Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မက္ကဆီကို ရေတပ် ရွက်သင်္ဘောနဲ့ ဘရွတ်ကလင်းတံတား ငြိမိခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် အာဏာပိုင်တွေ စစ်ဆေးနေ

မက္ကဆီကို ရေတပ်ရဲ့ ရွက်သင်္ဘော တစ်စီးဟာ နယူးယောက်မြို့မှာ ဘရွတ်ကလင်း တံတားနဲ့ ငြိမိပြီး လူအသေအပျောက် ဖြစ်ခဲ့တဲ့ ကိစ္စကို အမေရိကန် အာဏာပိုင်တွေက ကိုင်တွယ် စုံစမ်းနေပါတယ်။

AFP

မက္ကဆီကို ရေတပ်ရဲ့ ရွက်သင်္ဘော တစ်စီးဟာ နယူးယောက်မြို့မှာ ဘရွတ်ကလင်း တံတားနဲ့ ငြိမိပြီး လူအသေအပျောက် ဖြစ်ခဲ့တဲ့ ကိစ္စကို အမေရိကန် အာဏာပိုင်တွေက ကိုင်တွယ် စုံစမ်းနေပါတယ်။

မေလ ၁၇ ရက်တုန်းက နယူးယောက်မှာ အခမ်းအနား တစ်ခုအတွက် ပူးပေါင်း ပါဝင်ဖို့ ရောက်ရှိလာတဲ့ သင်္ဘောကြီးရဲ့ မြင့်မားတဲ့ ရွက်တိုင်တွေဟာ ဘရွတ်ကလင်း တံတား အောက်ခြေနဲ့ ငြိမိပြီး ကုန်းပတ်ပေါ် အပျက်အစီးတွေ ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။

အဲဒီ မတော်တဆမှုမှာ လူ ၂ ဦးသေဆုံးပြီး ၁၉ ဦး ဆေးရုံရောက်ခဲ့ကြောင်း နောက်ပိုင်းမှာ မက္ကဆီကို ရေတပ်က ထုတ်ပြန်ခဲ့ပါတယ်။ Cuauhtémoc ရေယာဉ်ဟာ မက္ကဆီကို ရေတပ်မှာ ရွက်လွှင့် ခုတ်မောင်းမှုတွေကို လေ့ကျင့်ဖို့ အသုံးပြုတဲ့ ရွက်သင်္ဘော တစ်စီးပါ။

တံတားနဲ့ သင်္ဘော ချိတ်မိခဲ့တဲ့ ကိစ္စမှာ အကြောင်းရင်း တိတိကျကျ မသိရသေးပေမယ့် ကနဦး စုံစမ်းမှုတွေအရ ရေယာဉ်ဟာ အဲဒီဖြစ်ရပ် မတိုင်ခင်မှာ စက်သေပြီး ထိန်းချုပ်ရ ခက်ခဲတဲ့ အခြေအနေ ဖြစ်သွားခဲ့တယ်လို့ သိရှိထားပါတယ်။

Public Service Announcement

Public Service Announcement

ဘရွတ်ကလင်း တံတားကို အခင်းဖြစ်ပြီးတဲ့နောက် နာရီပိုင်းလောက် ပိတ်ခဲ့ပေမယ့် စစ်ဆေးမှုတွေအပြီး ပုံမှန်ပြန်လည် ဖွင့်လှစ်ပေးထားခဲ့ပါတယ်။

ရွက်လှေရဲ့ ရွက်တိုင်အမြင့်ဆုံး အပိုင်းဟာ ၁၅၈ ပေရှိပြီး တံတားနဲ့ ရေမျက်နှာပြင်ကြား အကွာအဝေးကတော့ ၁၃၅ ပေပဲ မြင့်တယ်လို့လည်း သိရပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေက သင်္ဘောပေါ် လိုက်ပါလာသူ ၂၇၇ ယောက်စလုံးမှာ ပျောက်ဆုံးနေသူ မရှိကြောင်း အတည်ပြုခဲ့ပြီး ၂၇ ဦးကို ပြုစုကုသပေးခဲ့ရသလို အဲဒီထဲက ၁၉ ဦးကို ဆေးရုံ ပို့ခဲ့ရကြောင်း ပြောပါတယ်။

လက်ရှိမှာတော့ အမေရိကန်ရဲ့ အမျိုးသား သယ်ယူပို့ဆောင်မှု လုံခြုံရေး ဘုတ်အဖွဲ့ဟာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်မယ့် အဖွဲ့တစ်ခု စေလွှတ်ပေးထားပြီး မက္ကဆီကိုနဲ့ အမေရိကန် အစိုးရတွေကလည်း ပံ့ပိုး ကူညီပေးနေပါတယ်။

ရွက်သင်္ဘောဟာ ဧပြီ ၆ ရက်နေ့က မက္ကဆီကိုရဲ့ အကာပူလ်ကို ဆိပ်ကမ်းကနေ ထွက်ခွာလာခဲ့ပြီး နယူးယောက်ကနေ စကော့တလန်နိုင်ငံ၊ အဘာဒင်းမြို့ဆီ ခရီးဆက်ဖို့ မူလက စီစဉ်ထားခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။