဲ့ပေမယ့် ဇီလန်စကီးကတော့ အမေရိကန်ရဲ့ တောင်းဆိုမှုဟာ အမေရိကန် ပေးခဲ့တဲ့ အထောက်အပံ့တွေထက် အများကြီး ပိုနေကြောင်း၊ သူဟာ နိုင်ငံကိုတော့ ရောင်းမစားနိုင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာတော့ ထရမ့်က သူ့မတိုင်ခင် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမေရိကန် အစိုးရဟာ ယူကရိန်းကို ဒေါ်လာ ၃၀၀ ကနေ ၃၅၀ ဘီလီယံကြား ထောက်ပံ့ခဲ့တယ်လို့ ပြောကြားသွားပါတယ်။

ယူကရိန်းဟာ တစ်ကမ္ဘာလုံးမှာ မှတ်တမ်းတင် တွေ့ရှိပြီးသား အရေးပါတဲ့ သတ္တုရိုင်း အမျိုးအစား အားလုံးရဲ့ ၅ ရာခိုင်နှုန်းလောက်ကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ အဲဒီထဲမှာ တန်ချိန် ၁၉ သန်းလောက် ရှိမယ်လို့ ခန့်မှန်းရတဲ့ ဂရာဖိုက်သတ္တုရိုင်းတွေလည်း ပါဝင်ပါတယ်။ အဲဒီ သတ္တုဟာ လျှပ်စစ်ကားတွေအတွက် ဘက်ထရီ ထုတ်လုပ်မှုမှာ အရမ်း လိုအပ်ပါတယ်။

နောက်ပြီး ဥရောပ တစ်တိုက်လုံးရဲ့ လစ်သီယမ် သတ္တုရိုင်း အားလုံးဟာ ယူကရိန်းမှာ ရှိနေပါတယ်။ လစ်သီယမ်ဟာ လက်ရှိ အသုံးများနေတဲ့ ဘက်ထရီတွေရဲ့ အဓိက ကုန်ကြမ်းဖြစ်ပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ် မစတင်ခင် လုပ်ငန်းတွေ အပြည့်အဝ လည်ပတ်နိုင်ခဲ့တဲ့ အချိန်တုန်းက ယူကရိန်းဟာ တစ်ကမ္ဘာလုံးရဲ့ တိုက်တေနီယမ် ထုတ်လုပ်မှု ၇ ရာခိုင်နှုန်းကို ခွဲတမ်းရရှိထားခဲ့ပါတယ်။ တိုက်တေနီယမ်ဟာ လေယာဉ်တွေကအစ အသေးစား အိမ်သုံးပစ္စည်းတွေအထိ ထုတ်လုပ်တည်ဆောက်မှုမှာ လိုအပ်ပါတယ်။

ယူကရိန်းမှာ REMလို့ အတိုကောက် ခေါ်ဝေါ်တဲ့ မြေရှားသတ္တုသိုက်တွေလည်း ကြွယ်ကြွယ်ဝဝ ရှိနေပါတယ်။ REM ဆိုတာဟာ သတ္တု အမျိုးအစား ၁၇ ခုကို ရည်ညွှန်း ခေါ်ဆိုတာဖြစ်ပြီး လက်နက်တွေ၊ လေအားလျှပ်စစ် တာဘိုင်တွေ၊ အီလက်ထရောနစ် ပစ္စည်းတွေ၊ ခေတ်သစ် နည်းပညာ ရပ်ဝန်းမှာ အရေးတကြီး လိုအပ်လာတဲ့ အသုံးအဆောင်တွေ ထုတ်လုပ်ရေးအတွက် အဓိက ကုန်ကြမ်းတွေ ဖြစ်ပါတယ်။

တချို့သော သတ္တုသိုက် နယ်မြေတွေကတော့ ရုရှားရဲ့ သိမ်းပိုက်ခြင်းကို ခံထားရပါတယ်။ ယူကရိန်း စီးပွားရေး ဝန်ကြီး ယူရီ ဆာဗီဒန်ကိုရဲ့ အဆိုအရ လက်ရှိ အချိန်ထိ ရုရှား ထိန်းချုပ် နယ်မြေတွေထဲမှာ ရှိနေတဲ့ သတ္တုရိုင်းတွေရဲ့ တန်ဖိုးဟာ ဒေါ်လာ ၃၅ ဘီလီယံလောက် ရှိနိုင်ကြောင်း သိရပါတယ်။

ကိုးကား – BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။