Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဟိုသီထိန်းချုပ်ထားရာ လေဆိပ်ထဲက နောက်ဆုံးလေယာဉ် ပျက်စီး

ယီမင်နိုင်ငံမှာ ဟိုသီ လက်နက်ကိုင်တွေ ထိန်းချုပ်ထားရာ နိုင်ငံတကာ လေဆိပ်ထဲက နောက်ဆုံးလက်ကျန် လေယာဉ်ဟာ အစ္စရေး လေကြောင်းတိုက်ခိုက်မှု တစ်ခုအတွင်း ပျက်စီးသွားခဲ့ပြီ ဖြစ်ပါတယ်။

Reuters

ယီမင်နိုင်ငံမှာ ဟိုသီ လက်နက်ကိုင်တွေ ထိန်းချုပ်ထားရာ နိုင်ငံတကာ လေဆိပ်ထဲက နောက်ဆုံးလက်ကျန် လေယာဉ်ဟာ အစ္စရေး လေကြောင်းတိုက်ခိုက်မှု တစ်ခုအတွင်း ပျက်စီးသွားခဲ့ပြီ ဖြစ်ပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို အကြိမ်ကြိမ် ခံခဲ့ရတဲ့နောက် မေလ ၂၈ ရက်နေ့မှာတော့ ဆာနားမြို့တော် နိုင်ငံတကာ လေဆိပ်ထဲမှာ ရှိသမျှ လေယာဉ်အားလုံး ပျက်စီးသွားကြောင်း ဟိုသီ အာဏာပိုင်တွေက ပြောပါတယ်။

လေဆိပ်ထဲမှာ အကောင်းအတိုင်း ကျန်နေတဲ့ Yemenia လေကြောင်းပိုင် လေယာဉ်ဟာ မေလ ၂၈ ရက်နေ့ တိုက်ခိုက်မှုမှာတော့ ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေဟာ အစ္စရေးရဲ့ ရန်လို ရမ်းကားမှုလို့ ဟိုသီတွေက စွပ်စွဲခဲ့ပြီး အစ္စရေးကတော့ နိုင်ငံပိုင်နက်ထဲကို ဟိုသီတွေက ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လက်တုံ့ပြန်တာလို့ ပြောပါတယ်။ ဆာနား လေဆိပ်ဟာ အရင်ကလည်း အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွေရဲ့ ပစ်မှတ် ဖြစ်ခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

လဆန်းပိုင်းက အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှု တစ်ခုကြောင့် လေဆိပ်မှာရှိတဲ့ လေယာဉ် ၆ စီး ပျက်စီးသွားတဲ့နောက် ဆာနားလေဆိပ်ဟာ အရပ်ဖက် လေကြောင်းခရီးစဉ်တွေကို အကန့်အသတ်နဲ့သာ ကိုင်တွယ်နိုင်ပါတော့တယ်။

ဟိုသီတွေဟာ နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရကို တော်လှန်တဲ့ သူပုန်အဖွဲ့ဖြစ်ပြီး မြို့တော် ဆာနား အပါအဝင် ယီမင်နိုင်ငံရဲ့ ကျယ်ပြန့်တဲ့ အစိတ်အပိုင်းတွေကို ထိန်းချုပ်ထားပါတယ်။ ဂါဇာမှာ အစ္စရေး-ပါလက်စတိုင်း စစ်ပွဲ စတင်လာတဲ့အခါ ဟိုသီတွေက ဂါဇာပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း ကြေညာပြီး အစ္စရေး ပိုင်နက်ထဲကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အကြိမ်ကြိမ် တိုက်ခိုက်နေခဲ့သလို အစ္စရေးကလည်း ယီမင်မှာရှိတဲ့ ဟိုသီ ပစ်မှတ်တွေကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ခဲ့ပါတယ်။

အစ္စရေး ကာကွယ်ရေး ဝန်ကြီး အစ္စရေး ကတ်ဇ်က မေလ ၂၈ ရက်နေ့ လေကြောင်း တိုက်ခိုက်မှုဟာ လေဆိပ်ထဲမှာ ရှိနေတဲ့ အကြမ်းဖက်အဖွဲ့ပိုင် တိုက်လေယာဉ်တွေကို ပစ်မှတ်ထားခဲ့တာလို့ ပြောပါတယ်။ အဲဒီ မတိုင်ခင် ၂ ရက်က ဟိုသီတွေဟာ အစ္စရေး ပိုင်နက်ထဲကို ဒုံးကျည် ၂ စင်း ပစ်ခတ်ခဲ့ပါတယ်။

ကတ်ဇ်က အစ္စရေးကို ပစ်မှတ်ထားတဲ့ အကြမ်းဖက် စစ်ဆင်ရေးတွေမှာ အသုံးပြုနေတဲ့ ဂျက်တိုက်လေယာဉ်တွေကို ဖျက်ဆီးပစ်ခဲ့ပြီး လေဆိပ်ထဲမှာရှိတဲ့ နောက်ဆုံးလက်ကျန် လေယာဉ်လည်း ပျက်စီးသွားခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

Yemenia လေကြောင်းလိုင်းကတော့ ပျက်စီးသွားတဲ့ လေယာဉ်ဟာ ဝတ်ပြုခရီးသည်တွေကို ဆော်ဒီအာရေးဘီးယားဆီ ဘာသာရေး ခရီးစဉ် ပို့ဆောင်ဖို့ စီစဉ်ထားတဲ့အချိန် ဖျက်ဆီးခံလိုက်ရတာလို့ ထုတ်ပြန်ထားပါတယ်။

ကိုးကား: Gulf Today

ဆက်စပ်သတင်းများ

သတင်း

ယီမင် အခြေစိုက် ဟိုသီ ပြောက်ကျားအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ဆော်ဒီအာရေးဘီးယားမှာ အရပ်သား ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ယီမင်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ အမျိုးအမည်မသိ စစ်လက်နက် တစ်မျိုးနဲ့ ပစ်ခတ်ခံရလို့ အိန္ဒိယအလံ လွှင့်ထူထားတဲ့ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။