Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားစစ်တပ်မှာ ပါဝင်တိုက်ခိုက်နေတဲ့ တရုတ်စစ်သား အနည်းဆုံး ၁၅၀ ကျော်တယ်လို့ ယူကရိန်းပြော

ရုရှားဖက်က ပါဝင်တိုက်ခိုက်နေတဲ့ တရုတ်စစ်သား အနည်းဆုံး ၁၅၀ ကျော် ရှိတယ်လို့ ယူကရိန်းက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

AFP

ရုရှားဖက်က ပါဝင်တိုက်ခိုက်နေတဲ့ တရုတ်စစ်သား အနည်းဆုံး ၁၅၀ ကျော် ရှိတယ်လို့ ယူကရိန်းက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ယူကရိန်း ထောက်လှမ်းရေးဟာ ရုရှားစစ်တပ်အတွက် ပါဝင်တိုက်ခိုက်နေတဲ့ တရုတ်နိုင်ငံသား စုစုပေါင်း ၁၅၅ ယောက်ရဲ့ အချက်အလက်တွေကို စုံစမ်းသိရှိထားပြီလို့ ပြောပါတယ်။ အခုသီတင်းပတ်ထဲမှာ ရုရှားစစ်တပ်ထဲက တရုတ်နိုင်ငံသား နှစ်ဦးကို အရှင်ဖမ်းမိခဲ့တဲ့နောက်ပိုင်း ဒီစွပ်စွဲချက်ကို ယူကရိန်းက နောက်ဆက်တွဲ ထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်း လုံခြုံရေး အေဂျင်စီတွေရဲ့ မှတ်တမ်းတချို့ကို CNNက လေ့လာခွင့် ရခဲ့ရာမှာ တရုတ်နိုင်ငံသား ၁၅၀ ကျော်ရဲ့ ကိုယ်ရေး အချက်အလက်တွေ၊ ရုရှားစစ်တပ်မှာ ယူထားတဲ့ ရာထူးနဲ့ တာဝန်တွေကို စာရင်းပြုစုထားတာ တွေ့ခဲ့ရပါတယ်။ အများစုဟာ ရုရှားစစ်တပ်ရဲ့ အောက်ခြေအဆင့် ရာထူးတွေမှာ ဖြစ်ကြပြီး ၂၀၂၄ ခုနှစ်တုန်းက အချက်အလက်တွေလို့ ဆိုပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ နောက်ထပ် အချက်အလက်တွေကို ထပ်မံပြီး စုဆောင်းနေဆဲဖြစ်ကြောင်း၊ ရုရှား စစ်တပ်ထဲမှာ တရုတ်နိုင်ငံသား ၁၅၅ ဦးထက်မနည်း ပါဝင် တိုက်ခိုက်နေခဲ့တယ် ဆိုတာကို သိရှိထားပြီး အဲဒီထက်လည်း အများကြီး ပိုနိုင်ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဟာ တရုတ်စစ်သားတွေကို ကြေးစား စာချုပ်တွေ ချုပ်ဆိုပြီး အခကြေးငွေနဲ့ ငှားရမ်း ခေါ်ယူလေ့ရှိပြီး တချို့ဟာ ရှေ့တန်း စစ်မြေပြင်မှာ သေဆုံးခဲ့ကြပြီး ဖြစ်တယ်လို့ ယူကရိန်း ထောက်လှမ်းရေးက ယူဆထားပါတယ်။

တရုတ်စစ်သားတွေ ရုရှားတပ်ထဲ ရောက်နေတာဟာ တရုတ် အစိုးရရဲ့ မူဝါဒ တစ်ခုခုကြောင့်လားဆိုတဲ့ မေးခွန်းတွေကိုတော့ ဇီလန်စကီးက သူလည်း အဲဒီအတွက် အဖြေမရသေးကြောင်း၊ ယူကရိန်း ထောက်လှမ်းရေးကလည်း ဆန်းစစ်ဖော်ထုတ်ဖို့ ကြိုးစားနေကြောင်း၊ တခြားတစ်ဖက်မှာလည်း သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အစိုးရတွေက မထောက်ခံပေမယ့် အမေရိကန်နဲ့ ဗြိတိန် နိုင်ငံသားတွေဟာ ယူကရိန်းအတွက် ပါဝင်တိုက်ခိုပ်ပေးတာမျိုး ရှိခဲ့ကြောင်း ပြန်ဖြေခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ ယူကရိန်း အရှေ့ပိုင်းက ဒွန်းညက်စ်ခ် ဒေသထဲမှာ တရုတ်စစ်သား နှစ်ဦးကို အရှင်ဖမ်းမိခဲ့တဲ့နောက် ယူကရိန်းဟာ တရုတ်သံရုံးကို ဖြေရှင်းချက် တောင်းခံခဲ့သလို စစ်ပွဲမှာ ကြားနေမယ်ဆိုတဲ့ တရုတ်ရဲ့ ရပ်တည်ချက်ကိုလည်း မေးခွန်းထုတ်ခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ လင်ကျန်ကတော့ ယူကရိန်း စစ်ပွဲမှာ တရုတ်နိုင်ငံသားတွေ ဝင်ရောက် တိုက်ခိုက်နေတယ်ဆိုတဲ့ စွပ်စွဲမှုတွေဟာ အခြေအမြစ် ကင်းမဲ့လွန်းတယ်လို့ အစောပိုင်းမှာ တုံ့ပြန်ထားပါတယ်။ ဘယ်လို ပြည်ပ စစ်ရေးပဋိပက္ခတွေမှာမှ တရုတ်နိုင်ငံသားတွေ ဝင်မပါဖို့၊ အထူးသဖြင့် တစ်ဖက်ဖက်က စစ်ရေးကိစ္စတွေနဲ့ မပတ်သက်ဖို့ နိုင်ငံသားတွေကို တရုတ် အစိုးရက တိတိကျကျ တိုက်တွန်း လမ်းညွှန်ထားပြီး ဖြစ်တယ်လို့ လင်က ပြောကြားသွားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။