Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစိုးရထဲမှာ စစ်တပ်ကို ပိုပြီး နေရာပေးမယ့် ဥပဒေ အပြောင်းအလဲကို အင်ဒိုနီးရှား ပြည်သူတွေ ဆန္ဒပြ

အရပ်ဖက် အစိုးရထဲမှာ စစ်တပ်ရဲ့ နေရာယူနိုင်ခွင့်တွေကို ပိုမို ချဲ့ထွင်ပေးမယ့် ဥပဒေသစ်အပေါ် အင်ဒိုနီးရှား နိုင်ငံမှာ ဆန့်ကျင် ဝေဖန်မှုတွေ မြင့်တက်နေခဲ့ပါတယ်။

Reuters

အရပ်ဖက် အစိုးရထဲမှာ စစ်တပ်ရဲ့ နေရာယူနိုင်ခွင့်တွေကို ပိုမို ချဲ့ထွင်ပေးမယ့် ဥပဒေသစ်အပေါ် အင်ဒိုနီးရှား နိုင်ငံမှာ ဆန့်ကျင် ဝေဖန်မှုတွေ မြင့်တက်နေခဲ့ပါတယ်။

အင်ဒိုနီးရှား လွှတ်တော်ဟာ အငြင်းပွားစရာတွေ အများကြီး ရှိနေတဲ့ ဥပဒေ အပြောင်းအလဲကို မဲပေး အတည်ပြုခဲ့တဲ့နောက် နိုင်ငံရေး သုတေသီတွေက ဒီလုပ်ရပ်ဟာ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံရဲ့ စစ်တပ် အုပ်စိုးရာ အမှောင်ခေတ် နေ့ရက်တွေဆီ ပြန်ဦးတည်သွားစေနိုင်ကြောင်း သတိပေးခဲ့ကြပါတယ်။

အင်ဒိုနီးရှားမှာ စစ်ခေါင်းဆောင် ဆူဟာတိုရဲ့ ၃၂ နှစ်ကြာ အုပ်စိုးမှုဟာ ၁၉၉၈ ခုနှစ်မှာ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ အခု သတ်မှတ်လိုက်တဲ့ ဥပဒေ အပြောင်းအလဲကို ဆူဟာတိုရဲ့ သမက်လည်းဖြစ်၊ အင်ဒိုနီးရှား အထူးတပ်ဖွဲ့ အကြီးအကဲဟောင်းလည်းဖြစ်တဲ့ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက စတင် အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဥပဒေသစ်အရ အင်ဒိုနီးရှား စစ်ဘက် အရာရှိတွေဟာ အငြိမ်းစား မယူဘဲ၊ ဒါမှမဟုတ် လက်ရှိ စစ်ဘက်ရာထူးကနေ မနုတ်ထွက်ဘဲ အစိုးရ ဌာနတွေမှာ ရာထူးရာခံတွေ ပိုမို ခန့်အပ်ခံပိုင်ခွင့် ရှိလာမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရာနဲ့ချီတဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေဟာ မတ်လ ၁၉ ရက်နေ့ ကတည်းက လွှတ်တော်ရှေ့မှာ ယာယီသပိတ်စခန်း ဖွင့်ထားပြီး အဲဒီ ဥပဒေ အပြောင်းအလဲနဲ့ ပတ်သက်လို့ ကန့်ကွက် ဆန္ဒပြနေကြပါတယ်။

ဒီမိုကရေစီရဲ့ အနှစ်သာရအရ စစ်တပ်ဟာ နိုင်ငံရေးထဲမှာ ပါဝင်လို့ မရကြောင်း၊ စစ်တပ်ရဲ့ နေရာဟာ စစ်တန်းလျားသာဖြစ်ပြီး စစ်တပ်ရဲ့ တာဝန်ဟာ နိုင်ငံကို ကာကွယ်ဖို့သာဖြစ်ကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။

လွှတ်တော်က လက်ခံလိုက်တဲ့ ဥပဒေ အပြောင်းအလဲအရ စစ်တပ် အရာရှိတွေဟာ အရပ်ဖက် ဌာန ၁၀ ခုရဲ့ ရာထူးနေရာတွေ ခန့်အပ်ပိုင်ခွင့်ကနေ ဌာန ၁၄ ခုထိ ချဲ့ထွင်ပြီး ရာထူး ရယူလာနိုင်တော့မှာ ဖြစ်ပါတယ်။ နောက်ပြီး စစ်ဘက် အရာရှိတွေရဲ့ ပင်စင်သက်တမ်းကိုလည်း တိုးပေးလိုက်ပြီး အခုဆိုရင် အမြင့်ဆုံးအဆင့် ကြယ်လေးပွင့် ဗိုလ်ချုပ်တွေဟာ မူလ ပင်စင် အသက်အရွယ် ၆၀ နှစ်ကနေ ၆၃ နှစ်ကို တိုးမြှင့်ပြီး တာဝန်ထမ်းဆောင်ခွင့် ရလာကြပါတယ်။

မတ်လ ၂၀ ရက်နေ့ကတော့ အရေအတွက် ထောင်ဂဏန်းတချို့ရှိတဲ့ ဆန္ဒပြသူတွေဟာ လွှတ်တော်ရှေ့မှာ စုဝေးပြီး ဥပဒေ အပြောင်းအလဲကို ဆန့်ကျင်ကြောင်း ကြွေးကြော်နေခဲ့ပြီး ရဲတွေနဲ့ စစ်သားတွေက လွှတ်တော်ကို လုံခြုံရေးယူ စောင့်ကြပ်နေခဲ့ပါတယ်။ တချို့ အခြေအနေတွေမှာတော့ လွှတ်တော် စည်းရိုးကို ကျော်တက်ဖို့ ကြိုးစားတဲ့ ဆန္ဒပြသူ တချို့နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြား ပဋိပက္ခတွေ ဖြစ်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၅ နှစ်တာအတွင်း အင်ဒိုနီးရှားရဲ့ နိုင်ငံရေးနဲ့ အရပ်ဖက် စီမံအုပ်ချုပ်မှုတွေမှာ စစ်တပ်ရဲ့ ပါဝင်ပတ်သက်ခွင့်ကို ကန့်သတ်ဖို့ အားထုတ်မှုတွေ ရှိခဲ့တဲ့တိုင်အောင် အခု ဥပဒေ အပြောင်းအလဲ မတိုင်ခင် ကတည်းက အင်ဒိုနီးရှားစစ်တပ်ရဲ့ ရာထူးလက်ကိုင် အရာရှိ ၂၆၀၀ နီးပါးလောက်ဟာ အရပ်ဖက် ရာထူးတွေကိုပါ ရယူထားခဲ့ပြီး ဖြစ်တဲ့လို့ ပြည်တွင်း လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့တစ်ခုဖြစ်တဲ့ Imparsilက အစီရင်ခံ ဖော်ပြထားခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ