Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါကစ္စတန်ကို ထောက်ခံသူတွေလို့ စွပ်စွဲပြီး လူပေါင်း ၈၀ ကျော်ကို အိန္ဒိယ ဖမ်းဆီး

ပါကစ္စတန်ကို အားပေး ထောက်ခံသူတွေဆိုတဲ့ စွပ်စွဲချက်အောက်မှာ အိန္ဒိယ အာဏာပိုင်တွေက လူပေါင်း ၈၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

AP

ပါကစ္စတန်ကို အားပေး ထောက်ခံသူတွေဆိုတဲ့ စွပ်စွဲချက်အောက်မှာ အိန္ဒိယ အာဏာပိုင်တွေက လူပေါင်း ၈၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

အာရှတောင်ပိုင်းက ခါးသီးပြိုင်ဘက် နှစ်နိုင်ငံကြား ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး စစ်ရေးပဋိပက္ခတစ်ခု ကြုံတွေ့ခဲ့ပြီး တစ်လဝန်းကျင် အကြာမှာ အိန္ဒိယ ရဲတပ်ဖွဲ့ဟာ ပါကစ္စတန် လိုလားထောက်ခံသူ ၈၁ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားခဲ့တာ ဖြစ်တယ်လို့ အစိုးရ ထိပ်တန်း အရာရှိ တစ်ဦးက ဇွန်လ ၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးခံရသူ အားလုံးဟာ နိုင်ငံ အရှေ့မြောက်ပိုင်း၊ အာသံဒေသထဲမှာ နေထိုင်သူတွေ ဖြစ်ကြောင်းလည်း သိရပါတယ်။ အာသံပြည်နယ် အုပ်ချုပ်ရေးမှူး ဟီမန်တာ ဘစ္စဝါဆာမားက ပါကစ္စတန်ကို ထောက်ခံပြီး အမျိုးသားရေးကို ဆန့်ကျင်သူ ၈၁ ဦးကို သံတိုင်တွေနောက် ပို့ထားလိုက်ပြီလို့ ပြောပါတယ်။

ဆာမားဟာ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ ဦးဆောင်တဲ့ ဟိန္ဒူ အမျိုးသားရေး ဝါဒီ အာဏာရပါတီရဲ့ နိုင်ငံရေးသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ဖမ်းဆီးမှုတွေနဲ့ ပတ်သက်လို့ အသေးစိတ်ကို မထုတ်ပြန်သေးပေမယ့် လူမှုကွန်ရက်ပေါ်မှာ ပါကစ္စတန်ကို ထောက်ခံရေးသားမှုတွေကို အာဏာပိုင်တွေက ပစ်မှတ်ထားခဲ့တယ်လို့ ယုံကြည်ရပါတယ်။

Public Service Announcement

Public Service Announcement

ဆာမားက အိန္ဒိယရဲ့ နည်းပညာ လုံခြုံရေး စနစ်တွေဟာ အမျိုးသားရေးကို ဆန့်ကျင်တဲ့ လူမှုကွန်ရက် ပို့စ်တွေကို အချိန်ပြည့် ဆန်းစစ် စောင့်ကြည့်ပြီး လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ အာသံ ရဲတပ်ဖွဲ့က အဖမ်းခံရသူ တစ်ဦးဟာ Instagram အကောင့်မှာ ပါကစ္စတန် အလံပုံကို တင်ထားတာကြောင့် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

မေလဆန်းတုန်းက အစ္စရေးနဲ့ ပါကစ္စတန်တို့ဟာ ၁၉၉၉ ခုနှစ်နောက်ပိုင်း နှစ်ဖက်ကြားမှာ အပြင်းထန်ဆုံး စစ်ရေးပဋိပက္ခ တစ်ခုမှာ ၄ ရက်ကြာ တိုက်ခိုက်ခဲ့ကြပါတယ်။ နောက်တော့ အမေရိကန်ရဲ့ ကြားဝင် စေ့စပ်ပေးမှုအရ မေလ ၁၀ ရက်နေ့မှာ အပစ်အခတ် ရပ်စဲခဲ့ကြပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ဆန္ဒပြနေတဲ့ လူစုလူဝေးကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲမှုကြောင့် ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး မိုင်းလုပ်သား ၃၄ ဦးထက်မနည်း သေဆုံးသွားပါတယ်။