Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာမှာ ဟားမားစ်ရဲ့ ပြိုင်ဘက်အဖွဲ့ကို အစ္စရေးက လက်နက်ထောက်ပံ့ထား

ဂါဇာ ကမ်းမြှောင်ဒေသထဲမှာ ဟားမားစ် ပြောက်ကျားအဖွဲ့ရဲ့ ပြိုင်ဘက် အစုအဖွဲ့ တစ်ခုကို အစ္စရေးက လက်နက် တပ်ဆင်ပေးနေပါတယ်။

EPA

ဂါဇာ ကမ်းမြှောင်ဒေသထဲမှာ ဟားမားစ် ပြောက်ကျားအဖွဲ့ရဲ့ ပြိုင်ဘက် အစုအဖွဲ့ တစ်ခုကို အစ္စရေးက လက်နက် တပ်ဆင်ပေးနေပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အဲဒီကိစ္စကို ဇွန်လ ၅ ရက်နေ့မှာ ကိုယ်တိုင် အတည်ပြုခဲ့ပါတယ်။ အစ္စရေး မီဒီယာ တချို့က နေတန်ညာဟုနဲ့ အစ္စရေး အစိုးရဟာ ဂါဇာ တောင်ပိုင်းမှာ လှုပ်ရှားနေတဲ့ အစုအဖွဲ့ တစ်ခုအတွက် လက်နက်တွေ ထောက်ပံ့ပေးနေကြောင်း ဖော်ပြခဲ့တဲ့နောက် ဝန်ကြီးချုပ်က အဲဒီသတင်း မှန်ကန်တယ်လို့ ထုတ်ပြောခဲ့တာပါ။

လူမှုကွန်ရက် မီဒီယာ Xမှာ တင်ထားတဲ့ ဗီဒီယို ဖြတ်ပိုင်းတို တစ်ခုမှာတော့ နေတန်ညာဟုက အဲဒီလုပ်ရပ်ဟာ ဘာများ မှားလို့လဲလို့ မေးခွန်းထုတ်ထားပါတယ်။ ဟားမားစ်ရဲ့ ပြိုင်ဘက်တွေကို လက်နက် ထောက်ပံ့ပေးတာဟာ အစ္စရေး စစ်သားတွေရဲ့ အသက်တွေကို ကယ်တင်နိုင်စေဖို့ ဖြစ်ကြောင်း၊ ဒီကိစ္စမျိုးကို လူသိရှင်ကြား ထုတ်ပြောနေရင် ဟားမားစ် အတွက်ပဲ အကျိုးရှိသွားစေမှာဖြစ်ကြောင်း သူက ဆိုပါတယ်။

အစ္စရေး စစ်ဘက် အရာရှိ တချို့ကို ကိုးကားပြီး အစ္စရေး မီဒီယာတွေက ဖော်ပြရာမှာ နေတန်ညာဟုရဲ့ အစိုးရဟာ ယာဆာ အဘူ ရှာဘက်ဘ်ဆိုတဲ့ အမျိုးသား ဦးဆောင်တဲ့ ဂါဇာ အခြေစိုက် အစုအဖွဲ့ တစ်ခုကို လက်နက်တွေ ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဂါဇာမှာတော့ ပြည်သူ့စစ်၊ ဒါမှမဟုတ် လက်နက်ကိုင် ဒုစရိုက်ဂိုဏ်းလို့ ရှုမြင်ခံရတာတွေ ရှိနေတဲ့ အဖွဲ့ဟာ ဟားမားစ်တွေကို ဆန့်ကျင် ရပ်တည်တယ်လို့ ကြွေးကြော်ထားပါတယ်။ အဘူရှာဘက်ဘ်ရဲ့ အဖွဲ့က ဂါဇာကို ဝင်ရောက်လာတဲ့ ထောက်ပံ့ရေး ယာဉ်တန်းတွေကို အကာအကွယ်ပေးဖို့ ရည်ရွယ်ပြီး လက်နက်ကိုင်တာလို့ ပြောပေမယ့် လေ့လာသူတွေကတော့ လက်တွေ့မှာ ပြောင်းပြန်ဖြစ်နေပြီး ယာဉ်တန်းတွေကို ကြားဖြတ်လုယက်နေသူတွေလို့လည်း စွပ်စွဲထားကြပါတယ်။

နေတန်ညာဟုက အခုကိစ္စကို အတိအလင်း ဝန်ခံခဲ့ပေမယ့် နိုင်ငံရေးအရတော့ အရှက်ရစရာ အခြေအနေတွေကို ကြုံနေရပါတယ်။ အစောပိုင်းမှာ အတိုက်အခံ အင်အားစုတွေက ဝန်ကြီးချုပ် အနေနဲ့ အစ္စရေးရဲ့ လက်နက်တွေကို ဒုစရိုက်သမား၊ လူရမ်းကားတွေကို သူ့သဘောနဲ့သူ လွှဲပြောင်းပေးနေတယ်လို့ စွပ်စွဲခဲ့ပြီး အစ္စရေး စစ်တပ်ကလည်း အဲဒီကိစ္စ မှန်ကန်ကြောင်း ဝန်ခံထားပါတယ်။

နေတန်ညာဟုက ဟားမားစ်ရဲ့ ပြိုင်ဘက် အဖွဲ့အစည်း တစ်ခုကို လက်နက် ထောက်ပံ့ပါတယ်လို့ အတည်ပြုထားပေမယ့် အဘူ ရှာဘက်ဘ်ကတော့ သူဟာ အစ္စရေးဆီက လက်နက်တွေ ရရှိနေတယ်ဆိုတာ လုံးဝ မဟုတ်ကြောင်း အွန်လိုင်းမှာ ငြင်းဆိုထားပါတယ်။ သူ့အဖွဲ့ရဲ့ လက်နက်တွေဟာ ခေတ်နောက်ကျ ဟောင်းနွမ်းနေပြီး ဒေသခံ လူထုက ထောက်ပံ့ပေးထားတာတွေသာ ဖြစ်တယ်လို့ အဘူရှာဘက်ဘ်က ပြောကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။