Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးရဲ့ မြို့ကြီးတွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ပြီး အီရန် လက်တုံ့ပြန်

အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ အစ္စရေးနိုင်ငံရဲ့ မြို့ကြီးတွေကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

AP

အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ အစ္စရေးနိုင်ငံရဲ့ မြို့ကြီးတွေကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ဇွန်လ ၁၃ ရက်နေ့ တိုက်ခိုက်မှုဟာ မြေပြင်အခြေစိုက် ဒုံးကျည် အစင်း ၁၀၀ နီးပါးလောက်ကို နှစ်သုတ်ခွဲ ပစ်ခတ်ခဲ့တာ ဖြစ်ပြီး တဲလ်အဗစ်ဗ်နဲ့ ဂျေရုဆလင်တို့မှာ ရှိနေတဲ့ လူနေထူထပ်တဲ့ ဧရိယာတွေကို ပစ်မှတ်ထားခဲ့တာ ဖြစ်တယ်လို့ အစ္စရေးက ထုတ်ပြန်ပါတယ်။

အစ္စရေး စစ်တပ်ဟာ အီရန်ရဲ့ ဒုံးကျည် အများစုကို ကြားဖြတ် ပစ်ချနိုင်ခဲ့တဲ့တိုင် အခုတိုက်ခိုက်မှုအတွင်း စုစုပေါင်း လူ ၃၄ ဦးလောက် ဒဏ်ရာရခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဇွန်လ ၁၃ ရက် မနက်ပိုင်းမှာ အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေနဲ့ စစ်စခန်းတွေကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက် ဖျက်ဆီးခဲ့တဲ့နောက် အီရန်က အခုလို လက်တုံ့ပြန်ခဲ့တာပါ။ အဲဒီလို ဒုံးကျည်တွေနဲ့ မပစ်ခတ် အီရန်ဟာ အစ္စရေးကို ဒရုန်းတွေ အများအပြား စေလွှတ်ပြီးလည်း တိုက်ခိုက်ခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

အီရန်ရဲ့ အဓိပတိ အယာတိုလာ အလီ ခါမေနီက အီရန်ကို ထိပါးရန်စခဲ့မှုအတွက် အစ္စရေးဟာ ပြင်းပြင်းထန်ထန် ပြစ်ဒဏ် စီရင်ခံထိုက်တယ်လို့ ပြောကြားထားပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ အီရန်ရဲ့ စစ်ဘက်နဲ့ အရပ်ဖက် ခေါင်းဆောင်တွေ၊ နျူကလီးယား သိပ္ပံပညာရှင်တွေပါ သေဆုံးခဲ့ပါတယ်။

အီရန်က ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေကို အစ္စရေး လေကြောင်းကာကွယ်ရေး စနစ်တွေက ကြားဖြတ် ပစ်ချနေချိန် ညပိုင်း ကောင်းကင်ယံမှာ ပေါက်ကွဲသံတွေ ဆူညံပြီး အရောင်တွေ ထိန်လင်းသွားသလို မြေပြင်ပေါ်က အဆောက်အအုံတွေလည်း သိမ့်သိမ့်တုန်နေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ပြီးတော့ တဲလ်အဗစ်ဗ်ရော၊ ဂျေရုဆလင်မှာပါ လေကြောင်း အန္တရာယ် အချက်ပေး ဥဩသံတွေလည်း ဆူညံနေခဲ့ပါတယ်။

မြေပြင်မှာ ရှိနေတဲ့ AP သတင်းထောက်တွေက တဲလ်အဗစ်ဗ်မှာ အီရန်ရဲ့ ဒုံးကျည် အနည်းဆုံး ၂ စင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း ပြောပေမယ့် ထိခိုက်သေဆုံးမှု အခြေအနေ အတိအကျကိုတော့ မသိရပါဘူး။ တဲလ်အဗစ်ဗ်မှာရှိတဲ့ ဆေးရုံတစ်ခုကတော့ အီရန်ရဲ့ ဒုတိယအသုတ် ဒုံးကျည် ပစ်ခတ်မှုတွေအပြီး လူနာ ၇ ဦး ရောက်လာကြောင်း ပြောပါတယ်။

အစ္စရေးရဲ့ မြေပြင်ကယ်ဆယ်ရေး အဖွဲ့တွေကတော့ အီရန်ရဲ့ တိုက်ခိုက်မှုအတွင်း အသေအပျောက် မရှိသေးပေမယ့် လူ ၃၄ ဦး ဒဏ်ရာရတဲ့ စာရင်း ရရှိထားကြောင်း ပြောပါတယ်။

အစ္စရေး အစိုးရဟာ အီရန်က နျူကလီးယားလက်နက်တွေ ထုတ်လုပ်နိုင်ဖို့ သီတင်းပတ် အနည်းငယ်ထိ နီးကပ်လာတဲ့အတွက် လက်ဦးမှုယူ တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ အီရန်သာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်သွားရင် အစ္စရေးရဲ့ ရှင်သန် ရပ်တည်မှုကို အကြီးအကျယ် ခြိမ်းခြောက်လာနိုင်တာကြောင့် အဲဒီ ခြိမ်းခြောက်မှုကို ကြိုတင် ရှင်းလင်းလိုက်တာလို့လည်း အစ္စရေးက ပြောပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အီရန်က ပစ်မှတ်တွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ မပြီးဆုံးသေးဘဲ လိုအပ်ရင် လိုအပ်သလောက် နောက်ထပ်နေ့ရက်တွေ အချိန်ယူပြီး ဆက်လက် အကောင်အထည် ဖော်နေမယ်လို့လည်း သတိပေးထားပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။