Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျောက်ကပ် ၅၆ ခု မှောင်ခို ရောင်းဝယ်ခဲ့သူ အမျိုးသမီး ပိုလန်မှာ အဖမ်းခံရ

လူ့ကျောက်ကပ် ၅၆ ခုကို မှောင်ခို ရောင်းဝယ်ခဲ့ကြောင်း စွပ်စွဲခံထားရသူ ယူကရိန်း အမျိုးသမီး တစ်ဦးကို ပိုလန် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

လူ့ကျောက်ကပ် ၅၆ ခုကို မှောင်ခို ရောင်းဝယ်ခဲ့ကြောင်း စွပ်စွဲခံထားရသူ ယူကရိန်း အမျိုးသမီး တစ်ဦးကို ပိုလန် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ပိုလန်ရဲ့ ပုဂ္ဂိုလ်ရေး လုံခြုံခွင့်ဆိုင်ရာ အကာအကွယ် ဥပဒေတွေအရ နာမည် အပြည့်အဝ မထုတ်ပြန်ဘဲ ကဆာနီရာလို့သာ နာမည် ဖော်ပြထားတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးကို မတ်လ ၁၁ ရက်နေ့က ယူကရိန်းနဲ့ ပိုလန်နယ်စပ်၊ ရထားလမ်း တစ်နေရာမှာ ဖမ်းမိခဲ့တာလို့ သိရပါတယ်။

အဲဒီ အမျိုးသမီးဟာ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်း မှောင်ခိုရောင်းဝယ်မှု ဒုစရိုက်ဂိုဏ်းတွေနဲ့ ဆက်နွှယ်နေတာကြောင့် ကာဇက်စတန်မှာ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဒါပေမဲ့ သူဟာ ဘယ်တုန်းက ထောင်ဒဏ် ချမှတ်ခံရတာလဲ ဆိုတာနဲ့ ဘာကြောင့် ကာဇက်စတန် အကျဉ်းထောင်ထဲမှာ မရှိဘဲ ယူကရိန်း-ပိုလန် နယ်စပ်ကို ရောက်နေရသလဲ ဆိုတာတွေကိုတော့ ပိုလန် အာဏာပိုင်တွေက ရှင်းရှင်းလင်းလင်း မပြောကြားခဲ့ပါဘူး။

ကဆာနီရာဟာ နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)ရဲ့ အလိုအရှိဆုံး တရားခံပြေးတွေ စာရင်းမှာ ၂၀၂၀ ပြည့်နှစ်ကတည်းက ပါဝင်နေခဲ့တယ်လို့ ပိုလန်နိုင်ငံ၊ ပရက်မိုင်ဆဲလ် ဒေသဆိုင်ရာ ရှေ့နေချုပ်ရုံး ပြောရေးဆိုခွင့်ရ အမျိုးသမီး မာတာ ပက်ကော်စကာက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကဆာနီရာဟာ ၂၀၁၇ ကနေ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတချို့ကို လှည့်လည်သွားလာရင်း ကိုယ်အင်္ဂါ အစိတ်အပိုင်း မှောင်ခို ရောင်းဝယ်မှုတွေ ကျူးလွန်ခဲ့တဲ့ ဒုစရိုက်ဂိုဏ်း တစ်ခုမှာ အစိတ်အပိုင်း အနေနဲ့ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဂိုဏ်းဟာ ကျောက်ကပ်နဲ့ တခြား လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို တရားမဝင် နည်းလမ်းတွေနဲ့ ရယူပြီး မှောင်ခိုစျေးကွက်မှာ ရောင်းစားခဲ့တယ်လို့ ပိုလန် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဆိုပါတယ်။

အဲဒီအမျိုးသမီးဟာ ကာဇက်စတန်၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ယူကရိန်း၊ ကာဂျစ္စတန်၊ တာဂျစ္စတန်၊ ဥဇဘက်ကစ္စတန်နဲ့ ထိုင်းနိုင်ငံသားတွေ အပါအဝင် လူ ၅၆ ယောက်ဆီက ကျောက်ကပ်တွေကို တရားမဝင် နည်းလမ်းတွေနဲ့ ရယူခဲ့ကြောင်း၊ အဲဒီ ဒုစရိုက် လုပ်ငန်းကနေ ငွေကြေး အများအပြားလည်း ရရှိခဲ့တယ်လို့ ကာဇက်စတန် တရားရုံး မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ပိုလန် ရှေ့နေချုပ်ရုံးဟာ ကဆာနီရာကို တရားရုံး ရမန်နဲ့ ယာယီ ချုပ်နှောင်ထားပြီး ကာဇက်စတန်နိုင်ငံဆီ ပြန်လွှဲပြောင်းဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ