Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကွန်ဂိုရဲ့ မြို့တော်မှာ ရေကြီးမှုတွေကြောင့် လူ ၃၀ ကျော်သေဆုံး

မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကနေ ကွန်ဂိုနိုင်ငံရဲ့ မြို့တော်မှာ ရုတ်တရက် ရေကြီးမှုတွေ ကြုံတွေ့ပြီး လူ ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကနေ ကွန်ဂိုနိုင်ငံရဲ့ မြို့တော်မှာ ရုတ်တရက် ရေကြီးမှုတွေ ကြုံတွေ့ပြီး လူ ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

မြို့တော် ကင်ရှာဆာမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစလို့ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ စတင်ခဲ့တာပါ။ လူနေရပ်ကွက်တွေထဲ ရုတ်တရက် ရေလွှမ်းသွားတဲ့နောက် ဒေသခံတွေဟာ ရေကူးပြီး၊ တချို့လည်း လှေတွေ၊ လက်လုပ်ဖောင်တွေကို လှော်ခတ်ပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။

လူဦးရေ ၁၇ သန်းလောက် နေထိုင်ရာ မြို့တော်ဟာ ကွန်ဂိုမြစ်ကမ်းပါးပေါ်မှာ တည်ရှိပါတယ်။ ကွန်ဂို သမ္မတ ဖိလစ် ရှီဆက်ကာဒီက ရေဘေးသင့် ပြည်သူတွေကို အစိုးရက လုံးဝ မျက်ကွယ်ပြုထားမှာ မဟုတ်ဘူးလို့ အားပေးစကား ပြောခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်ဖို့ ညွှန်ကြားထားပါတယ်။ လက်ရှိ အချိန်ထိတော့ ရေကြီးမှုတွေကြောင့် အသေအပျောက် ၃၃ ဦးထိ အတည်ပြုထားပြီးပါပြီ။

ကွန်ဂိုမှာ နှစ်စဉ် ရေကြီးမှုတွေ ကြုံရလေ့ ရှိပေမယ့် လက်ရှိကာလမှာတော့ ကွန်ဂိုမြစ်ရေဟာ ဆယ်စုနှစ် ခြောက်ခုကျော် ကာလအတွင်း အမြင့်ဆုံး အဆင့်ထိ ရောက်နေပါတယ်။ ကွန်ဂိုမြစ်ဟာ အာဖရိကရဲ့ အကြီးဆုံး မြစ်တွေထဲမှာလည်း ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

ကင်ရှာဆာမှာ ရေတိုက်စားလွယ်တဲ့ သဲဆန်တဲ့ အောက်ခြေမြေသားမျိုး ရှိနေတဲ့ အပိုင်းတွေဟာ ရေကြီးမှုဒဏ်ကို ပိုမို ခံစားရလေ့ ရှိပါတယ်။ သမ္မတ ရှီဆက်ကာဒီက ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်ဟာ နိုင်ငံရဲ့ ရေကြီးမှု ပြဿနာကို ဆိုးသထက် ဆိုးသွားစေနိုင်ကြောင်း သတိပေးထားဖူးပါတယ်။

ကင်ရှာဆာ မြို့တော် အနောက်ဖက်ခြမ်းမှာရှိတဲ့ နေအိမ် အများအပြားဟာ မြစ်ရေတက်လာချိန်မှာ အလုံးလိုက် ကျွတ်ထွက်ပြီး မျောပါသွားခဲ့တယ်လို့ မျက်မြင်တွေက ဆိုပါတယ်။ မြို့တော်ရဲ့ စုစုပေါင်းခရိုင် ၂၆ ခုရှိတဲ့ထဲမှာ ထက်ဝက်လောက်ဟာ ရေဘေးသင့်ခဲ့ပါတယ်။ အထူးသဖြင့် မြို့ရဲ့ ဆင်ခြေဖုံးတွေနဲ့ ဆင်းရဲသား ရပ်ကွက်တွေဟာ ရေကြီးတဲ့ဒဏ်ကို ပိုမို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ တချို့နေရာတွေမှာ ရေအမြင့်က ၅ ပေနီးပါးလောက်ထိ တက်ခဲ့ကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။

တစ်ဖက်မှာလည်း အာဏာပိုင်တွေဟာ ထိရောက်တဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်ဖို့ နှောင့်နှေးခဲ့ကြောင်း မြို့ခံတချို့ရဲ့ ဒေါသတကြီး ဝေဖန်မှုတွေ ရှိနေပါတယ်။ ဧပြီ ၇ ရက်နေ့ထိ အခြေအနေအရ မြို့ရဲ့ ယာဉ်အသွားအလာ အရှုပ်ထွေးဆုံးဖြစ်ပြီး နိုင်ငံတကာ လေဆိပ်ဆီ ဆက်သွယ်ထားတဲ့ ကားလမ်းမကြီးကို ဖြတ်သန်း သွားလာလို့ မရသေးဘဲ ဖြစ်နေပါတယ်။

ကင်ရှာဆာမှာ မြေအောက်ရေဆင်း စနစ်တွေကို ပြုပြင်ထိန်းသိမ်းမှု အားနည်းတာကလည်း ရေကြီးမှုတွေ ကြုံပြီးရင် ရေပြန်လည် လျော့ကျသွားရာမှာ နှေးကွေးမှုတွေ ဖြစ်စေပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကတော့ ကွန်ဂို အစိုးရဟာ ရေကြီးမှုတွေနဲ့ ပတ်သက်လို့ အရင်းအမြစ် အကျဆုံး ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းဖို့ အစီအစဉ်တွေ ရေးဆွဲနေကြောင်း ကြေညာခဲ့ဖူးပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေကြား လူသိများရာ ရှုမျှော်ခင်းကြည့် နေရာ တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းထိ များပြားလာခဲ့ပါတယ်။

သတင်း

မိုးကြီးမှုနဲ့ တောင်ကျရေကြောင့် ကချင်ပြည်နယ်၊ ဖားကန့်နဲ့ မိုးကောင်းမြို့ကြား လမ်းပိုင်းမှာ ရေကျော်ပြီး လမ်းပိတ်ဆို့မှုဖြစ်နေပါတယ်။

နိုင်ငံတကာ

ဗီယက်နမ် မြောက်ပိုင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကနေ ရုတ်တရက် ရေကြီးခဲ့တာကြောင့် တောင်ပေါ်ရွာလေး တစ်ခုလုံးနီးပါး ပျက်စီးခဲ့ပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ရေကြီး၊ မြေပြိုမှုတွေ ကြုံပြီး ဘင်္ဂလားဒေ့ရှ်မှာ တစ်ပတ်အတွင်း လူ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လူပေါင်း သောင်းနဲ့ချီပြီး ယာယီ ရွှေ့ပြောင်းခဲ့ရပါတယ်။

Facebook