Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန် ဆိပ်ကမ်းက ပေါက်ကွဲမှုမှာ လူတစ်ဒါဇင်ကျော် သေဆုံး၊ ၇၅၀ ကျော် ဒဏ်ရာရ

အီရန်က ဆိပ်ကမ်းတစ်ခုမှာ အင်အားပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့တဲ့နောက် လူပေါင်း တစ်ဒါဇင်ကျော် သေဆုံးပြီး ၇၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

အီရန်က ဆိပ်ကမ်းတစ်ခုမှာ အင်အားပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့တဲ့နောက် လူပေါင်း တစ်ဒါဇင်ကျော် သေဆုံးပြီး ၇၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

အီရန်တောင်ပိုင်းက ဘန်ဒါ အဘက်စ်မြို့နားမှာ တည်ရှိပြီး နိုင်ငံရဲ့ အကြီးဆုံး အရပ်ဖက် ဆိပ်ကမ်းဖြစ်တဲ့ ရှာဟစ်ဒ် ရာဂျေးမှာ ဧပြီ ၂၆ ရက်နေ့ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့တာပါ။ ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာတဲ့ အနက်ရောင် မီးခိုးထုကြီးကို အရမ်းဝေးကွာတဲ့ နေရာကတောင် တွေ့မြင်ခဲ့ရပါတယ်။

ပေါက်ကွဲတဲ့ အရှိန်ကြောင့် ဆိပ်ကမ်း အပြင်ဖက်မှာ ရှိနေတဲ့ အဆောက်အအုံတွေ အမိုးတွေ ပွင့်ထွက်ပြီး ပြတင်းပေါက်တွေ ကွဲကုန်သလို ကားတွေလည်း ပျက်စီးကုန်ပါတယ်။ ပေါက်ကွဲမှုရဲ့ မြေလွှာ တုန်ခါသွားတာကို ကီလိုမီတာ ၅၀ လောက် အကွာအဝေးကထိ ခံစားသိရှိခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၂၆ ရက်နေ့ ညပိုင်းထိ အသေအပျောက် ၁၄ ဦးနဲ့ ဒဏ်ရာရသူ ၇၅၀ ကျော်လို့ ထုတ်ပြန်ထားပေမယ့် သေဆုံးစာရင်းဟာ ဒီထက် သိသိသာသာ တိုးလာနိုင်ခြေ ရှိနေဆဲပါ။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို မသိရသေးပေမယ့် နိုင်ငံတကာ ရေကြောင်း သယ်ယူပို့ဆောင်မှု အန္တရာယ်ဆိုင်ရာ လေ့လာထောက်လှမ်းရေး ပုဂ္ဂလိက ဌာနတစ်ခုဖြစ်တဲ့ Ambrey Intelligenceကတော့ အီရန် အလံ လွှင့်ထူထားတဲ့ သင်္ဘော တစ်စီးဟာ ဆိပ်ကမ်းမှာ ပေါက်ကွဲအား အရမ်းပြင်းထန်တဲ့ လောင်စာခဲ ကွန်တိန်နာတွေ အတင်အချ လုပ်ရာက ပြဿနာ ကြုံခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။ အဲဒီ လောင်စာခဲတွေဟာ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်တွေမှာ အသုံးပြုဖို့ ရည်ရွယ်ထားတာလို့လည်း ဆိုပါတယ်။

အီရန် ပြည်ထဲရေး ဝန်ကြီးဌာနက နေရာပေါင်း သုံးခုလောက်မှာ မီးတွေ လောင်ကျွမ်းခဲ့တဲ့တယ်လို့ အတည်ပြုခဲ့ပြီး ကွန်တိန်နာတွေ တစ်ခုပြီးတစ်ခု မီးကူးစက်ခဲ့တာကြောင့်လို့ အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ မီးလောင်တဲ့ အကြောင်းရင်းကိုတော့ အတိအကျ မထုတ်ပြန်သေးပါဘူး။

Financial Times သတင်းစာက တရုတ်ကနေ လောင်စာတွေကို အီရန် သင်္ဘောနှစ်စီးက တင်သွင်းလာခဲ့ကြောင်း အရင်တုန်းက ဖော်ပြခဲ့ဖူးပါတယ်။ မျက်မြင်တချို့ကလည်း ဆိပ်ကမ်းမှာ မီးလောင်မှုတစ်ခု စဖြစ်ခဲ့တဲ့နောက် ပေါက်ကွဲနိုင်တဲ့ ပစ္စည်း ကွန်တိန်နာတွေဖက် ကူးစက်သွားရာက အပြင်းအထန် ပေါက်ကွဲခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက အခုဖြစ်ရပ်အတွင်း ထိခိုက်သေဆုံးခဲ့ရသူတွေအတွက် စာနာဝမ်းနည်းကြောင်း ကြေညာခဲ့ပြီး ဒေသခံ အစိုးရအဖွဲ့ရဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ အမိန့်ပေးထားကြောင်းလည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သိမ်းဆည်းရမိတဲ့ အမေရိကန် မောင်းသူမဲ့ ရေငုပ်သင်္ဘော (ဒရုန်း)ကို အီရန်က နည်းပညာပိုင်း ခွဲခြမ်းလေ့လာပြီး ကိုယ်တိုင်တုပ တည်ဆောက်တာမျိုး လုပ်လာနိုင်ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ကြားဖြတ် သိမ်းယူနိုင်ခဲ့တယ်ဆိုတဲ့ အမေရိကန် ဒရုန်း ရေငုပ်သင်္ဘောကို အီရန်က ထုတ်ပြခဲ့ပါတယ်။

နိုင်ငံတကာ

အီရန် ရေနံတင် သင်္ဘော ၅ စီးကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့နောက် ဂျော်ဒန်မှာ ရှိနေတဲ့ အမေရိကန် စစ်စခန်း တစ်ခုကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

Facebook