Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် စီးပွားရေး တိုးတက်မှု အနုတ်ပြ၊ ဘိုင်ဒန်ကို ထရမ့် အပြစ်တင်

အမေရိကန် စီးပွားရေး တိုးတက်မှုတွေ ဆုတ်ယုတ် ကျဆင်းမှုနဲ့ ပတ်သက်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က အရင် သမ္မတဟောင်း ဂျိုးဘိုင်ဒန်ကို အပြစ်တင်လိုက်ပါတယ်။

AFP

အမေရိကန် စီးပွားရေး တိုးတက်မှုတွေ ဆုတ်ယုတ် ကျဆင်းမှုနဲ့ ပတ်သက်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က အရင် သမ္မတဟောင်း ဂျိုးဘိုင်ဒန်ကို အပြစ်တင်လိုက်ပါတယ်။

စီးပွားရေး ပညာရှင်တွေက မျှော်လင့်မထားတဲ့ အခြေအနေ တစ်ရပ်အဖြစ် ၂၀၂၅ ပထမ သုံးလအတွင်း အမေရိကန်ရဲ့ စီးပွားရေးဟာ ဆုတ်ယုတ် ကျဆင်းမှုတွေ ရှိလာခဲ့တယ်လို့ ပြောပါတယ်။ ဒီအလှည့်အပြောင်းရဲ့ အဓိက အကြောင်းတရား တစ်ခုအဖြစ် ထရမ့်ရဲ့ သွင်းကုန်အခွန် စည်းကြပ်မှု တိုးမြှင့်မယ့် မူဝါဒတွေ အသက်မဝင်ခင် သွင်းကုန်တွေ အများအပြား ဝင်ရောက်လာခြင်းကို ပညာရှင်တွေက ထောက်ပြခဲ့ပါတယ်။

ဒါပေမဲ့ ထရမ့်ကတော့ ဒီကိစ္စဟာ ဘိုင်ဒန်ကြောင့်သာ ဖြစ်တယ်လို့ အတိအကျ အပြစ်တင်ခဲ့ပါတယ်။ အမေရိကန်မှာ စီးပွားရေး လုပ်ငန်းတွေရော၊ သုံးစွဲသူတွေကပါ ထရမ့်ရဲ့ အခွန်စည်းကြပ်မှု မူဝါဒ အသစ်ကြောင့် ကုန်စျေးနှုန်းတွေ တက်မလာခင် နိုင်ငံခြား သွင်းကုန်တွေကို ကြိုတင် ဝယ်ယူ စုဆောင်းကြခြင်းကြောင့် သွင်းကုန် ပမာဏ အလုံးအရင်း မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

Wall Streetရဲ့ အဓိက စီးပွားရေး စောင့်ကြည့် ညွှန်ကိန်း ၃ ခုစလုံးက ကျဆင်းမှုတွေဆီ ပြသနေပြီး အမေရိကန်ရဲ့ ရေနံလုပ်ငန်းကလည်း စျေးကျမှုနဲ့အတူ ဆက်ပြီး အရှုံးပြနေပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ကတော့ စီးပွားရေး ဖွံ့ဖြိုးမှုတွေ အနုတ်လက္ခဏာ ပြနေတာဟာ အရင်သမ္မတဟောင်း ဘိုင်ဒန် လက်ထက်က ကျင့်သုံးခဲ့တဲ့ မူဝါဒတွေကြောင့်သာ ဖြစ်တယ်လို့ ဝါရှင်တန်မှာ ပြုလုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေး တစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။

‘ဒါတွေဟာ ဘိုင်ဒန်ကြောင့်ပဲ။ ထရမ့်ကြောင့် မဟုတ်ဘူး’လို့ သူက ဆိုပါတယ်။ ပြီးတော့ ပထမ ၃ လပတ်အတွင်း ပြည်တွင်း အသားတင် ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ၂၂ ရာခိုင်နှုန်း တိုးလာတာကို သူက ထောက်ပြခဲ့ပါတယ်။

ဘိုင်ဒန် လက်ထက်တုန်းက နှစ်စဉ် အမေရိကန်ရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ ၂ ရာခိုင်နှုန်း အထက်မှာ တည်တည်ငြိမ်ငြိမ် ရှိခဲ့ပြီး ၂၀၂၄ မှာတော့ ၂.၈ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပါတယ်။

ဘိုင်ဒန် သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ၂၀၂၄ ခုနှစ် နောက်ဆုံး သုံးလပတ်မှာ အမေရိကန်ရဲ့ GDP တိုးတက်မှုနှုန်းဟာ ၂.၄ ရာခိုင်နှုန်း ရှိခဲ့ပေမယ့် ထရမ့်ကိုင်တွယ်တဲ့ ၂၀၂၅ ပထမ ၃ လအတွင်းမှာတော့ ၀.၃ ရာခိုင်နှုန်း အနုတ်လက္ခဏာ ပြသွားတာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရရဲ့ စီးပွားရေး ဝန်ကြီးဌာနက အခုလို စီးပွားရေး ကျဆင်းမှုရဲ့ အဓိက အကြောင်းရင်းဟာ သွင်းကုန်တွေ အလုံးအရင်း ဝင်ရောက်မှု၊ ပြည်သူတွေနဲ့ အစိုးရ အသုံးစရိတ်တွေ လျှော့ချမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အိမ်ဖြူတော်ရဲ့ ဧပြီ ၃၀ ထုတ်ပြန်ချက်မှာတော့ GDP တန်ဖိုး ကျဆင်းမှုကို နောက်ပြန်ရွေ့နေတဲ့ ညွှန်ကိန်းတစ်ခုလို့ သုံးနှုန်းထားပါတယ်။ ထရမ့်ရဲ့ ဝေဖန်မှုကို သံယောင်လိုက်ပြီး အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ ကာရိုလင်း လီယာဗစ်က ဘိုင်ဒန် အစိုးရလက်ထက် ကပ်ဆိုက်ခဲ့တဲ့ စီးပွားရေး မူဝါဒတွေကြောင့် နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို ထိခိုက်စေတာ မထူးဆန်းဘူးလို့ စွပ်စွဲသွားပါတယ်။

လတ်တလောမှာတော့ ထရမ့်ဟာ တရုတ်အပေါ် ကုန်သွယ်ရေးအရ ရန်လို ထိုးနှက်ပြီး ကုန်သွယ်ဖက် နိုင်ငံတွေရဲ့ သွင်းကုန်တွေကိုလည်း အခွန်မြှင့်တင် စည်းကြပ်တဲ့ မူဝါဒတွေကို ကျင့်သုံးနေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ သမ္မတ တာဝန်ယူပြီး ပထမဆုံး ရက်ပေါင်း ၁၀၀ အတွင်း အဲဒီ မူဝါဒတွေနဲ့ ပတ်သက်လို့လည်း တည်ငြိမ်မှု မရှိဘဲ အမျိုးမျိုး ပြင်ဆင် ပြောင်းလဲနေခြင်းက ရင်းနှီးမြှုပ်နှံသူတွေကို တွေဝေ စိုးရိမ်စေပြီး အမေရိကန်သာ မကဘဲ ကမ္ဘာ့စီးပွားရေး ကဏ္ဍကြီး တစ်ခုလုံးကိုပါ သက်ရောက် ထိခိုက်စေခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဆော်ဒီအာရေးဘီးယားကို ဒေါ်လာ ၁၄၂ ဘီလီယံဖိုး စစ်လက်နက်တွေ ရောင်းချဖို့ သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား ကုန်သွယ်ရေး အငြင်းပွားမှုတွေကို လျှော့ချဖို့ ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ခြင်းဟာ တရုတ်-အမေရိကန် ဆက်ဆံရေးကို အသစ်ကနေ ပြန်စလိုက်နိုင်ခြင်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော်လေယာဉ် (Air Force One)အဖြစ် အသုံးပြုဖို့ ဇိမ်ခံ အသုံးအဆောင်တွေနဲ့ အဆင့်မြှင့်ထားတဲ့ jumbo jet လေယာဉ်တစ်စီး ကာတာဆီကနေ လက်ခံရယူဖို့ အိမ်ဖြူတော်က ဆွေးနွေးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟိုသီ တပ်ဖွဲ့တွေက လက်မြှောက် အလျှော့ပေးသွားပြီ ဖြစ်တာကြောင့် အမေရိကန်ကလည်း တိုက်ခိုက်မှုတွေကို ရပ်တော့မယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

Facebook