Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံရဲ့ ပထမဆုံး ကာစီနိုရုံတွေ ဖွင့်လှစ်မယ့် နယ်မြေ လေးခုကို ထိုင်းရွေးချယ်

ကမ္ဘာလှည့် ခရီးသွားတွေ စည်ကားရာ နယ်မြေလေးခုမှာ နိုင်ငံရဲ့ တရားဝင် ကာစီနိုရုံတွေ ဖွင့်လှစ်သွားမယ်လို့ ထိုင်းအစိုးရက ကြေညာခဲ့ပါတယ်။

ကမ္ဘာလှည့် ခရီးသွားတွေ စည်ကားရာ နယ်မြေလေးခုမှာ နိုင်ငံရဲ့ တရားဝင် ကာစီနိုရုံတွေ ဖွင့်လှစ်သွားမယ်လို့ ထိုင်းအစိုးရက ကြေညာခဲ့ပါတယ်။

ထိုင်းအစိုးရက အဲဒီ ကြေညာချက်မှာ ကာစီနိုရုံတွေ ပါဝင်တဲ့ ဖျော်ဖြေရေး ရပ်ဝန်းတွေ ထူထောင်မယ်လို့ သုံးနှုန်းထားခဲ့ပါတယ်။ အဲဒီ ကာစီနို ဖျော်ဖြေရေး ဇုန်နေရာတွေကို ဘန်ကောက်၊ ချောင်ဘူရီ၊ ချင်းမိုင်နဲ့ ဖူးခက်တို့မှာ စတင် တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။

ကမ္ဘာလှည့် ခရီးသွားတွေ ထူထပ်တဲ့ နေရာတွေ ဖြစ်တာကြောင့်လည်း အဲဒီ လေးနေရာကို ရွေးချယ်ဖြစ်ခဲ့တာလို့ ဖျော်ဖြေရေး ရပ်ဝန်းများ ထူထောင်ရေး ပရောဂျက်ရဲ့ ဒုတိယ ဥက္ကဋ္ဌ နစ်ခွမ် ဘွန်ဝီဆက်က မတ်လ ၁၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ထိုင်းအစိုးရက ပြည်တွင်းမှာ လောင်းကစားနဲ့ ကာစီနို လုပ်ငန်းတွေကို တရားဝင် ခွင့်ပြုပေးဖို့ လက်ခံခဲ့ပြီး နှစ်လ အကြာမှာ အခုလိုမျိုး နေရာရွေးချယ် သတ်မှတ်တဲ့ အဆင့်ကို ရောက်လာတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းနိုင်ငံမှာ လောင်းကစားမှု ပုံစံ အားလုံးနီးပါးဟာ တရားမဝင်ပေမယ့် နေရာအနှံ့မှာ တရားမဝင် လောင်းကစားမှုတွေကို အမျိုးမျိုး တွေ့မြင်နေရပါတယ်။ အစိုးရက ထိန်းချုပ်ထားတဲ့ မြင်းပွဲတွေနဲ့ ထီတွေကိုတော့ တရားဝင် ခွင့်ပြုထားပါတယ်။

နစ်ခွမ်က ဖျော်ဖြေရေး ဇုန်တွေအတွက် ဘတ် ၅၀၀ ဘီလီယံ၊ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံလောက် အသုံးပြုမယ့် ပရောဂျက်တွေ လျာထားပြီး နှစ်စဉ် ဧည့်သည်ပေါင်း သန်း ၅၀ လောက်ကို ဆွဲဆောင်နိုင်ဖို့နဲ့ လူပေါင်း ၄၀၀၀၀ ကျော်လောက်ကို အလုပ်နေရာ ဖန်တီးပေးနိုင်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ဖျော်ဖြေရေး ဇုန်နေရာတွေမှာ ကာစီနိုရုံတွေ ထည့်သွင်းထားမှာ ဖြစ်ပေမယ့် ဇုန်တစ်ခုစီရဲ့ ၁၀ ရာခိုင်နှုန်းထက် မပိုတဲ့ ဧရိယာကိုသာ ကန့်သတ် ခွင့်ပြုမှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ အဲဒီဇုန်တွေမှာ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်၊ စျေးဝယ်စင်တာ၊ အပန်းဖြေ ဥယျာဉ်၊ အားကစားရုံ၊ ပြတိုက်နဲ့ ခရီးသွား ဧည့်သည်တွေကို ဆွဲဆောင်နိုင်မယ့် တခြား အဆောက်အအုံတွေပါ ထည့်သွင်း တည်ဆောက်သွားမယ်လို့လည်း နစ်ခွမ်က ပြောကြားသွားပါတယ်။

ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထ်က ပြည်တွင်းမှာ ကာစီနိုတွေနဲ့ လောင်းကစားဝိုင်းတွေကို တရားဝင် လိုင်စင်ယူ လည်ပတ်ခွင့် ပြုလိုက်ခြင်းဟာ နိုင်ငံဝင်ငွေကို တိုးလာစေလိမ့်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒီအစီအမံကို ကန့်ကွက်သူတွေကတော့ လက်ရှိ အဆိုပြုထားတဲ့ ဥပဒေတွေဟာ ထိုင်းလူငယ်တွေကို လောင်းကစား စွဲလမ်းသွားစေတဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ ထိရောက်တဲ့ အစီအမံတွေ မရှိဘူးလို့ ဝေဖန်ထားကြပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆွန်ခရန် ပွဲတော်ကာလအတွင်း ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့် ခရီးသွားနဲ့ ဆက်စပ် လုပ်ငန်းတွေကနေ ဝင်ငွေ ဒေါ်လာ ၁ ဘီလီယံ နီးပါးထိ ရရှိဖို့ ခန့်မှန်းထားပါတယ်။

သတင်း

ထိုင်းအစိုးရက မြန်မာစစ်အုပ်စုရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့နဲ့ ပြင်းပြင်းထန်ထန်ရှုတ်ချဖို့ ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေက တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ထိုင်းရဲ့ ကမ္ဘာလှည့် ခရီးသွား ကဏ္ဍအပေါ် နိုင်ငံခြားသား ဧည့်သည်တွေရဲ့ ယုံကြည်မှုဟာ စိုးရိမ်စရာ ကောင်းလောက်အောင် ဆက်တိုက် ကျဆင်းနေတယ်လို့ ထိုင်းကမ္ဘာလှည့် ခရီးသွား ကောင်စီက သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

အစိုးရ ဘဏ္ဍာငွေတွေကို နစ်နာ ဆုံးရှုံးစေခဲ့တဲ့အတွက် ဒေါ်လာ သန်း ၃၀၀ ကျော် ပြန်လျော်ဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက်ခ် ရှီနာဝတ်ထ်ကို ထိုင်းတရားရုံး တစ်ခုက မျက်ကွယ်မှာ အမိန့်ချမှတ်ခဲ့ပါတယ်။