Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တစ်ဆင့်တန် ပြားစေ့တွေ သွန်းလုပ် ထုတ်ဝေမှုကို ရပ်တန့်တော့မယ်လို့ အမေရိကန် အတည်ပြု

အမေရိကန် ငွေကြေးယူနစ်ရဲ့ ပြားစနစ်အတွက် အသုံးပြုတဲ့ တစ်ဆင့်ဒင်္ဂါးတွေ ထုတ်ဝေမှုကို ရပ်တန့်တော့မယ်လို့ အစိုးရက အတည်ပြု ကြေညာခဲ့ပါတယ်။

Getty Images

အမေရိကန် ငွေကြေးယူနစ်ရဲ့ ပြားစနစ်အတွက် အသုံးပြုတဲ့ တစ်ဆင့်ဒင်္ဂါးတွေ ထုတ်ဝေမှုကို ရပ်တန့်တော့မယ်လို့ အစိုးရက အတည်ပြု ကြေညာခဲ့ပါတယ်။

တစ်ဆင့် ဒင်္ဂါးတွေ သွန်းလုပ် ထုတ်ဝေမှုကို ၂၀၂၆ ခုနှစ်ကစပြီး ရပ်ဆိုင်းတော့မယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ပဲနိတွေလို့လည်း ခေါ်ဝေါ်လေ့ရှိတဲ့ ပြားစေ့တွေဟာ အမေရိကန် ငွေကြေးစနစ်မှာ ဒေါ်လာနဲ့အတူ ရာစုနှစ် နှစ်ခုကျော် ပါဝင် အသုံးတော်ခံခဲ့ပါတယ်။

ပဲနိပြားတွေ သွန်းလောင်းထုတ်ဝေမှုကို ရပ်တန့်ဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်ကို ဖေဖော်ဝါရီလမှာ ညွှန်ကြားခဲ့ပါတယ်။ အဲဒီ ပြားစေ့တွေ ဆက်ပြီး ရိုက်နှိပ် ထုတ်ဝေနေတာဟာ ဖြုန်းတီးမှု သက်သက်ပဲလို့ ထရမ့်က ဝေဖန်ခဲ့ပါတယ်။

အရင်ကတည်းကလည်း အမေရိကန်မှာ ပြားစေ့တွေ အသုံးမဝင်တော့တဲ့ အကြောင်းကို ဆယ်စုနှစ်တွေနဲ့ချီ အငြင်းအခုံတွေ ဖြစ်ခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဆင့်တန် ပြားစေ့တွေဟာ ၁၇၉၃ ခုနှစ်မှာ စတင် ထုတ်ဝေပြီး အမေရိကန် ဒင်္ဂါးသွန်းဌာနရဲ့ ပထမဆုံးလက်ရာ ဒင်္ဂါးတွေလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း စရိတ်တွေ တက်လာခြင်းနဲ့အတူ တစ်ဆင့်တန် ဒင်္ဂါးတစ်ခုအတွက် ကုန်ကျစရိတ်ဟာ ၃.၆၉ ဆင့်ထိ ရှိလာတယ်လို့ ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။ တစ်ဆင့်တန် ပြားစေ့တွေ ရိုက်နှိပ် ထုတ်ဝေမှုကို ရပ်ဆိုင်းလိုက်ခြင်းအားဖြင့် တစ်နှစ်ကို ဒေါ်လာ ၅၆ သန်းထိ ချက်ချင်း အကုန်အကျ သက်သာသွားမယ်လို့လည်း ဝန်ကြီးဌာနက ခန့်မှန်းခဲ့ပါတယ်။

အမေရိကန် အစိုးရဟာ တစ်ဆင့် ပြားစေ့တွေကို သွန်းလောင်း ထုတ်ဝေမှု ရပ်တန့်ပြီးရင် တခြား သတ္တုဒင်္ဂါး ပြားစေ့တွေ ထုတ်ဝေမှုကိုလည်း တစ်ဆင့်ချင်းစီ ရပ်နားသွားဖို့ ရည်ရွယ်ထားပါတယ်။

ဘဏ္ဍာရေး ဝန်ကြီးဌာနက ဒင်္ဂါးသွန်း ဌာနဟာ စုဆောင်းထားတဲ့ ကုန်ကြမ်းတွေ ကုန်ဆုံးတဲ့ အထိတော့ တစ်ဆင့်တန် ပြားစေ့တွေကို ဆက်လက် ထုတ်ဝေပေးနေမယ်လို့ ပြောပါတယ်။

တခြားကမ္ဘာ့နိုင်ငံတွေမှာလည်း ပြားစေ့တွေ ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ပြီးသား အခြေအနေတွေ ရှိပါတယ်။ ဥပမာ ကနေဒါမှာဆိုရင် မလိုအပ်တဲ့ စရိတ်တွေ လေလွင့်ကုန်ဆုံးတယ်ဆိုပြီး ၂၀၁၂ ကတည်းက တစ်ဆင့်တန် ဒင်္ဂါးပြားစေ့တွေ ထုတ်ဝေမှုကို ရပ်တန့်စေခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။