Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲပြီးရင် ယူကရိန်း ငြိမ်းချမ်းရေးကို ကူညီစောင့်ရှောက်ပေးဖို့ လိုလားတဲ့ နိုင်ငံ ၂၀ လောက်ရှိနေတယ်လို့ဆို

ယူကရိန်းရဲ့ ငြိမ်းချမ်းရေးကို ကူညီ စောင့်ရှောက်ပေးဖို့ ဆန္ဒရှိတဲ့ နိုင်ငံပေါင်း ၂၀ လောက်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း ဗြိတိန် အစိုးရ အရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။

ယူကရိန်းရဲ့ ငြိမ်းချမ်းရေးကို ကူညီ စောင့်ရှောက်ပေးဖို့ ဆန္ဒရှိတဲ့ နိုင်ငံပေါင်း ၂၀ လောက်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း ဗြိတိန် အစိုးရ အရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။

အဲဒီ နိုင်ငံတွေဟာ ဆန္ဒတူညီ ညွန့်ပေါင်း အင်အားစု တစ်ခုကို စုပေါင်းဖွဲ့စည်းပြီး ရုရှားနဲ့ ယူကရိန်းတို့ အပစ်အခတ် ရပ်စဲမှု ရရှိပြီးနောက်ပိုင်း ယူကရိန်း လုံခြုံရေးကို ပူးပေါင်း ကူညီသွားဖို့ လိုလားမှု ရှိကြတယ်လို့ အဲဒီ ဗြိတိန် အရာရှိက မတ်လ ၆ ရက်နေ့မှာ မှတ်ချက် ပေးခဲ့ပါတယ်။

စိတ်ဝင်တစား ဆွေးနွေးမှုတွေ ရှိနေတဲ့ နိုင်ငံတွေရဲ့ နာမည်ကို မကြေညာပေမယ့် ဓနဿဟာယ မိတ်ဖက် နိုင်ငံတွေနဲ့ ဥရောပ နိုင်ငံတွေ အများစု ဖြစ်တယ်လို့တော့ အဲဒီ အရာရှိက ပြောကြားသွားပါတယ်။

ဗြိတိန်နဲ့ ပြင်သစ်တို့ဟာ တကယ်လို့ ရုရှားနဲ့ ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းပြီးပြီဆိုရင် ယူကရိန်းရဲ့ ငြိမ်ချမ်းရေးနဲ့ လုံခြုံရေးကို ကူညီကာကွယ်ပေးမယ့် နိုင်ငံစုံ ညွန့်ပေါင်းအင်အားစုတစ်ခု ဖွဲ့စည်းနိုင်ရေး ဦးဆောင် ကြိုးစားနေကြပါတယ်။

Public Service Announcement

Public Service Announcement

အမည်ဖော်မပြခဲ့တဲ့ ဗြိတိန် အစိုးရ အရာရှိက ဆွေးနွေးမှုတွေဟာ ကနဦး အဆင့်မှာသာ ရှိနေသေးပြီး ဘယ်နိုင်ငံတွေက ဘယ်လို နည်းလမ်းတွေနဲ့ ယူကရိန်းကို ထောက်ပံ့ ကူညီကြမလဲ ဆိုတာတွေကို ဆွေးနွေးနေဆဲ ဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။

ဆွေးနွေးမှုတွေက အပြုသဘော ဆောင်နေပေမယ့် ဘာတွေ ဘယ်လို အောင်မြင်မလဲ ဆိုတာကို ထုတ်ပြောဖို့ကတော့ အရမ်းစောလွန်းနေသေးတယ်လို့လည်း အဲဒီ အရာရှိက မှတ်ချက် ပေးသွားပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ဆာ ကီရာ စတာမာကတော့ တကယ်လို့ ယူကရိန်းဟာ ရုရှားနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု သဘောတူညီမှု တစ်ခုခု ရခဲ့ပြီးပြီဆိုရင် အဲဒီ သဘောတူညီမှုကို ကာကွယ်ဖို့အတွက် ဗြိတိန် အနေနဲ့ ယူကရိန်းမြေကို တပ်ဖွဲ့ဝင်တွေနဲ့ တိုက်လေယာဉ်တွေ စေလွှတ်ပေးဖို့ ဆုံးဖြတ်ထားတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ပြင်သစ်ကလည်း အမေရိကန်ရဲ့ ကြားဝင် ညှိနှိုင်းပေးမှုနဲ့အတူ ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေး သဘောတူညီမှု ရလဒ်တစ်ခုခု ထွက်ပေါ်လာပြီးရင် ပြင်သစ်တပ်တွေကို ယူကရိန်းဆီ စေလွှတ်ပေးဖို့ စဉ်းစားထားကြောင်း ဆိုပါတယ်။

မတ်လ ၆ ရက်နေ့မှာတော့ တူရကီကလည်း ယူကရိန်းရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်ဖို့ ဆန္ဒရှိကြောင်း အရိပ်အမြွက် ထုတ်ပြောခဲ့ပြီး အိုင်ယာလန် ဝန်ကြီးချုပ် မိုက်ကယ် မာတင်ကလည်း သူ့နိုင်ငံရဲ့ စစ်တပ်တွေဟာ အနာဂတ် ယူကရိန်းရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု မစ်ရှင်တွေအတွက် ပါဝင် ဖြန့်ကျက်ဖွယ် ရှိတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ယူကရိန်းမှာ တပ်တွေ ဖြန့်ကျက်တာမျိုး မဟုတ်ဘဲ စစ်ရေးဆိုင်ရာ သယ်ယူပို့ဆောင်မှုစတဲ့ သီးခြား အကူအညီတွေ ပေးအပ်ဖို့ ဆန္ဒရှိတဲ့ နိုင်ငံတွေလည်း ဗြိတိန်နဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ရုရှားကတော့ စစ်ပွဲပြီးသွားရင်တောင် ယူကရိန်းမှာ နိုင်ငံခြား တပ်ဖွဲ့တွေ လာရောက် တပ်စွဲထားတဲ့ အခြေအနေမျိုးကို လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ အစဉ်တစိုက် ပြောကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

ဆောင်းပါး

ရုရှားကျူးကျော်စစ်ရဲ့ နာကျင်မှုနဲ့ ဒဏ်ရာများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

Facebook