Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယား ရေတပ် ကင်းလှည့်လေယာဉ် ပျက်ကျပြီး ၄ ဦးသေ

တောင်ကိုရီးယား ရေတပ်ရဲ့ ကင်းလှည့်လေယာဉ် တစ်စီးဟာ နိုင်ငံတောင်ပိုင်းမှာ ပျက်ကျပြီး လူ ၄ ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

AP

တောင်ကိုရီးယား ရေတပ်ရဲ့ ကင်းလှည့်လေယာဉ် တစ်စီးဟာ နိုင်ငံတောင်ပိုင်းမှာ ပျက်ကျပြီး လူ ၄ ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

မေလ ၂၉ ရက်နေ့က P-3 အမျိုးအစား လေယာဉ်ဟာ နိုင်ငံရဲ့ အရှေ့တောင်ပိုင်းမှာရှိတဲ့ ပိုဟန်မြို့ လေတပ်စခန်းတစ်ခုကနေ လေ့ကျင့်ရေး မစ်ရှင်အတွက် ပျံတက်ပြီး ၇ မိနစ်ဝန်းကျင် အကြာမှာ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။

လေယာဉ်ကို ရေတပ်က အပူတပြင်း လိုက်ရှာခဲ့တဲ့နောက် ပိုဟန်မြို့နားမှာရှိတဲ့ တောင်စောင်း တစ်နေရာမှာ ပျက်ကျထားတဲ့ လေယာဉ်ပျက် အစိတ်အပိုင်းတွေကို ရှာတွေ့ခဲ့ပါတယ်။ လေယာဉ်ဟာ ပျက်ကျချိန်မှာ ပေါက်ကွဲ မီးလောင်ခဲ့ပြီး အနီးတဝိုက်က သစ်ပင်တွေပါ မီးကျွမ်းနေခဲ့ပါတယ်။

လေယာဉ်ပျက်ကျရမှု အကြောင်းရင်းကို တိတိကျကျ မသိရသေးဘဲ စုံစမ်းမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ လေတပ်က ပြောပါတယ်။ လေယာဉ်ပေါ် လိုက်ပါသွားတဲ့ အဖွဲ့သား ၄ ဦးစလုံးကတော့ အသက်ဆုံးရှုံးခဲ့ပါတယ်။ အခုဖြစ်စဉ်ကြောင့် မြေပြင်ပေါ်က အရပ်သားတွေ ထိခိုက်သေကြေတဲ့ သတင်းတော့ မကြားရပါဘူး။

Public Service Announcement

Public Service Announcement

ရေတပ်ဟာ လေယာဉ်ပျက်ကျမှုအပြီး P-3တွေ အားလုံး ပျံသန်းခွင့်ကို ယာယီ ဆိုင်းငံ့ထားစေပြီး လုံခြုံရေး ဆန်းစစ်မှုတွေ ပြန်လည် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

လေယာဉ်ပျက်ကျတဲ့ နေရာမှာ လောင်ကျွမ်းနေတဲ့ မီးကို ပိုဟန်မြို့ထဲက မီးသတ်ကားတွေနဲ့ မီးသတ်ဝန်ထမ်း အယောက် ၄၀ လောက်က သွားရောက် ငြှိမ်းသတ်ခဲ့ရပါတယ်။

တောင်ကိုရီးယားနိုင်ငံ သမိုင်းမှာ အဆိုးဆုံး လေကြောင်း မတော်တဆမှုကြီးအပြီး လပိုင်းလောက် အကြာမှာ အခုလိုမျိုး ရေတပ် ကင်းလှည့်လေယာဉ် ပျက်ကျမှုနဲ့ ကြုံခဲ့တာပါ။ ဒီဇင်ဘာလတုန်းက ဂျယ်ဂျူ လေကြောင်းပိုင်း ခရီးသည်လေယာဉ်ဟာ နိုင်ငံတောင်ပိုင်းမှာရှိတဲ့ မူအန်လေဆိပ်မှာ အရေးပေါ် ဆင်းသက်တဲ့အချိန် ပြေးလမ်းအဆုံးမှာရှိတဲ့ ကွန်ကရစ် အကာအရံကို ဝင်တိုက်မိခဲ့တာကြောင့် ၁၇၉ ဦး သေဆုံးပြီး ၂ ဦးသာ အသက်ရှင်ခဲ့ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ