Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မဟာဗျူဟာဗုံးကြဲ​လေယာဥ် B-2 ​တွေ အ​မေရီကန်ပြန်​ရောက်

အီရန်မှာရှိတဲ့ နျူကလီးယား နည်းပညာဆိုင်ရာ သုတေသန စခန်း ၃ ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့B-2 Spirit မဟာဗျူဟာ​မြောက် ဗုံးကြဲ​လေယာဥ်​တွေဟာ အ​မေရီကန် နိုင်ငံကို၊ မဇ္ဇူရီပြည်နယ်ကို ဇွန် ၂၂ ရက် (အ​မေရီကန်စံ​တော်ချိန် ) ပြန်လည်ဆင်းသက်လာကြပြီဖြစ်ပါတယ်။

AP

ဇွန်-၂၃၊၂၀၂၅။People’s Spring

အီရန်မှာရှိတဲ့ နျူကလီးယား နည်းပညာဆိုင်ရာ သုတေသန စခန်း ၃ ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့B-2 Spirit မဟာဗျူဟာ​မြောက် ဗုံးကြဲ​လေယာဥ်​တွေဟာ အ​မေရီကန် နိုင်ငံကို၊ မဇ္ဇူရီပြည်နယ်ကို ဇွန် ၂၂ ရက် (အ​မေရီကန်စံ​တော်ချိန် ) ပြန်လည်ဆင်းသက်လာကြပြီဖြစ်ပါတယ်။

အီရန်နိုင်ငံကနျူကလီးယားစီမံကိန်း​တွေဖြစ်တဲ့ဖော်ဒို၊ နထန်ဇ် နဲ့ အက်စ်ဖာဟန် တို့ကို အာရှအချိန် ဇွန် ၂၁ ရက် ည(အ​မေရီကန်အချိန် ဇွန် ၂၁ ရက်မနက်ပိုင်း )မှာ ဘန်ကာဖျက်ဗုံး​တွေကြဲပြီးမိုင်​ထောင်ချီပျံသန်းကာ အ​မေရီကန်နိုင်ငံ၊ မဇ္ဇူရီပြည်နယ်ကစစ်တပ်သုံး​လေဆိပ်ဖြစ်တဲ့ Whiteman Air Force Base ကို ဇွန် ၂၂ ရက်မှာပြန်လည်ဆင်းသက်ခဲ့ကြတာဖြစ်ပါတယ် ။ B2​လေယာဥ်​တွေဟာ အသွားအပြန် မိုင်​ပေါင်း ​၁၅၀၀၀ (​လေ​ကြောင်းမိုင်အရဆိုရင် မိုင် ၁၃၀၀၀ )လောက်၃၆ နာရီ​ကျော်ကြာပျံသန်းခဲ့ကြတာဖြစ်ပါတယ်။

အမေရိကန်က Midnight Hammer လို့အမည်​ပေးထားတဲ့ဒီ စစ်ဆင်ရေးမှာ အ​မေရီကန်စစ်တပ်က B-2 ဗုံးကြဲလေယာဉ်ကြီးတွေအပါအဝင် လေယာဉ် ၁၂၅ စီး ၊ ဧရာမ ဘန်ကာဖျက်ဗုံး ၁၂ လုံး နဲ့ စစ်လက်နက် ၇၅ ခုထက်မနည်း အသုံးပြုခဲ့တယ်လို့အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန် ထားပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်သမိုင်းမှာ လေတပ်ရဲ့ စွမ်းဆောင်ရည် အမြင့်ဆုံး၊ တန်ဖိုးအကြီးဆုံး မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေဖြစ်တဲ့ B-2တွေကို အရေအတွက် အများဆုံး အသုံးချခဲ့တဲ့ စစ်ဆင်ရေးလို့ အမေရိကန် စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ်ကြီး ဒန်ကိန်းက ပြောပါတယ်။

ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ B-2 ဗုံးကြဲလေယာဉ် စုစုပေါင်း အစီး ၂၀ ထိ အမေရိကန် လေတပ်က ပိုင်ဆိုင်ထားပြီး အခုစစ်ဆင်ရေးအတွက် ၇ စီးနဲ့ အယောင်ပြပျံသန်းမှု မစ်ရှင်အတွက် နောက်ထပ် B-2 တချို့ကိုအသုံးပြုခဲ့တယ်လို့ သိရပါတယ်။

Midinight Hammer စစ်ဆင်ရေးရဲ့ ဦးစားပေး ပစ်မှတ်ဟာ တောင်တစ်လုံးအောက်မှာနက်နက်ရှိုင်းရှိုင်း တူးဖော် တည်ဆောက်ထားတဲ့ ဖော့ဒို စခန်းဖြစ်ပါတယ်။ အဲဒီ စခန်းကို B-2 ၆ စီးက တစ်လုံးကို ပေါင် ၃၀၀၀၀ အလေးချိန်ရှိတဲ့ ဧရာမ ဘန်ကာဖျက်ဗုံး ၂ လုံးစီ၊ စုစုပေါင်း ၁၂ လုံး ကြဲချခဲ့တာပါ။

Spiritလို့ နာမည်ပြောင် ခေါ်ဝေါ်လေ့ရှိတဲ့ B-2 ဗုံးကြဲလေယာဉ်ကြီး ၇ စီးဟာ အမေရိကန် စံတော်ချိန်အရ ဇွန်လ ၂၁ ရက် မနက်ပိုင်းမှာ မဇ္ဇူရီပြည်နယ် အခြေစိုက် စခန်းကနေ အီရန်နိုင်ငံဆီ စတင် ပျံသန်း ထွက်ခွာခဲ့ကြပါတယ်။ ၁၈ နာရီကြာ ခရီးစဉ် အတောအတွင်း လမ်းခုလတ်မှာ B-2တွေကို လေထဲမှာတင် ပျံသန်းရင်း ဆီဖြည့်တာတွေလည်း လုပ်ခဲ့ရပါတယ်။

ဗုံးကြဲပြီးတဲ့​​နောက် ဇွန် ၂၂ ရက်မှာ မှာ မဇ္ဇူရီပြည်နယ် ၊Whiteman Air Force Base ကို ဇွန် ၂၂ ရက်မှာပြန်​ရောက်ခဲ့တာဖြစ်ပြီး​တော့ AP သတင်းဌာနကသတင်း​ထောက်က မှတ်တမ်းတင်ထားတာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။