Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုက်လေယာဉ် ဆုံးရှုံးမှုတွေ ရှိခဲ့ကြောင်း အိန္ဒိယလေတပ် အတည်ပြု

ပါကစ္စတန်နဲ့ စစ်ရေး ပဋိပက္ခအတွင်းမှာ တိုက်လေယာဉ်တွေ ဆုံးရှုံးခဲ့ကြောင်း အိန္ဒိယ လေတပ်က အတည်ပြုခဲ့ပါတယ်။

REUTERS/Samuel Rajkumar/File Photo

ပါကစ္စတန်နဲ့ စစ်ရေး ပဋိပက္ခအတွင်းမှာ တိုက်လေယာဉ်တွေ ဆုံးရှုံးခဲ့ကြောင်း အိန္ဒိယ လေတပ်က အတည်ပြုခဲ့ပါတယ်။

ပါကစ္စတန်နဲ့ ၄ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ စစ်ရေး ပဋိပက္ခမှာ တိုက်လေယာဉ်တွေ ပစ်ချခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မေလ ၁၁ ရက်နေ့မှာတော့ အိန္ဒိယ လေတပ်က အဆုံးအရှုံးတွေ ဆိုတာဟာ စစ်ဆင်တိုက်ခိုက်မှုတွေရဲ့ အစိတ်အပိုင်း တစ်ခုသာ ဖြစ်တယ်လို့ တုံ့ပြန်သွားခဲ့တာပါ။

လေယာဉ်မှူးတွေ အားလုံးကတော့ ဘေးကင်းကင်းနဲ့ အိမ်ပြန်လာနိုင်ခဲ့တယ်လို့ အိန္ဒိယ လေတပ်က ပြောပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

ပါကစ္စတန်ဖက်ကတော့ နှစ်ဖက် ဝေဟင် စီးချင်းထိုးကြရာမှာ အိန္ဒိယ လေတပ်ရဲ့ အဆင့်အမြင့်ဆုံး ပိုင်ဆိုင်မှုဖြစ်တဲ့ ပြင်သစ်လုပ် Rafale တိုက်လေယာဉ် ၃ စီးအပြင် ရုရှားလုပ် SU-30နဲ့ MiG-29 တိုက်လေယာဉ် ၁ စီးစီ၊ ပြီးတော့ တိုက်ခိုက်ရေး ဒရုန်း ၁ စီးတို့ကို ပစ်ချနိုင်ခဲ့ကြောင်း ကြွေးကြော်ထားပါတယ်။ အိန္ဒိယကတော့ အဲဒီ အချက်တွေကို အတည်မပြုခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အမေရိကန်နဲ့ ပြင်သစ် ထောက်လှမ်းရေးတွေကတော့ Rafale နှစ်စီးလောက် အိန္ဒိယ ပိုင်နက်ထဲ ပျက်ကျခဲ့တယ်လို့ ယုံကြည်ရကြောင်း ပြောပါတယ်။ ပါကစ္စတန် လေတပ်က တရုတ်ဆီကနေ ဝယ်ယူထားတဲ့ J-10C တိုက်လေယာဉ်တွေကို အသုံးပြုပြီး အိန္ဒိယ တိုက်လေယာဉ်တွေကို ပစ်ချခဲ့တာလို့ ဆိုပါတယ်။ အဲဒီ အချက်အလက်ကို အတည်ပြုနိုင်မယ်ဆိုရင် တရုတ်နည်းပညာနဲ့ တည်ဆောက်တဲ့ တိုက်လေယာဉ်တွေက လက်တွေ့ စစ်ပွဲမှာ ရန်သူကို ပထမဆုံးအကြိမ် ပစ်ချနိုင်မှုအဖြစ် မှတ်တမ်း ဝင်လာမှာပါ။

စစ်ဆင်ရေး အတိုင်းအတာ တစ်ခုလုံး အနေနဲ့ဆိုရင် အိန္ဒိယဟာ နယ်စပ်မျဉ်း တဝိုက်မှာ ရှိနေတဲ့ ရန်သူ့ စစ်ရေး ပစ်မှတ်တွေကို အပြင်းအထန် တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ကြောင်း၊ အိန္ဒိယ စစ်သည် ၅ ဦး သေဆုံးခဲ့ပြီး ပါကစ္စတန်ဖက်မှာ စစ်သား ၃၅ ယောက်ကနေ ၄၀ လောက် အသေအပျောက် ရှိခဲ့ကြောင်း၊ နောက်ပြီး ရန်သူ့တိုက်လေယာဉ် တချို့လည်း ပစ်ချခံခဲ့ရတယ်လို့ ယုံကြည်ရကြောင်း အိန္ဒိယ စစ်တပ်က ပြောပါတယ်။

မေလ ၇ ရက်နေ့ မနက်ပိုင်းမှာ အိန္ဒိယ တိုက်လေယာဉ်တွေဟာ ပါကစ္စတန် ပိုင်နက်နဲ့ ပါကစ္စတန် ထိန်းချုပ်ထားရာ ကက်ရှ်မီးယားဒေသ အစိတ်အပိုင်းတွေကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာက နှစ်ဖက်ကြား စစ်ရေး ပဋိပက္ခ အစပြုခဲ့ပါတယ်။

ဒါပေမဲ့ မေလ ၁၀ ရက်နေ့ ညပိုင်းမှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန်ရဲ့ ကြားဝင် စေ့စပ်ပေးမှုနဲ့အတူ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ချက်ချင်းနဲ့ အလုံးစုံ အပစ်အခတ် ရပ်စဲတော့မှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ မရှေးမနှောင်းမှာပဲ အိန္ဒိယနဲ့ ပါကစ္စတန်တို့ကလည်း အဲဒီ အချက်ကို အသီးသီး အတည်ပြုခဲ့ကြပါတယ်။

အပစ်ရပ် ကြေညာပြီးနောက်ပိုင်း သဘောတူညီမှုကို ချိုးဖောက်ပြီး ဆက်လက် တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ နှစ်ဖက်စလုံးက စွပ်စွဲခဲ့ကြပေမယ့် မေလ ၁၁ ရက်နေ့ကစလို့ နှစ်နိုင်ငံ နယ်စပ်မှာ ပစ်ခတ်သံတွေ လုံးဝ ရပ်စဲသွားခဲ့တယ်လို့ သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ဆန္ဒပြနေတဲ့ လူစုလူဝေးကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲမှုကြောင့် ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး မိုင်းလုပ်သား ၃၄ ဦးထက်မနည်း သေဆုံးသွားပါတယ်။