Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွှေ့ပြောင်းအခြေချသူတွေအတွက် အကာအကွယ်တွေကို ထရမ့်ပယ်ဖျက်ခွင့် ရှိတယ်လို့ အမေရိကန် တရားရုံးချုပ် ဆုံးဖြတ်

ရွှေ့ပြောင်း အခြေချသူတွေအတွက် ဥပဒေကြောင်းအရ အကာအကွယ် ပေးထားမှုတွေကို သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရက ပယ်ဖျက်ပိုင်ခွင့် ရှိတယ်လို့ အမေရိကန် တရားရုံးချုပ်က အဆုံးအဖြတ် ပေးလိုက်ပါတယ်။

AFP

ရွှေ့ပြောင်း အခြေချသူတွေအတွက် ဥပဒေကြောင်းအရ အကာအကွယ် ပေးထားမှုတွေကို သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရက ပယ်ဖျက်ပိုင်ခွင့် ရှိတယ်လို့ အမေရိကန် တရားရုံးချုပ်က အဆုံးအဖြတ် ပေးလိုက်ပါတယ်။

သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်ထက်တုန်းက ကျူးဘား၊ ဟေတီ၊ နီကာရာဂွာနဲ့ ဗင်နီဇွဲလား နိုင်ငံတွေရဲ့ ရွှေ့ပြောင်းအခြေချသူ ၅၀၀၀၀၀ လောက်ကို ဥပဒေကြောင်းအရ အကာအကွယ် ပေးထားပေမယ့်လည်း မေလ ၃၀ ရက်နေ့ စီရင်ချက်မှာတော့ လက်ရှိ အစိုးရကသာ ဆန္ဒရှိရင် အဲဒီ သတ်မှတ်ချက်ကို ရုပ်သိမ်းပိုင်ခွင့်ရှိကြောင်း လမ်းဖွင့်ပေးထားပါတယ်။

တစ်ဖက်မှာတော့ ရွှေ့ပြောင်း အခြေချသူတွေကို နယ်နှင်ဖို့ ပြင်ဆင်နေတဲ့ အစိုးရရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ တုံ့ပြန်စိန်ခေါ်ဖို့ အားထုတ်မှုတွေလည်း ရှိနေဆဲပါ။

တရားရုံးချုပ် စီရင်ချက် ထွက်ပေါ်လာပြီး မကြာခင်မှာပဲ အမေရိကန် ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနက အခုအခါ ပြည်ပကနေ ကျူးကျော်ခိုဝင်လာသူတွေကို ထိထိရောက်ရောက် ဖယ်ရှား နှင်ထုတ်နိုင်တော့မယ်လို့ ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို အမေရိကန်ကနေ နှင်ထုတ်မယ် ဆိုတာဟာ သမ္မတ ထရမ့်ရဲ့ ရွေးကောက်ပွဲကြို မဟာဗျူဟာ မဲဆွယ်ကတိတစ်ခု ဖြစ်ခဲ့ပါတယ်။ ထရမ့် သမ္မတ ဖြစ်လာပြီးတဲ့နောက် တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို နယ်နှင်တဲ့ကိစ္စ ဖိဖိစီးစီး အစပြုဖို့ ပြည်တွင်း လုံခြုံရေး ဝန်ကြီးဌာနကို ညွှန်ကြားခဲ့ပေမယ့် ဖက်ဒရယ် တရားသူကြီး တစ်ဦးက ကြားဝင် ဟန့်တားထားခဲ့တာပါ။ အခုတော့ တရားရုံးချုပ်ဟာ အစိုးရဖက်က ရပ်တည်ပေးလိုက်တာ ဖြစ်ပါတယ်။

တရားသူကြီး တစ်ဦးဖြစ်တဲ့ ကီတန်ဂျီက တရားရုံးချုပ် ဆုံးဖြတ်ချက်ကို အပြင်းအထန် ဝေဖန်ခဲ့ပြီး ကိုင်တွယ် ဆောင်ရွက်နေတဲ့ ကိစ္စရဲ့ အနှစ်သာရကို တရားရုံးချုပ် ကိုယ်တိုင်က ဖျက်ဆီးခဲ့တာလို့ စွပ်စွဲသွားပါတယ်။ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ မူလက ဖက်ဒရယ် တရားသူကြီး သတ်မှတ်ထားတဲ့ နယ်နှင်မှု ပိတ်ပင်အမိန့်ကို ပယ်ဖျက်ပေးလိုက်တာ ဖြစ်တာကြောင့် ပြည်တွင်း လုံခြုံရေး ဝန်ကြီးဌာနဟာ ဆိုင်းငံ့ခံထားရတဲ့ နယ်နှင်ရေး အစီအမံတွေကို ပြန်လည် အရှိန်မြှင့်လာနိုင်ခြေ ရှိနေပါတယ်။

တရားရုံးချုပ် အမိန့်ကြောင့် ထရမ့်ရဲ့ အစိုးရဟာ ဗင်နီဇွဲလား နိုင်ငံသား ၃၅၀၀၀၀ လောက်ကို ယာယီ အကာအကွယ် သတ်မှတ်ပေးထားတဲ့ အခြေအနေကနေ ရုပ်သိမ်းလို့လည်း ရလာမှာပါ။

အခုကိစ္စနဲ့ ပတ်သက်ပြီး တရားရေးအရ ငြင်းခုံမှု၊ အားပြိုင်မှုတွေ မပြီးပြတ်သေးပေမယ့် အမေရိကန်ရောက် ရွှေ့ပြောင်းလုပ်သား သန်းဝက်လောက်ကတော့ တရားရုံးချုပ် အမိန့်အပြီးမှာ အနာဂတ်အတွက် ထိတ်လန့် စိုးရိမ်နေကြရပြီ ဖြစ်ပါတယ်။

ကိုးကား: CNBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။