Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေတပ်စခန်းတွေကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့မှုအတွက် ပူတင် လက်စားချေနိုင်တယ်လို့ ထရမ့်သတိပေး

ရုရှား လေတပ်စခန်းတွေကို ယူကရိန်းက ဒရုန်းတွေနဲ့ အုံလိုက်ကျင်းလိုက် တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးကို ရုရှားဖက်က လက်စားချေလာလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးခဲ့ပါတယ်။

ရုရှား လေတပ်စခန်းတွေကို ယူကရိန်းက ဒရုန်းတွေနဲ့ အုံလိုက်ကျင်းလိုက် တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးကို ရုရှားဖက်က လက်စားချေလာလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးခဲ့ပါတယ်။

သူဟာ မကြာသေးခင်က ပူတင်နဲ့ ဖုန်းပြောဖြစ်ခဲ့ကြောင်း၊ ပူတင်က သူ့နိုင်ငံ ပိုင်နက်ထဲက လေယာဉ်ကွင်းတွေ တိုက်ခိုက်ခံရတဲ့ ကိစ္စကို လက်တုံ့ပြန်သွားမယ်လို့ လေးလေးနက်နက် ပြောကြားသွားခဲ့ကြောင်း ထရမ့်က ဆိုပါတယ်။

ထရမ့်ရဲ့ စကားနဲ့ ပတ်သက်ပြီး ရုရှားအစိုးရက ဇွန်လ ၄ ရက် ညပိုင်းမှာ အတည်ပြုချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ရေးအရ တုံ့ပြန်ဖို့ စဉ်းစားထားတယ် ဆိုတာကိုတော့ အစောပိုင်းမှာ ကတည်းက ရုရှားက မှတ်ချက်ပေးထားပါတယ်။

ပူတင်နဲ့သူ ဖုန်းပြောခဲ့တာဟာ စစ်ပွဲရပ်ဆိုင်းရေးအတွက် ဖြစ်ပေမယ့် အဲဒီ တစ်နာရီကျော် စကားပြောရုံလောက်နဲ့တော့ ရုရှားနဲ့ ယူကရိန်းကြား ချက်ချင်း ငြိမ်းချမ်းရေး ရရှိစေမှာ မဟုတ်ဘူးလို့လည်း ထရမ့်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းဟာ ဆွေးနွေးညှိနှိုင်းမှုတွေကို နည်းလမ်းမျိုးစုံနဲ့ အနှောင့်အယှက် ပေးနေတဲ့ အတွက် စိတ်အနှောင့်အယှက် ဖြစ်မိတယ်လို့ ပူတင်က ထရမ့်ကို ပြောကြားခဲ့ကြောင်း ရုရှား အစိုးရ မီဒီယာ တစ်ခုရဲ့ အဆိုအရ သိရပါတယ်။ ပြီးတော့ ကိယက်ဗ်မှာ ရှိနေတဲ့ ယူကရိန်း အစိုးရဟာ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲလာနေပြီလို့လည်း ပူတင်က စွပ်စွဲခဲ့ပါတယ်။

နောက်ပြီး ရုရှားနဲ့ အမေရိကန်တို့ဟာ ကြီးမားတဲ့ အလားအလာကောင်းတွေ အများကြီး ရှိနိုင်တဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးတွေ ပြန်လည် အစပြုဖို့ ဖြစ်နိုင်ခြေတွေကိုပါ ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ RIA Novosti သတင်းဌာနက ဖော်ပြသွားပါတယ်။

ဇွန်လ ၁ ရက်နေ့က ယူကရိန်းဟာ ရုရှားနိုင်ငံ အနှံ့က လေတပ်စခန်း အနည်းဆုံး ၄ ခုကို ဒရုန်းအစင်း ၁၀၀ ကျော်နဲ့ တပြိုင်တည်း တိုက်ခိုက်ပြီး နျူကလီးယားလက်နက် တပ်ဆင်နိုင်တဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေ အပါအဝင် ရုရှား စစ်လေယာဉ် ၄၀ ကျော်ကို ဖျက်ဆီးခဲ့တဲ့ စစ်ဆင်ရေး နောက်ပိုင်းမှာ ထရမ့်နဲ့ ပူတင်တို့ ပထမဆုံးအကြိမ် ဖုန်းပြောခဲ့တာပါ။ ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်အင်အား သုံးပုံတစ်ပုံကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ယူကရိန်းက ကြွေးကြော်ထားပေမယ့် ရုရှားကတော့ ထိခိုက်ပျက်စီးမှု ပမာဏကို တိတိကျကျ အတည်မပြုပါဘူး။

ထရမ့်က ယူကရိန်းဟာ အဲဒီစစ်ဆင်ရေးကို အကောင်အထည် မဖော်ခင်မှာ အမေရိကန် အစိုးရဆီ ကြိုတင် အသိပေးခဲ့တာလည်း မရှိဘူးလို့ ပူတင်ကို ပြောကြားခဲ့ပါတယ်။

ထရမ့်ဟာ ရုရှားနဲ့ ယူကရိန်းကြား အပစ်အခတ် ရပ်စဲရေးကိစ္စ အကောင်အထည် ပေါ်လာစေဖို့ နှစ်ဖက်စလုံးကို ဖိအားပေးနေပေမယ့် စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံကြား တူရကီမှာ တွေ့ဆုံဆွေးနွေးမှု နှစ်ကြိမ်ဟာ သုံ့ပန်းချင်း လဲလှယ်ရေးထက် ပိုတဲ့ တိုးတက်မှုမျိုးတွေ မရရှိနိုင်ဘဲ အဆုံးသတ်ခဲ့ရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ကြိုဆိုဖို့ အမေရိကန် စစ်တပ် အရာရှိတွေက ပြာပြာသလဲ ကော်ဇောနီ ခင်းနေတဲ့ ဗီဒီယို တစ်ခုဟာ အမေရိကန်က လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အတော်လေး ဝေဖန်စရာ ဖြစ်နေပါတယ်။

နိုင်ငံတကာ

သတင်းဌာန သုံးခုကို အိမ်ဖြူတော်မှာ ဝင်ရောက် သတင်းယူခွင့် ပိတ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်ကို တရားရုံး တစ်ခုက ကြားဝင် တားမြစ်လိုက်ပါတယ်။

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

Facebook