Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ AI နည်းပညာသုံး လူတူစက်ရုပ်တွေရဲ့ ဘောလုံးပွဲ ကျင်းပ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြိုတော်မှာ လူတူစက်ရုပ်တွေချည်း သီးသန့် ယှဉ်ပြိုင်တဲ့ ဘောလုံးပွဲ တစ်ခုကို ကျင်းပခဲ့ပါတယ်။

Chinaminutes.com

တရုတ်နိုင်ငံ၊ ဘေဂျင်းမြိုတော်မှာ လူတူစက်ရုပ်တွေချည်း သီးသန့် ယှဉ်ပြိုင်တဲ့ ဘောလုံးပွဲ တစ်ခုကို ကျင်းပခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ၄ သင်း ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲမှာ စက်ရုပ်တွေကို လူသားထိန်းချုပ်မှု မပါဘဲ ဉာဏ်ရည်တု (AI) နည်းပညာ သီးသန့်နဲ့ ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့် ပြုထားတာပါ။ အဲဒီလို AI သီးသန့်နဲ့ ယှဉ်ပြိုင်တဲ့ စက်ရုပ် ဘောလုံးပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ဖြစ်တယ်လို ပွဲစီစဉ်သူတွေက ကြွေးကြော်ထားပါတယ်။

တစ်ဖက်ကို စက်ရုပ် ၃ ရုပ်စီ ယှဉ်ပြိုင်ကြရတာဖြစ်ပြီး စက်ရုပ်တွေမှာ နည်းပညာမြင့် အာရုံခံ ကိရိယာတွေနဲ့ AI အထောက်အပံ့ ပစ္စည်းတွေ တပ်ဆင်ပေးထားပါတယ်။ အဲဒီ နည်းပညာတွေ၊ ကိရိယာတွေ ဘောလုံးရဲ့ ရွေ့လျားပုံကို ထောက်လှမ်း သိရှိနိုင်စေပြီး ကွင်းထဲမှာ အသင့်တော်ဆုံးဖြစ်အောင် ရွေ့လျား ကစားဖို စက်ရုပ်တွေကို ကူညီပေးပါတယ်။

စက်ရုပ်တစ်ရုပ် လဲကျသွားရင် ကိုယ့်ဖာသာ ပြန်ထနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ ဒါပေမဲ့လည်း အဲဒီ စနစ်ကတော့ သိပ်ပြီး အလုပ်ဖြစ်ခဲ့ပုံ မပေါ်ဘဲ ပြိုင်ပွဲတလျှောက်မှာ တချိုစက်ရုပ်တွေကို လူသားဝန်ထမ်းတွေက ထမ်းစင်နဲ့ ထုတ်ယူသွားရတာ တွေ့ရပါတယ်။ အဲဒီမြင်ကွင်းကို ပရိသတ်တွေကလည်း ပွဲကျနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ဟာ AI နည်းပညာ အထောက်အပံ့ပါတဲ့ လူတူစက်ရုပ်တွေကို အဆင့်မြှင့်တင် ထုတ်လုပ်နိုင်ဖို အားထုတ်နေတဲ့ နိုင်ငံတစ်ခုပါ။ အဲဒီ နည်းပညာ တိုးတက်မှုကို အားပေးဖိုအတွက် အာဏာပိုင်တွေက မာရသွန်၊ လက်ဝှေ့၊ ဘောလုံးစတဲ့ အားကစား ပြိုင်ပွဲတွေကိုလည်း ကျင်းပပေးနေပါတယ်။

အခုပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာတော့ ဆင်ဟွားတက္ကသိုလ်ရဲ့ THU စက်ရုပ်အသင်းဟာ တရုတ် စိုက်ပျိုးရေး တက္ကသိုလ်ရဲ့ တောင်ပင်လယ် စက်ရုပ်အသင်းကို ၅ ဂိုး – ၃ ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံ ဖြစ်သွားခဲ့ကြောင်း သိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

Facebook