Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့ ဘန်ကောက်မှာလူသောင်းနဲ့ချီ ဆန္ဒပြ

ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်မှာ ဇွန်လ ၂၈ ရက်နေ့က လူတွေ ထောင်သောင်းချီ စုရုံးပြီး ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ် နုတ်ထွက်ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ဇွန်-၂၈၊၂၀၂၅/People’s Spring

ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်မှာ ဇွန်လ ၂၈ ရက်နေ့က လူတွေ ထောင်သောင်းချီ စုရုံးပြီး ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ် နုတ်ထွက်ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ဖေထောင်ထန်နဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်းတို့ ဖုန်းပြောထားတဲ့ အသံဖိုင်ပေါက်ကြားမှုနဲ့ ဆက်စပ်ပြီး ဖေထောင်ထန်ကိုတာဝန်ယူ နှုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဖေထောင်ထန်ဟာ အဲဒီလို ဖုန်းပြောရာမှာ ထိုင်းစစ်တပ်ကိုစော်ကားသိက္ခာချတဲ့ စကားမျိုးတွေထည့်ပြောမိခဲ့တာကြောင့်အဲဒီအခြေအနေကို အကြောင်းပြုပြီး အကြီးအကျယ် ဖိအားတွေ ကြုံတွေ့နေပါတယ်။

ဇွန်လ ၂၈ ရက်နေ့မှာ စုဝေးခဲ့တဲ့ ဆန္ဒပြသူတွေရဲ့ အဓိကပစ်မှတ်ကတော့ အသံဖိုင်ပေါက်ကြားမှုကို တာဝန်ယူပြီး ဖေထောင်ထန် နှုတ်ထွက်ပေးရေး ဆိုတာပဲ ဖြစ်ပါတယ်။ ညနေပိုင်းမှာ ပြုလုပ်ခဲ့တဲ့ စုဝေးပွဲမှာ ဆန္ဒပြသူ ၁၇၀၀၀ လောက်ထိ များပြားခဲ့တယ်လို့ဘန်ကောက်ရဲတပ်ဖွဲ့ကခန့်မှန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မိုးတွေရွာနေတဲ့ကြားကနေအစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာနိုင်ငံတော် အလံတွေ၊လက်ကိုင်ဘုတ်တွေကို ကိုင်ဆောင်ရင်း ဘန်ကောက်မြို့လယ်က အောင်ပွဲ ကျောက်တိုင်ကြီးနားမှာ စုဝေးခဲ့ကြပါတယ်။နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့ကလည်းဆန္ဒပြသူတွေကိုမိန့်ခွန်းပြောခဲ့ကြပါတယ်။ ချီတက်ပွဲမှာ ပါဝင်သူတွေက ကြွေးကြော်သံတွေကိုသံပြိုင်အော်ဟစ်ခဲ့သလိုအမျိုးသားရေး တေးသီချင်းတွေကို သီဆိုရင်း ကခုန်ခဲ့ကြပါတယ်။

ဆန္ဒပြသူ တစ်ဦးက ဖေထောင်ထန်ဟာ ကမ္ဘောဒီးယားနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ နယ်စပ်ပြဿနာမှာ ကိုင်တွယ်ပုံအားနည်းလွန်းတယ်လို့လည်း ပြစ်တင်ခဲ့ပါတယ်။ ထိုင်းဟာ ဘယ်နိုင်ငံကိုမှ မကျူးကျော်ချင်ပေမယ့်ကိုယ်ပိုင်အချုပ်အခြာအာဏာနဲ့ ပတ်သက်လာရင် ဘယ်သူ့ကိုမှ အလျှော့ပေးလို့ မဖြစ်ဘူးလို့ သူက ဆိုပါတယ်။

ဆန္ဒပြသူတွေထဲမှာ ကွန်ဆာဗေးတစ်တွေ၊ ထိုင်းဘုရင်စနစ်ကိုလိုလားပြီးရှပ်ဝါအင်အားစုတွေလို့ လူသိများတဲ့ အဖွဲ့တွေလည်း ပါဝင်ခဲ့ပါတယ်။ ရှပ်ဝါတွေဟာဖေထောင်ထန်ရဲ့ဖခင်ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ကို အပြင်းအထန် ဆန့်ကျင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

သက်ဆင်ဟာ ဟွန်ဆန်းနဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးခဲ့ဖူးပေမယ့်လက်ရှိမှာတော့ဟွန်ဆန်းဟာသက်ဆင်ကိုပါ ပုဂ္ဂိုလ်ရေးအရ လူသိရှင်ကြား ထိုးနှက်တာတွေ ရှိနေပါတယ်။ ဟွန်ဆန်းက သက်ဆင်ဟာ ထိုင်းဘုရင်ကို စော်ကားပုတ်ခတ်တဲ့ စကားတွေ သူ့ကို ထုတ်ပြောခဲ့ဖူးကြောင်း စွပ်စွဲပြီး တကယ်လို့ သက်ဆင်ကသူ့ကိုသစ္စာဖောက်မယ်ဆိုရင်အဲဒီကိစ္စတွေအားလုံးကိုဖော်ကောင်လုပ်မယ်လို့ခြိမ်းခြောက်ထားပါတယ်။

အသက် ၃၈ နှစ်သာ ရှိသေးပြီး ထိုင်းနိုင်ငံ သမိုင်းမှာ အသက်အငယ်ဆုံးဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဖေထောင်ထန် အတွက်တော့ လက်ရှိဟာ နိုင်ငံရေးအရ လှိုင်းအထန်ဆုံး၊ စိန်ခေါ်မှု အကြီးမားဆုံး ဖြတ်သန်းနေရတဲ့ ကာလလည်း ဖြစ်ပါတယ်။

အသံဖိုင် ပေါက်ကြားမှု အပြီးမှာ ဖေထောင်ထန် ဦးဆောင်နေတဲ့ ညွန့်ပေါင်း အစိုးရထဲက စစ်တပ်နဲ့ နီးစပ်တဲ့ ကွန်ဆာဗေးတစ် ပါတီ ဘွမ်ဂျိုင်ထိုင်းကလည်း ရုတ်တရက်နှုတ်ထွက်သွားခဲ့ပါတယ်။ အဲဒီ အခြေအနေဟာ ဖေထောင်ထန်ရဲ့ ညွန့်ပေါင်း အစိုးရကို သိသိသာသာ အားလျော့သွားစေခဲ့ပါတယ်။ ဒါ့အပြင် ဘွမ်ဂျိုင်ထိုင်း ပါတီဟာ ဖေထောင်ထန်ကို အယုံအကြည် မရှိအဆိုတစ်ရပ် လွှတ်တော်မှာ တင်သွင်းပြီး ဖြုတ်ချနိုင်ဖို့လည်း စီစဉ်နေပါတယ်။

ဖေထောင်ထန်ဟာအသံဖိုင်ပေါက်ကြားမှုနဲ့ ပတသက်လို့ ဝန်ချတောင်းပန်ပြီး ထိုင်းစစ်တပ်နဲ့ ရင်ကြားစေ့ဖို့ အားထုတ်ခဲ့ပေမယ့် သူ့ရဲ့ ရာထူးနေရာကို ထိန်းသိမ်းထားနိုင်ဖို့ ရေရာသေချာမှု မရှိတော့ပါဘူး။ ပြီးတော့ ဝန်ကြီးချုပ်အဖြစ်ကနေ ဖယ်ရှား

ခံရတဲ့ထိ ကြုံနိုင်တဲ့ စုံစမ်းစစ်ဆေးမှုတွေကိုလည်း ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

ထိုင်းအမျိုးသားအဂတိတိုက်ဖျက်ရေး ကော်မရှင်ရဲ့ အတွင်းရေးမှူးချုပ် ဆာရော့ ဖွန်ဂရမ်ပန်က ဟွန်ဆန်းနဲ့ ဖုန်းပြောမှုမှာ ဖေထောင်ထန်ဟာ ကျင့်ဝတ်ပိုင်း ဆိုးဆိုးရွားရွား ချိုးဖောက်မှုတွေ ရှိခဲ့သလား ဆိုတာနဲ့ ပတ်သက်လို့ သူ့အေဂျင်စီက ကိုင်တွယ် စုံစမ်းသွားမယ်လို့ပြောကြားထားပါတယ်။ ဒါပေမဲ့ အပြီးသတ်ဆုံးဖြတ်ချက်ထွက်ပေါ်တဲ့ထိအချိန်ဘယ်လောက်ယူရမလဲဆိုတာကိုတော့သူက အတိအကျ မှတ်ချက် မပေးပါဘူး။

ဒါ့အပြင် ထိုင်းရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးကလည်း ပေါက်ကြားခဲ့တဲ့ ဖုန်းခေါ်ဆိုမှုနဲ့ ပတ်သက်ပြီး ဖေထောင်ထန်ကို ရာထူးက ဖယ်ရှားပေးဖို့ အဆိုပြုချက် တစ်ခုကို လက်ခံသင့်၊မသင့် စဉ်းစားမယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီကိစ္စကို အစောဆုံး နောက်တစ်ပတ်လောက်မှာ ခုံရုံးက ဆုံးဖြတ်ချက် ချဖွယ်ရှိပြီး ဖေထောင်ထန်ဟာ ဝန်ကြီးချုပ် တာဝန်တွေကနေ ဆိုင်းငံ့ ခံထားရတာမျိုး ဖြစ်လာနိုင်ပါတယ်။

ဓါတ်ပုံ-Thai Enquirer ၊ Khaosod

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။