Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆွန်ခရန်ပွဲတော်ကနေ ဝင်ငွေ ဒေါ်လာ ၁ ဘီလီယံနီးပါး ရရှိဖို့ ထိုင်းမျှော်လင့်

ဆွန်ခရန် ပွဲတော်ကာလအတွင်း ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့် ခရီးသွားနဲ့ ဆက်စပ် လုပ်ငန်းတွေကနေ ဝင်ငွေ ဒေါ်လာ ၁ ဘီလီယံ နီးပါးထိ ရရှိဖို့ ခန့်မှန်းထားပါတယ်။

ဆွန်ခရန် ပွဲတော်ကာလအတွင်း ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့် ခရီးသွားနဲ့ ဆက်စပ် လုပ်ငန်းတွေကနေ ဝင်ငွေ ဒေါ်လာ ၁ ဘီလီယံ နီးပါးထိ ရရှိဖို့ ခန့်မှန်းထားပါတယ်။

ထိုင်းရဲ့ အထင်ကရ ရေသဘင် ပွဲတော်ဖြစ်တဲ့ ဆွန်ခရန် မစတင်ခင် ကတည်းက ထိုင်းနိုင်ငံကို ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှုနဲ့ နိုင်ငံခြားသား ဧည့်သည်တွေရဲ့ ငွေကြေးသုံးစွဲမှုဟာ သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ အခုနှစ် ဆွန်ခရန်ပွဲတော် ပြီးဆုံးချိန်မှာ ရရှိမယ့် ဝင်ငွေဟာ မနှစ်က ပမာဏကို ကျော်လွန်မယ်လို့လည်း အာဏာပိုင်တွေက မျှော်လင့်နေပါတယ်။

ဧပြီ ၁၂ ရက်နေ့ထိ ဆွန်ခရန်ပွဲတော်အကြို ပျော်ပွဲရွှင်ပွဲတွေ ကျင်းပတဲ့ နေရာပေါင်း ၆ ခုမှာ ဧည့်သည် ၅၅၈၀၀၀ ကျော် စုဝေး ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။ ဘန်ကောက်ရဲ့ Siam Squareမှာ ကျင်းပခဲ့တဲ့ ပျော်ပွဲရွှင်ပွဲတွေကိုတော့ အဲဒီနေ့ထိ လူပေါင်း ၁၈၃၅၀၀ လောက်ထိ ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ ဘန်ကောက်မှာတင် နေရာအနှံ့ ဆွန်ခရန် ပျော်ပွဲရွှင်ပွဲတွေ ကျင်းပတဲ့ အစီအစဉ် ၉၀ လောက်ထိ များပြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစိုးရက အခုနှစ် ဆွန်ခရန် ပွဲတော်ကနေ ဝင်ငွေ ဘတ် ၃၀.၄ ဘီလီယံ၊ တစ်နည်းအားဖြင့် ဒေါ်လာ သန်းပေါင်း ၉၅၀ လောက် ရရှိမယ်လို့ မျှော်လင့်ထားပါတယ်။ ဒါဟာ မနှစ်က အလားတူ ပမာဏထက် ၆ ရာခိုင်နှုန်း ပိုတိုးလာမယ့် ကိန်းဂဏန်း ဖြစ်ပါတယ်။

ဆွန်ခရန် ပွဲတော်ကာလအတွင်း နိုင်ငံတကာ ကမ္ဘာလှည့် ခရီးသည် ၅ သိန်းကျော်လောက် ဝင်ရောက်လာမယ်လို့ ကမ္ဘာလှည့် ခရီးသွား အေဂျင်စီတွေက ခန့်မှန်းထားပြီး ဒါဟာ မနှစ်ကထက် ၄ ရာခိုင်နှုန်းလောက် တိုးလာမယ့် အတိုင်းအတာပါ။

ဆွန်ခရန် ပွဲတော် ပိတ်ရက်အတွင်း ထိုင်းနိုင်ငံသားတွေ အပျော်ခရီး ထွက်ဖို့ ဘိုကင်တွေ လုပ်ထားကြတဲ့ အရေအတွက်ဟာလည်း ၆ သန်းနီးပါးထိ ရောက်ရှိလာဖွယ် ရှိနေပါတယ်။

ထိုင်းတောင်ပိုင်းမှာရှိတဲ့ ကမ္ဘာလှည့် အပန်းဖြေဇုန် တစ်ခုအဖြစ် နာမည်ကျော်တဲ့ ဖူးခက်မှာတော့ ခရီးသွားဧည့်သည် ၁ သိန်းခွဲ နီးပါးလောက် ဝင်ရောက်လာပြီး ဘတ် ၄ ဘီလီယံကျော်လောက် ဝင်ငွေ တိုးလာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

ထိုင်းအရှေ့ပိုင်းက ချောင်ဘူယီနဲ့ ပတ္တယားတို့လို ဒေသတွေမှာလည်း ဆွန်ခရန်နဲ့ ဆက်စပ်တဲ့ ပျော်ပွဲရွှင်ပွဲတွေကို ဧပြီလကုန်ထိ ကျင်းပသွားဖို့ ရည်ရွယ်ထားပြီး မြောက်ပိုင်းမှာရှိတဲ့ ချင်းမိုင်လို ဒေသတွေမှာလည်း ရိုးရာ ပွဲလမ်းသဘင် အခမ်းအနားတွေ စည်စည်ကားကား ပြုလုပ်နေကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

ကိုးကား: Bloomberg
ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

လူသိထင်ရှား တရုတ် အနုပညာ ကြယ်ပွင့် တစ်ဦးကို တွေ့ခွင့်ရဖို့ ကြိုးစားတဲ့ တရုတ် ပရိသတ် အဖွဲ့တစ်ဖွဲ့ကို လေယာဉ်ပေါ် ပေးမတက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်က ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။