Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မူးယစ်ဆေး သုံးနေကြောင်း သတင်းတွေကို အီလွန်မတ်စ်ခ် ငြင်းဆို

သူက မူးယစ်ဆေး သုံးစွဲနေတယ်ဆိုတဲ့ New York Times သတင်းဌာနက ရေးသား ဖော်ပြခဲ့တာကို အီလွန်မတ်စ်ခ်က ငြင်းဆိုသွားခဲ့ပါတယ်။

Getty Images

သူက မူးယစ်ဆေး သုံးစွဲနေတယ်ဆိုတဲ့ New York Times သတင်းဌာနက ရေးသား ဖော်ပြခဲ့တာကို အီလွန်မတ်စ်ခ်က ငြင်းဆိုသွားခဲ့ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဘီလီယံနာ သူဌေးကြီးဟာ သာမန်အဆင့် မူးယစ်ဆေး သုံးစွဲသူတောင် မဟုတ်ဘူးလို့ New York Timesရဲ့ ဆောင်းပါးမှာ ဖော်ပြထားခဲ့ပြီး မတ်စ်ခ်သုံးစွဲလေ့ ရှိတယ်ဆိုတဲ့ မူးယစ်ဆေး အမျိုးအစားတွေ စာရင်းကိုပါ အသေးစိတ် ထည့်သွင်း ရေးသားထားခဲ့ပါတယ်။

မတ်စ်ခ်ဟာ အမေရိကန် အစိုးရရဲ့ အထူးအရာရှိ ရာထူးတာဝန်ကနေ နုတ်ထွက်လိုက်ပြီးတဲ့ အချိန်မှာပဲ အခုလို လူအများ အာရုံစိုက်ခြင်း ခံရလောက်တဲ့ စွပ်စွဲမှုကို ကြုံတွေ့လာခဲ့တာပါ။ New York Timesရဲ့ ဆောင်းပါးထဲမှာတော့ မတ်စ်ခ်ဟာ အစိုးရ အဖွဲ့ထဲ အလုပ်လုပ်နေတဲ့ ကာလတွေမှာတောင် မူးယစ်ဆေးတွေ ဆက်ပြီး သုံးစွဲနေခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

နောက်ပြီး မတ်စ်ခ်ဟာ အလွန်အကျွံ မူးယစ်ဆေး သုံးစွဲတဲ့ဒဏ်ကြောင့် ဆီးအိမ်နဲ့ဆိုင်တဲ့ ကျန်းမာရေး ပြဿနာတစ်ခု သက်ရောက် ခံစားနေရတယ်လို့လည်း New York Timesက ဖော်ပြခဲ့ပါတယ်။ ပြီးတော့ မတ်စ်ခ်ဟာ ကက်တမင်း မူးယစ်ဆေးတွေ အလွန်အကျွံ သုံးဖြစ်နေတယ် ဆိုတာကို နီးစပ်သူတွေဆီ အသိပေးခဲ့တယ်လို့လည်း New York Timesက ဆိုပါတယ်။ ဒါတင်မကသေးဘဲ ဆေးပြားပေါင်းစုံ အရေအတွက် ၂၀ ဝန်းကျင်လောက်ပါတဲ့ ဘူးလေးကိုလည်း မတ်စ်ခ်က သွားလေရာ သယ်သွားလေ့ ရှိတယ်လို့ အမေရိကန် သတင်းဌာနကြီးက ရေးသားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

New York Timesဟာ အဲဒီဆောင်းပါးနဲ့ ပတ်သက်လို့ မတ်စ်ခ်ဆီက သဘောထား ကြေညာချက် တစ်ခုကို တောင်းခံခဲ့ပေမယ့် မတ်စ်ခ်ကတော့ မှတ်ချက် မပေးခဲ့ပါဘူး။ ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ အစိုးရ စွမ်းဆောင်ရည် မြှင့်တင်ရေး ဌာန (DOGE)ကနေ နုတ်ထွက်မှုအတွက် အိမ်ဖြူတော် နှုတ်ဆက်ပွဲ အခမ်းအနားမှာ အဲဒီအကြောင်း မေးမြန်းတဲ့အခါ မတ်စ်ခ်က နောက်မေးခွန်းကို ကျော်လိုက်ဖို့ ပြောသွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ မတ်စ်ခ်က သူဟာ မူးယစ်ဆေးဝါး သုံးစွဲသူ မဟုတ်ဘူးလို့ ရေးသားပြီး New York Timesက ကိစ္စတွေကို လိမ်ညာဖော်ပြနေတာလို့ စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်တွေတုန်းကတော့ သူဟာ ကက်တမင်းကို နည်းနည်း စမ်းသုံးခဲ့ဖူးကြောင်း၊ အဲဒီဆေးဟာ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အမှောင်တိုက် နယ်ပယ်တွေကနေ လွတ်မြောက်ဖို့ အကူအညီ ဖြစ်စေခဲ့ကြောင်း၊ ဒါပေမဲ့ အဲဒီနောက်ပိုင်း ဘာမူးယစ်ဆေးကိုမှ မသုံးတော့ကြောင်း မတ်စ်ခ်က ဆိုပါတယ်။

သတင်းထောက်တွေက မတ်စ်ခ်က မူးယစ်ဆေး သုံးနေတယ် ဆိုတာကို သိသလားလို့ သမ္မတ ဒေါ်နယ်လ်ထရမ့်ကိုလည်း မေးမြန်းခဲ့ပြီး ထရမ့်ကတော့ သူမသိကြောင်း၊ သူသိတာက မတ်စ်ခ်ဟာ တကယ့် လူကောင်းတစ်ယောက် ဆိုတာပဲဖြစ်ကြောင်း တုံ့ပြန်သွားပါတယ်။

ကိုးကား: The Hill

ဆက်စပ်သတင်းများ

သတင်း

အမှတ်(၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) ဦးတည်တဲ့ ထိုးစစ်တွေကြောင့် တိုက်ပွဲတွေပြင်းထန်နေတဲ့ ပန်းတောင်းမြို့နယ်မှာ စစ်တပ်ဂိတ်တွေကို အစစ်အဆေးမရှိဖြတ်ကျော်လာတဲ့ စိတ်ကြွဆေးပြား သိန်း ၃၀‌ကျော်ကို အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သတင်း

မူးယစ်တိုက်ဖျက်ရေးတိုးမြှင့်ဖို့ သံသယဖြစ်ဖွယ်လှုပ်ရှားမှုတွေကို အကြောင်းကြားပေးဖို့ KNU ဖိတ်ခေါ်

နိုင်ငံတကာ

ဘဟားမားစ် ကမ်းလွန်ရေပြင်က ငါးမန်းတွေဟာ မူးယစ်ဆေး၊ ကဖိန်းဓာတ်တွေနဲ့ ထိတွေ့ထားမှုတွေ ရှိနေကြောင်း သုတေသန စစ်တမ်းအသစ် တစ်ခုက ညွှန်ပြနေပါတယ်။

သတင်း

အသက်၁၅ နှစ်အရွယ်မြန်မာမိန်းကလေးတစ်ဦးဟာ တားမြစ်မူးယစ်ဆေးတစ်မျိုးပါဝင်တဲ့အီလက်ထရောနစ် စီးကရက်(vape) ပိုင်ဆိုင်မှုကြောင့် စင်ကာပူကနေ နှင်ထုတ်တာ ခံခဲ့ရပါတယ်။