Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခရိုင်းမီးယားကို လက်လွှတ်ဖို့ ယူကရိန်း သမ္မတ လိုက်လျောလိမ့်မယ်လို့ ယုံကြည်ကြောင်း ထရမ့်ပြော

အဆုံးမှာတော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားပိုင်နက်အဖြစ် အသိအမှတ်ပြုဖို့ လိုက်လျောလာတော့မယ်လို့ သူယူဆကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အဆုံးမှာတော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားပိုင်နက်အဖြစ် အသိအမှတ်ပြုဖို့ လိုက်လျောလာတော့မယ်လို့ သူယူဆကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ပင်လယ်နက် ကမ်းရိုးတန်းနဲ့ ထိစပ်နေရာ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို လက်ရှိ ရုရှား-ယူကရိန်း စစ်ပွဲ မတိုင်ခင် ၂၀၁၄ ခုနှစ် ကတည်းက ရုရှားတပ်တွေက ဝင်ရောက် သိမ်းယူထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရုရှားရဲ့ သိမ်းယူမှုကို နိုင်ငံတကာက လုံးဝ အသိအမှတ် မပြုခဲ့ပါဘူး။

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့်က ဒုတိယအကြိမ် သမ္မတ ဖြစ်လာတဲ့ အခါမှာတော့ ရုရှားနဲ့ ယူကရိန်း စစ်ပွဲကို ရပ်တန့်အောင် ညှိနှိုင်းပြမယ်လို့ ကြွေးကြော်ပြီး အမေရိကန် အဆိုပြုတဲ့ ကမ်းလှမ်းမှုတွေကို နှစ်ဖက်စလုံးက လက်ခံဖို့ ဖိအားပေးလာပါတယ်။ အမေရိကန်က ရုရှားဖက်ကို ကမ်းလှမ်းရာမှာတော့ ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားပိုင်နက်အဖြစ် အသိအမှတ်ပြုမယ်ဆိုတဲ့ အချက်လည်း ပါဝင်လာခဲ့ပါတယ်။

ဇီလန်စကီးနဲ့ ယူကရိန်း အစိုးရဟာ စစ်ရပ်ဆိုင်းရေးအတွက် ခရိုင်းမီးယားကို အပေးအယူ သဘောမျိုး လက်လွှဲပေးရမယ်ဆိုတဲ့ စိတ်ကူးကို အစဉ်တစိုက် ပယ်ချခဲ့ပါတယ်။ နောက်ပြီး ခရိုင်းမီးယားကို ရုရှားလက်ထဲ ထည့်ပေးဖို့ သူ့ရဲ့ သမ္မတ လုပ်ပိုင်ခွင့် အာဏာက ခွင့်ပြုမထားကြောင်းလည်း ဇီလန်စကီးက ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီ ၂၇ ရက်နေ့မှာတော့ သတင်းထောက်တွေက ဇီလန်စကီး အနေနဲ့ ခရိုင်းမီးယားကို လက်လွှတ်ဖို့ အသင့်ဖြစ်လောက်ပြီလားလို့ ထရမ့်ကို မေးမြန်းခဲ့ပြီး ထရမ့်က အသင့်ဖြစ်ပြီလို့ သူထင်ကြောင်း ပြန်ဖြေသွားခဲ့ပါတယ်။

နောက်ပြီး သူက ရုရှား သမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ ယူကရိန်းကို ပစ်မှတ်ထား ဆက်လက် တိုက်ခိုက်တာတွေ ရပ်တန်းကရပ်ပြီး အစည်းအဝေး စားပွဲထိုင်၊ သဘောတူညီမှု တစ်ခုကို လက်မှတ်ရေးထိုးဖို့ အာရုံစိုက်သင့်ပြီလို့လည်း တိုက်တွန်းသွားပါတယ်။

ဇီလန်စကီးဟာ ဗာတီကန်မှာ ပုပ်ရဟန်းမင်းကြီးရဲ့ နာရေး အခမ်းအနားကို တက်ရောက်ရင်း ဇီလန်စကီးနဲ့ ၁၅ မိနစ်လောက် မျက်နှာချင်းဆိုင် ဆွေးနွေးခဲ့ပြီး အမေရိကန်ကို ပြန်ရောက်လာချိန်မှာ အခုလို မှတ်ချက်စကားတွေကို ပြောကြားလာတာ ဖြစ်ပါတယ်။

သူက ဇီလန်စကီးနဲ့ ဆွေးနွေးမှုဟာ အတော်လေး အဆင်ချောခဲ့ပေမယ့် ခရိုင်းမီးယား ကိစ္စကိုတော့ အနည်းအကျဉ်းလောက်ပဲ ပြောဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ထရမ့်နဲ့ ဇီလန်စကီးတို့ဟာ ဖေဖော်ဝါရီ လကုန်ပိုင်းက အိမ်ဖြူတော်မှာ လူသိရှင်ကြား စကားအခြေအတင် ဖြစ်ခဲ့ပေမယ့် ဗာတီကန်မှာတော့ ဇီလန်စကီးက အတော်လေး တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့လည်း ထရမ့်က မှတ်ချက် ပေးသွားပါတယ်။

ခရိုင်းမီးယားကို ဇီလန်စကီး အနေနဲ့ လက်လျှော့လိုက်နိုင်ခြေ ရှိလာပြီဆိုတဲ့ ထရမ့်ရဲ့ စကားအပေါ် ယူကရိန်းဖက်ကတော့ လတ်တလော ဘာမှ မတုံ့ပြန်သေးပါဘူး။ အစောပိုင်းမှာတော့ ယူကရိန်းဟာ ပိုင်နက်နယ်မြေတွေ လက်လွှတ်ခံပေးဖို့ ဆိုတာကို တောက်လျှောက် ငြင်းဆိုထားခဲ့သလို အပစ်အခတ် ရပ်စဲပြီးမှသာ နယ်မြေကိစ္စ ဆွေးနွေးသင့်တယ်လို့ ပြောကြားထားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

ဘာသာပြန်ဆောင်းပါး

ယာဘလိုကာ (Yabloko) ပါတီဟာ ရုရှားမှာ ကျန်ရှိနေတဲ့ အဓိက စစ်ဆန့်ကျင်ရေးပါတီဖြစ်ပေမယ့်စက်တင်ဘာရွေးကောက်ပွဲမှာဝင်ပြိုင်ခွင့်ပိတ်ပင်ခံလိုက်ရပါတယ်။ ဒါကြောင့်ရုရှားမှာ စစ်ဆန့်ကျင်ရေးနိုင်ငံရေး ပိုကျဉ်းလာပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ ဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုကို ရာထူးက ထုတ်ပယ်ရင် အမှားကြီး မှားလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကျူးလွန်ခဲ့တဲ့ ကိစ္စတွေ၊ ဖန်တီးခဲ့တဲ့ စစ်ပွဲတွေမှာ ထိခိုက်နာကျင်ခဲ့ရတဲ့၊ သေဆုံးခဲ့ရသူ တစ်ဦးချင်းစီအတွက် အီရန် အစိုးရက နစ်နာကြေး ပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။