Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာလှည့် ခရီးသွားတွေ ဝင်ရောက်မှုကို ခွင့်ပြုလိုက်၊ ပိတ်ပင်လိုက် လုပ်နေတဲ့ မြောက်ကိုရီးယား

မြောက်ကိုရီးယားဟာ အနောက်နိုင်ငံတွေရဲ့ ကမ္ဘာလှည့် ခရီးသည်တွေ ဝင်ရောက်ခွင့်ကို ပြန်လည် လက်ခံခဲ့ပြီးတဲ့နောက် သီတင်းပတ် နည်းနည်း အကြာမှာ ပိတ်ပင်လိုက်ပြန်ပါတယ်။

မြောက်ကိုရီးယားဟာ အနောက်နိုင်ငံတွေရဲ့ ကမ္ဘာလှည့် ခရီးသည်တွေ ဝင်ရောက်ခွင့်ကို ပြန်လည် လက်ခံခဲ့ပြီးတဲ့နောက် သီတင်းပတ် နည်းနည်း အကြာမှာ ပိတ်ပင်လိုက်ပြန်ပါတယ်။

မြောက်ကိုရီးယားဟာ ကမ္ဘာအနှံ့မှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ အစပြုခဲ့တဲ့နောက် ၂၀၂၀ နှစ်ဆန်းပိုင်းကစလို့ နယ်စပ်တွေကို တင်းတင်းကျပ်ကျပ် ပိတ်ထားခဲ့ပါတယ်။ ၂၀၂၃ နှစ်လယ်လောက်မှသာ အဲဒီ ပိတ်ဆို့မှုကို တဖြည်းဖြည်းချင်းစီ ပြန်လည် ဖြေလျှော့ပေးခဲ့ပါတယ်။

ကမ္ဘာလှည့် ခရီးသွားတွေ တကျော့ပြန် လက်ခံရေး ကိစ္စကိုတော့ မြောက်ကိုရီးယားက သတိကြီးကြီးနဲ့ ချဉ်းကပ်ခဲ့ပြီး ၂၀၂၄ ခုနှစ်ထဲမှာ ရုရှား ခရီးသွား ဧည့်သည်တွေကို ဝင်ခွင့်ပြုခဲ့ပါတယ်။

အနောက်နိုင်ငံတွေဆီက ကမ္ဘာလှည့် ခရီးသည်တွေကိုတော့ ဖေဖော်ဝါရီ လတုန်းကမှ ပြန်လည် ပြည်ဝင်ခွင့် ပေးခဲ့ပြီး အဲဒါကလည်း ပြုံယမ်းမြို့တော်ဆီ လာရောက်ခွင့်တော့ မရှိပါဘူး။ အနောက်နိုင်ငံသား ကမ္ဘာလှည့် ခရီးသည်တွေဟာ မြောက်ကိုရီးယားနိုင်ငံ အရှေ့ဖျားက ရာဆွန် မြို့ထိပဲ သွားရောက်ခွင့် ရကြတာပါ။

Public Service Announcement

Public Service Announcement

အခုတော့ အဲဒီမြို့ကို သွားရောက်လည်ပတ်ရေး ဝန်ဆောင်မှု စီစဉ်ပေးနေတဲ့ ကုမ္ပဏီတွေက မြောက်ကိုရီးယားဟာ အကြောင်းပြချက် ဘာမှ သေချာမပေးဘဲ ခွင့်ပြုချက်ကို ပြန်ရုပ်သိမ်းသွားကြောင်း ပြောပါတယ်။ ရုပ်သိမ်းမှုဟာ အနောက်နိုင်ငံတွေ အတွက်သာ မကဘဲ တရုတ်လို နိုင်ငံမျိုးတွေ အတွက်ပါ အကျုံးဝင်ခဲ့ပါတယ်။

ပြည်ပနိုင်ငံတွေမှာရှိတဲ့ ခရီးသွား အေဂျင်စီတွေက မြောက်ကိုရီးယား မိတ်ဖက် အေဂျင်စီတွေဆီက အကြောင်းကြားမှုကို လက်ခံ ရရှိခဲ့ကြောင်း၊ ရာဆွန်ဆီ သွားရောက်ခွင့်ကို အားလုံးအတွက် ပြန်ပိတ်ထားတယ်လို့ သိရကြောင်း ကြေညာခဲ့ပါတယ်။

တရုတ် ကုမ္ပဏီ တစ်ခုဖြစ်တဲ့ KTG Toursက ရာဆွန်ကို ဧပြီလနဲ့ မေလတွေအတွင်း သွားရောက်ဖို့ စီစဉ်ထားတဲ့ ခရီးစဉ်တွေအတွက် လက်မှတ်ဖြတ်မှုတွေကို ဆိုင်းငံ့ထားမှာဖြစ်ကြောင်း၊ အခြေအနေကို စောင့်ကြည့်ပြီး နောက်ဆက်တွဲ ကြေညာချက်တွေ ထုတ်ပြန်ပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့တုန်းက အနောက်နိုင်ငံသား ကမ္ဘာလှည့် ခရီးသည် တချို့ဟာ ၅ နှစ်လောက်အတွင်း ပထမဆုံး အကြိမ်အဖြစ် ရာဆွန်ကို လာရောက်ခွင့် ရခဲ့ပါတယ်။ ခရီးသွား အေဂျင်စီတွေရဲ့ အဆိုအရ ဧည့်သည်တွေဟာ ကိုဗစ်ကာလ မတိုင်ခင်ကထက်တောင် ကျပ်တည်းတဲ့ ကန့်သတ်ချက်တွေကို ကြုံခဲ့ရပြီး မြို့ထဲက လမ်းတွေမှာ လွတ်လွတ်လပ်လပ် လျှောက်သွားတာ၊ ဒေသခံတွေနဲ့ စကားပြောတာတွေ လုပ်ခွင့် မရခဲ့ကြဘူးလို့ သိရပါတယ်။

ပြီးတော့ အထီးကျန် ရပ်တည်နေတဲ့ နိုင်ငံရဲ့ အဲဒီ အစိတ်အပိုင်းမှာ မိုဘိုင်းဖုန်း ကွန်ရက်တွေနဲ့ အင်တာနက် ချိတ်ဆက်မှုတွေလည်း ရှိမနေပါဘူး။ မြောက်ကိုရီးယားဟာ ခရီးသွား ဧည့်သည်တွေကို လွယ်လွယ်ကူကူ ထိန်းချုပ် စောင့်ကြည့်ခွင့် ရနိုင်တဲ့အတွက် ရာဆွန်ကိုပဲ သီးသန့်ရွေးချယ်ပြီး ဖွင့်လှစ်ပေးခဲ့တာ ဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိခဲ့ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက မြောက်ကိုရီးယားကို နိုင်ငံခြား ခရီးသွားဧည့်သည် ၃၅၀၀၀၀ လောက် ဝင်ရောက်ခဲ့ပြီး ၉၀ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံသားတွေလို့ သိရှိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေးကို ထူးထူးကဲကဲ မြှင့်တင်နိုင်မယ့် ရေရှည် စီမံကိန်း တစ်ခုကို တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။