Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်ကနေ နှင်ထုတ်ခံရမယ့် တောင်အာဖရိက သံအမတ်

အမေရိကန် နိုင်ငံဆိုင်ရာ တောင်အာဖရိက သံအမတ်ကြီးကို နှင်ထုတ်တော့မယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက လူမှုကွန်ရက်ပေါ်ကနေ အတည်ပြုခဲ့ပါတယ်။

AP Photo

အမေရိကန် နိုင်ငံဆိုင်ရာ တောင်အာဖရိက သံအမတ်ကြီးကို နှင်ထုတ်တော့မယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက လူမှုကွန်ရက်ပေါ်ကနေ အတည်ပြုခဲ့ပါတယ်။

Xမှာ ရေးသားထားတဲ့ ပို့စ်မှာတော့ ရူဘီရိုက ဝါရှင်တန် ဒီစီမှာ တာဝန်ထမ်းဆောင်နေခဲ့တဲ့ တောင်အာဖရိက သံအမတ်ကြီး အီဘရာဟင်မ် ရာဆူးလ်ကို ခမ်းနားတင့်တယ်တဲ့ အမေရိကန် နိုင်ငံက ဆက်ပြီး ကြိုဆို လက်ခံထားတော့မှာ မဟုတ်ဘူးလို့ ဖော်ပြထားခဲ့ပါတယ်။

ရာဆူးလ်ဟာ အမေရိကန် ပြည်ထောင်စုနဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို မုန်းတီးသူ တစ်ယောက်လို့လည်း ရူဘီရိုက စွပ်စွဲခဲ့ပြီး နိုင်ငံရေး အမြတ်ထုတ်ဖို့ လူမျိုးရေး မီးမွှေးတတ်တဲ့ နိုင်ငံရေးသမား တစ်ယောက်လို့ပါ သုံးနှုန်း ဝေဖန်သွားပါတယ်။ အမေရိကန် အစိုးရဟာ ရာဆူးလ်နဲ့ တွေ့ဆုံ ဆွေးနွေးနေစရာ အကြောင်းပြချက် ဘာမှ မရှိတော့ဘူးလို့လည်း ရူဘီရိုက ဆိုပါတယ်။

အမေရိကန်နဲ့ တောင်အာဖရိကကြား ဆက်ဆံရေး ပိုမိုအေးခဲလာနေတဲ့ လက်ရှိ ကာလမှာ အမေရိကန်ဖက်က အခုလိုမျိုး သဘောထား တင်းမာတဲ့ ခြေလှမ်းတစ်ခုကို စတင်လာခဲ့တာ ဖြစ်ပါတယ်။ ဝါရှင်တန် ဒီစီမှာ ရှိနေတဲ့ တောင်အာဖရိက သံရုံးကတော့ လက်ရှိ အခြေအနေအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

Public Service Announcement

Public Service Announcement

မကြာသေးခင်က အွန်လိုင်းကနေ သင်ကြားပို့ချမှု အစီအစဉ် တစ်ခုမှာ ရာဆူးလ်က ထရမ့်နဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့တဲ့နောက် ရူဘီရိုဖက်က အခုလို ပြင်းပြင်းထန်ထန် တုံ့ပြန်လာတာလို့ ယုံကြည်ရပါတယ်။

ထရမ့်ဟာ တစ်ဦးတည်း အာဏာချုပ်ကိုင်တဲ့ မူဝါဒမျိုးကို လက်ကိုင်ပြုပြီး တခြားသော လုပ်ပိုင်ခွင့် မျှဝေထားတဲ့ အရာရှိတွေ၊ ရာထူးလက်ကိုင် ရှိသူတွေကို ရန်လို ထိုးနှက်နေကြောင်း၊ ဒီလုပ်ရပ်ကို ပြည်တွင်းမှာရော၊ ပြည်ပမှာပါ တွေ့နိုင်ကြောင်း ရာဆူးလ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သိပ်မကြာခင်မှာပဲ ရူဘီရိုက ရာဆူးလ်ဟာ အမေရိကန်အတွက် ‘Persona non grata’ဖြစ်တယ်လို့ ကြေညာခဲ့တာပါ။ အဲဒီစကားလုံးဟာ လက်တင် ဝေါဟာရဖြစ်ပြီး သံတမန် အသိုက်အဝန်းမှာတော့ ‘အလိုမရှိတော့သူ’လို့ နားလည်ကြပါတယ်။

အမေရိကန်မှာ ထရမ့် သမ္မတ ဖြစ်လာကတည်းက တောင်အာဖရိကနဲ့ ဆက်ဆံရေးဟာ ပိုမို တင်းမာ အေးခဲလာနေပြီး ဖေဖော်ဝါရီလထဲမှာ ထရမ့်က တောင်အာဖရိကအတွက် ပေးပို့နေတဲ့ အကူအညီ အားလုံး ရပ်စဲထားဖို့ အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။