Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် တိုက်ခိုက်မှုအပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး ရုရှားကို ရောက်ရှိ

အမေရိကန်က အီရန်နျူကလီးယား အဆောက်အအုံတွေကို ဗုံးကြဲပြီးတဲ့နောက် အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီဟာ ရုရှားနိုင်ငံ၊ မော်စကို မြို့တော်ကို ရောက်ရှိနေပါတယ်။

Getty Images

အမေရိကန်က အီရန်နျူကလီးယား အဆောက်အအုံတွေကို ဗုံးကြဲပြီးတဲ့နောက် အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီဟာ ရုရှားနိုင်ငံ၊ မော်စကို မြို့တော်ကို ရောက်ရှိနေပါတယ်။

အီရန် နျူကလီးယား အဆောက်အအုံ ၃ ခု တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အပြီး တစ်ရက်အကြာ ဇွန်လ ၂၃ ရက် မနက်ပိုင်းမှာ အာရက်ချီဟာ မော်စကိုဆီ ဆိုက်ရောက်လာတာ ဖြစ်ပါတယ်။ သူက ပူတင်နဲ့ အထူးအရေးကြီးတဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

သူနဲ့ ပူတင်တို့ တွေ့ဆုံချိန်မှာ ဘုံတူညီတဲ့ စိန်ခေါ်မှုတွေ၊ ဆင့်ကဲဖြစ်ပေါ်နေတဲ့ ခြိမ်းခြောက်မှုတွေကို ဘယ်လို ပူးတွဲ တုံ့ပြန်ကြမလဲ ဆိုတာကို ဆွေးနွေးသွားမယ်လို့လည်း အာရက်ချီက ဆိုပါတယ်။

အီရန်ဟာ နိုင်ငံရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေနဲ့ စစ်စခန်းတွေကို အစ္စရေး လေတပ်ရဲ့ တစ်ပတ်ကျော်ကြာ ဗုံးကြဲမှုတွေ ကြုံနေရာကနေ အမေရိကန်ကပါ ဝင်ရောက် တိုက်ခိုက်တဲ့ဒဏ်ကို ခံခဲ့ရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မော်စကိုမြို့ကို ဆိုက်ရောက်လာပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ အာရက်ချီက သူ့ရဲ့ ခရီးစဉ်ဟာ အထူးအရေးပါပြီး အီရန်နဲ့ ရုရှားကြား ပိုမိုနီးစပ်တဲ့၊ ပိုမိထိရောက်တဲ့၊ ပိုမိုအားကောင်းတဲ့ ညှိနှိုင်းလုပ်ဆောင်မှုတွေကို ဖော်ဆောင်ဖို့ ရည်ရွယ်တယ်လို့ ပြောကြားသွားပါတယ်။

လက်ရှိ ကြုံတွေ့ ဖြတ်သန်းနေရတဲ့ အခြေအနေတွေကြောင့် အီရန်ဟာ သမ္မတ ပူတင် အပါအဝင် ရုရှားအစိုးရ ထိပ်တန်း အရာရှိတွေနဲ့ အရေးတကြီး၊ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ လိုအပ်လာကြောင်းလည်း သူက မှတ်ချက်ပေးခဲ့ပါတယ်။

ရုရှားဆီ ရောက်မလာခင်မှာ အာရက်ချီဟာ အမေရိကန်ရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အပြင်းအထန် ရှုတ်ချခဲ့ပြီး သံတမန်ရေး ဆွေးနွေးမှုတွေကို သစ္စာဖောက်တဲ့ လုပ်ရပ်လို့ စွပ်စွဲခဲ့ပါတယ်။ နောက်ပြီး အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ အဆုံးမသတ်နိုင်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ကြုံတွေ့လာစေလိမ့်မယ်လို့လည်း သူက သတိပေးထားခဲ့ပါတယ်။

ကိုးကား: Press TV

ဆက်စပ်သတင်းများ

ဘာသာပြန်ဆောင်းပါး

ယာဘလိုကာ (Yabloko) ပါတီဟာ ရုရှားမှာ ကျန်ရှိနေတဲ့ အဓိက စစ်ဆန့်ကျင်ရေးပါတီဖြစ်ပေမယ့်စက်တင်ဘာရွေးကောက်ပွဲမှာဝင်ပြိုင်ခွင့်ပိတ်ပင်ခံလိုက်ရပါတယ်။ ဒါကြောင့်ရုရှားမှာ စစ်ဆန့်ကျင်ရေးနိုင်ငံရေး ပိုကျဉ်းလာပါတယ်။

နိုင်ငံတကာ

အီရန်ကျူးလွန်ခဲ့တဲ့ ကိစ္စတွေ၊ ဖန်တီးခဲ့တဲ့ စစ်ပွဲတွေမှာ ထိခိုက်နာကျင်ခဲ့ရတဲ့၊ သေဆုံးခဲ့ရသူ တစ်ဦးချင်းစီအတွက် အီရန် အစိုးရက နစ်နာကြေး ပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ တောင်းဆိုမှုတွေကို အမေရိကန်က မလိုက်လျောဘဲနဲ့တော့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမှာ မဟုတ်ဘူးလို့ အီရန်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။