Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေချရင်း ထိခိုက်ပျက်စီးခဲ့တဲ့ မြောက်ကိုရီးယား စစ်သင်္ဘောရဲ့ ဂြိုဟ်တုဓာတ်ပုံ ထွက်ပေါ်လာ

မြောက်ကိုရီးယားဟာ စတင်ရေချချိန်မှာပဲ မတော်တဆမှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ စစ်သင်္ဘော အသစ်ကို သင်္ဘောကျင်းမှာပဲ ထားရှိပြီး တာလပတ်စတွေနဲ့ ဖုံးဖိထားတာကို ဂြိုဟ်တု ဓာတ်ပုံတွေအရ တွေ့ခဲ့ရပါတယ်။

Maxar

မြောက်ကိုရီးယားဟာ စတင်ရေချချိန်မှာပဲ မတော်တဆမှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ စစ်သင်္ဘော အသစ်ကို သင်္ဘောကျင်းမှာပဲ ထားရှိပြီး တာလပတ်စတွေနဲ့ ဖုံးဖိထားတာကို ဂြိုဟ်တု ဓာတ်ပုံတွေအရ တွေ့ခဲ့ရပါတယ်။

အခု သီတင်းပတ်ထဲမှာ မြောက်ကိုရီးယားဟာ တန်ချိန် ၅၀၀၀ အလေးချိန်ရှိတဲ့ ဖျက်သင်္ဘော အသစ်ကို ရေချရာက အမှားအယွင်းတစ်ခုဖြစ်ပြီး သင်္ဘောဝမ်းပိုင်းမှာ ကွဲထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။ အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်ပေမယ့် ပျက်စီးမှုဟာ အတော်ကြီး အခြေအနေ ဆိုးတယ်ဆိုတာ သိသာခဲ့ပါတယ်။

ပြီးတော့ ရေချပွဲကို ကိုယ်တိုင် ရောက်ရှိနေတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ အခု အလွဲအမှားအတွက် အကြီးအကျယ် ဒေါသထွက်ခဲ့ပြီး အဓိက တာဝန်ယူရမယ့် အရာရှိတွေနဲ့ စစ်မှုထမ်းတွေကို ရာဇဝတ်မှုမြောက်တဲ့ ပေါ့ဆမှု ကျူးလွန်သူတွေအဖြစ် အရေးယူမယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ လူအသေအပျောက် ရှိခဲ့သလား ဆိုတာကိုတော့ မသိရသေးပါဘူး။

ဂြိုဟ်တုမှတ်တမ်း ဓာတ်ပုံတွေအရ အပြာရောင် တာပေါ်လင်စတွေနဲ့ ဖုံးဖိထားတဲ့တိုင် သင်္ဘောရဲ့ ကိုယ်ထည် အစိတ်အပိုင်းတစ်ခုက သင်္ဘောကျင်း ကုန်းမြေပေါ်မှာ ကျန်နေပြီး ကျန်တဲ့ အပိုင်းတွေက ရေထဲမှာ ပေါလောမျောနေကြောင်း ခန့်မှန်းနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

မေလ ၂၂ ရက်နေ့က မြောက်ကိုရီးယား အရှေ့ဖက် ဆိပ်ကမ်းမြို့ တစ်ခုဖြစ်တဲ့ ချွန်ဂျင်းမှာ ဖျက်သင်္ဘောကို ရေချတဲ့အချိန် ဝရုန်းသုန်းကား အခြေအနေနဲ့ ကြုံခဲ့တာပါ။ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနကတော့ ထိခိုက်ပျက်စီးမှု အခြေအနေဟာ အရမ်းမဆိုးပါဘူးလို့ နောက်တစ်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ သင်္ဘောဝမ်း ကွဲသွားပြီး ပင်လယ်ရေတွေ ကိုယ်ထည်ထဲ ဝင်ရောက်ခဲ့တယ် ဆိုတာကိုတော့ KCNAက အတည်ပြုထားပါတယ်။

ဖြစ်စဉ်နောက်ပိုင်း အရေးယူမှုတွေနဲ့ ပတ်သက်ပြီး အတိအကျ မသိရသေးပေမယ့် သင်္ဘောကျင်း မန်နေဂျာ ဟွန်ကီလ်ဟိုကို အာဏာပိုင်တွေက ဆင့်ခေါ်ထားတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားဟာ ချိုယန်လို့ နာမည်ပေးထားတဲ့ အမျိုးအစားတူ နောက်ထပ် ဖျက်သင်္ဘော တစ်စီးကိုလည်း ဧပြီလမှာ ရေချခဲ့ပါတယ်။ အဲဒီတုန်းက သင်္ဘောကို စတင်မိတ်ဆက်တဲ့ အခမ်းအနားကို ကင်မ်က သမီးဖြစ်သူ ကင်မ်ဂျူအေးနဲ့အတူ တက်ရောက်ခဲ့ပါတယ်။ အဲဒီ မိန်းကလေးဟာ ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေး ခံထားရပါတယ်။

ချိုယန် ဖျက်သင်္ဘောဟာ လာမယ့်နှစ် အစောပိုင်းလောက်မှာ ရေတပ်ရဲ့ တာဝန်တွေကို လက်တွေ့စတင် ထမ်းဆောင်နိုင်ဖွယ် ရှိတယ်လို့လည်း မြောက်ကိုရီးယားက ထုတ်ပြန်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

နောက်ထပ် မြောက်ကိုရီးယားစစ်သည် သောင်းနဲ့ချီ ထပ်မံခေါ်ယူနိုင်ဖို့ ရုရှားက ဆွေးနွေးနေကြောင်း သိရှိရပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။