Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြန်မာ အပါအဝင် ၁၂ နိုင်ငံကို ဗီဇာပိတ်ပြီးတဲ့နောက် နောက်ထပ် ၃၆ နိုင်ငံကို အမေရိကန် စောင့်ကြည့်နေ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အမေရိကန်ဆီ ပြည်ဝင်ခွင့် ဗီဇာပိတ်မယ့် နိုင်ငံတွေ စာရင်းကို အရေအတွက် တော်တော်များများ ထပ်တိုးဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

EPA

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အမေရိကန်ဆီ ပြည်ဝင်ခွင့် ဗီဇာပိတ်မယ့် နိုင်ငံတွေ စာရင်းကို အရေအတွက် တော်တော်များများ ထပ်တိုးဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

အမေရိကန်ဟာ အခုလကစလို့ မြန်မာ အပါအဝင် နိုင်ငံ ၁၂ ခုရဲ့ နိုင်ငံသားတွေကို အမေရိကန်ဆီ ဝင်ရောက်ခွင့် ဗီဇာတွေ ပိတ်ပင်ကြောင်း အတည်ပြု ကြေညာထားပါတယ်။ အဲဒီ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ လုံခြုံရေးအရ စိုးရိမ်တာတွေ၊ အမေရိကန်မှာ တရားမဝင် နေထိုင်မှု overstayတွေ များပြားနေတာတွေစတဲ့ အကြောင်းပြချက်တွေကို အမေရိကန် အစိုးရက ထုတ်ပြန်ထားခဲ့ပါတယ်။

အခုတော့ ထရမ့်ဟာ နောက်ထပ်နိုင်ငံပေါင်း ၃၆ ခုကိုလည်း အလားတူ ဗီဇာပိတ်ဆို့မှုတွေ လုပ်သင့်မလုပ်သင့် လေ့လာ ဆန်းစစ်ဖို့ ပြည်ထဲရေး ဝန်ကြီးဌာနကို ညွှန်ကြားထားကြောင်း သိရပါတယ်။

Reuters သတင်းအေဂျင်စီဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ရုံးတွင်း ညွှန်ကြားချက် တစ်ခုကို ကြည့်ရှုခွင့် ရခဲ့ပြီး အဲဒီထဲမှာတော့ နောက်ထပ် ၃၆ နိုင်ငံဟာ ရက်ပေါင်း ၆၀ အတွင်း သိသာတဲ့ ပြင်ဆင်ပြောင်းလဲမှုတွေ မရှိရင် ဗီဇာပိတ်ဆို့ ခံရစေဖို့ လမ်းညွှန်ထားတာကို တွေ့ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံရပ်ခြားက အကြမ်းဖက်သမားတွေ ဝင်ရောက်လာမှုနဲ့ တခြားသော အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့အတွက် အဲဒီ ပိတ်ပင်မှုတွေ မရှိမဖြစ် လိုအပ်တယ်လို့လည်း ရုံးတွင်း ညွှန်ကြားချက်မှာ ဖော်ပြထားခဲ့ပါတယ်။ အဲဒီ ညွှန်ကြားချက်ကို ထရမ့်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ မာကို ရူဘီရိုက လက်မှတ်ရေးထိုး အတည်ပြုပေးထားပါတယ်။

အခုလို ဗီဇာ ပိတ်ဆို့မှုတွေဟာ အမေရိကန်မှာ တရားမဝင် အခြေချ နေထိုင်တဲ့ ပြည်ပနိုင်ငံသားတွေကို ဖြိုခွင်းမယ့် ထရမ့်ရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့လည်း ဆက်စပ်နေပါတယ်။ နောက်ထပ် နိုင်ငံအသစ်တွေ ထပ်တိုးပြီး ဗီဇာပိတ်ရေး ဆန်းစစ်လေ့လာဖို့ ရုံးတွင်းညွှန်ကြားချက် ထုတ်ထားတဲ့ အကြောင်းကို အမေရိကန်ရဲ့ Washington Post သတင်းစာက အစောဆုံး ဖော်ပြခဲ့ပါတယ်။

ရုံးတွင်း ညွှန်ကြားချက်ထဲမှာတော့ အမေရိကန်ရောက် နိုင်ငံသားတွေ နယ်နှင်ခံရတဲ့ အချိန်မှာ ပြန်လက်ခံပေးဖို့ တချို့နိုင်ငံတွေက ပူးပေါင်း ပါဝင်မှု မရှိဘူးလို့ စွပ်စွဲထားပါတယ်။ တချို့ နိုင်ငံတွေကတော့ နိုင်ငံသားတွေက အမေရိကန်မှာ သတ်မှတ် ကာလထက် အများကြီး အချိန်ကျော်လွန်ပြီး overstayတွေ များနေလို့ လျာထား စာရင်းထဲ ပါဝင်နေတာပါ။ မြန်မာနိုင်ငံဟာလည်း အဲဒီ အကြောင်းပြချက်ကြောင့် ထရမ့်ရဲ့ ဗီဇာပိတ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

နောက်ထပ် ရက်ပေါင်း ၆၀ ထိ အခြေအနေတွေ စောင့်ကြည့်ပြီး တိုးတက်မှု မရှိရင် ဗီဇာ အပိတ်ခံရနိုင်ခြေ ရှိနေတဲ့ နိုင်ငံတွေထဲမှာတော့ အန်ဂိုလာ၊ အန်တီဂွာ-ဘာဘူဒါ၊ ဘီနင်၊ ဘူတန်၊ ဘာကီနာဖာဆို၊ ကာဘိုဗာဒီ၊ ကမ္ဘောဒီးယား၊ အိုင်ဗရီကို့စ်၊ ကွန်ဂို၊ ဂျဘူတီ၊ ဒိုမီနီကန်၊ အီသီယိုးပီးယား၊ အီဂျစ်၊ ဂါဘွန်၊ ဂမ်ဘီယာ၊ ဂါနာ၊ ကာဂျစ္စတန်၊ လိုက်ဘေးရီးယား၊ မာလာဝီ၊ မော်ရစ်တေးနီးယား၊ နိုက်ဂျား၊ နိုက်ဂျီးရီးယား၊ စိန့်ကစ်တ်-နီဗစ်၊ စိန့်လူစီယာ၊ ဆော်တွမ်-ပရင်စီပယ်လ်၊ ဆီနီဂေါ၊ တောင်ဆူဒန်၊ ဆီးရီးယား၊ တန်ဇန်းနီးယား၊ တွန်ဂါ၊ တူဗာလူ၊ ယူဂန္ဓာ၊ ဗာနူအာတူ၊ ဇမ်ဘီယာနဲ့ ဇင်ဘာဘွေတို့ ပါဝင်နေပါတယ်။

မူလက အမေရိကန်ကို ပြည်ဝင်ခွင့် ပိတ်တာ ခံထားရတဲ့ ၁၂ နိုင်ငံကတော့ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချတ်ဒ်၊ ကွန်ဂို၊ အီကွေတိုရီရယ်လ် ဂီနီရာ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နဲ့ ယီမင်တို့ ဖြစ်ပါတယ်။

ထရမ့်ဟာ သူ့ရဲ့ ပထမ သမ္မတ သက်တမ်းတုန်းကလည်း မွတ်ဆလင် အများစု နေထိုင်တဲ့ နိုင်ငံ ၇ ခုကို ပြည်ဝင်ခွင့် ပိတ်ပင်အမိန့် ထုတ်ခဲ့ဖူးပြီး နောက်ပိုင်းမှာတော့ တရားရုံးချုပ်က အဲဒီသတ်မှတ်ချက်ကို ပယ်ဖျက်စေခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။