Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အသံဖိုင်ပေါက်ကြားမှု အရှုပ်တော်ပုံကြောင့် ထိုင်းဝန်ကြီးချုပ် ရာထူးကနေ ဆိုင်းငံ့ခံရ

ယဉ်ကျေးမှုဝန်ကြီးအဖြစ် ဆက်တာဝန်ယူနေဖွယ်ရှိ

Reuters

ဇူလိုင်-၁ ၊၂၀၂၅/People’s Spring

အရှုပ်အထွေးတွေဖြစ်ပေါ်စေခဲ့တဲ့အသံဖိုင်ပေါက်ကြားမှုနဲ့ဆက်စပ်ပြီး ထိုင်းဝန်ကြီးချုပ်ဖေထောင်ထန်ရှီနာဝတ်ထ်ကို ရာထူးကနေဆိုင်းငံ့ထားစေဖို့ ထိုင်းအခြေခံဥပဒေခုံရုံးကအမိန့်ချမှတ်လိုက်ပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်းနဲ့ အလွတ်သဘောဖုန်းပြောခဲ့ချိန်မှာဖေထောင်ထန်ဟာထိုင်းစစ်တပ်အပေါ်ပုတ်ခတ်ဝေဖန်တဲ့သဘောမျိုးတွေ ထည့်ပြောမိခဲ့ပါတယ်။ အဲဒီအသံဖိုင်ပေါက်ကြားလာတဲ့နောက် သူဟာနိုင်ငံရေးအရ ဖိအားတွေ အများကြီး ကြုံခဲ့သလို ရာထူးကနှုတ်ထွက်ပေးဖို့တောင်းဆိုဆန္ဒပြမှုတွေနဲ့ပါရင်ဆိုင်လာရပါတယ်။

ဒါ့အပြင် အထက်လွှတ်တော် အမတ် ၃၆ ယောက်က အဲဒီအသံဖိုင်အရ ဖေထောင်ထန်ဟာ အချုပ်အခြာအာဏာလုံခြုံရေးကိုထိခိုက်စေပြီး ကျင့်ဝတ်စံနှုန်းတွေကို ဆိုးဆိုးရွားရွား ချိုးဖောက်မှုတွေ ရှိခဲ့တာကြောင့် ရာထူးကနေ ဆိုင်းငံ့ အရေးယူပေးဖို့ အခြေခံဥပဒေခုံရုံးကိုလျှောက်ထားတင်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၁ ရက်နေ့မှာတော့ ခုံရုံးမှာအဲဒီစွပ်စွဲချက်အတွက်အမှုဖွင့်ပြီးစုံစမ်းစစ်ဆေးပေးဖို့ကို ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ မရှိဘဲ အတည်ပြုခဲ့သလို ဖေထောင်ထန်ကို ရာထူးကနေ ဆိုင်းငံ့ထားဖို့ ထောက်ခံမဲ ၇ မဲ၊ကန့်ကွက်မဲ ၂ မဲနဲ့ ဆုံးဖြတ်လိုက်ပါတယ်။

ဖေထောင်ထန်ဟာအဲဒီနေ့မှာပဲအသစ်ပြင်ဆင် ဖွဲ့စည်းတဲ့ အစိုးရအဖွဲ့မှာ ယဉ်ကျေးမှု ဝန်ကြီးအဖြစ် ပူးတွဲ တာဝန်ယူထားခဲ့ပါတယ်။ သူဟာ ဝန်ကြီးချုပ် လုပ်ငန်း တာဝန်တွေကနေ ဆိုင်းငံ့ခံထားရပေမယ့်ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့အခါမှာတော့ ယဉ်ကျေးမှု ဝန်ကြီးအဖြစ် အစိုးရထဲမှာ ဆက်ရှိနေမယ့် သဘောပါ။

ဖေထောင်ထန်ရဲ့ ဝန်ကြီးချုပ် တာဝန်တွေကို ဆိုင်းငံ့လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ချက်ချင်း အသက်ဝင်မှာဖြစ်ပြီး ဒုတိယ ဝန်ကြီးချုပ်နဲ့ ပို့ဆောင်ရေးဝန်ကြီး ဆူရီယာဂျန်ယွန်ဂရန်ကစ်ကယာယီ ဝန်ကြီးချုပ် တာဝန်ကို လက်လွှဲ ရယူထားမှာပါ။

ဇူလိုင် ၁ ရက်နေ့မှာ ထိုင်းဘုရင်က အသိအမှတ် ပြုလိုက်တဲ့ ထိုင်းအစိုးရသစ်မှာ ကာကွယ်ရေး ဝန်ကြီးကနေပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ယူသူ ဖုန်သမ်ဝီချာရာချိုင်ကဒုတိယ ဝန်ကြီးချုပ် ဖြစ်လာမှာပါ။ ဒါပေမဲ့ တရားဝင် ရာထူးလက်ခံပြီးကျမ်းသစ္စာမကျိန်ဆိုရသေးတာကြောင့် ဆူရီယာက ယာယီ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တာပါ။

ဖေထောင်ထန်ဟာ ယဉ်ကျေးမှု ဝန်ကြီး ရာထူးကိုတော့ဇူလိုင် ၃ ရက်နေ့၊ကျမ်းသစ္စာ ကျိန်ဆိုမှုအပြီးမှာ စတင်တာဝန်ထမ်းဆောင်သွားမယ်လို့ သိရပါတယ်။

ကိုးကား-Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံက အခမ်းအနား တစ်ခုမှာ လက်ရှိ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်ဟောင်း ၃ ဦးတို့ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

စာသင်ကျောင်း ပစ်ခတ်မှု ကျူးလွန်သူ လူငယ်မှာ ဖိအားတွေ ရှိနေခဲ့တယ်လို့ဆို

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နဲ့ သူ့ကို ဖိတ်ကြားခဲ့သူ ထိုင်းဝန်ကြီးချုပ်အနူတင် ချန်ဝီယာကူကို ထိုင်းအရပ်ဖက်အဖွဲ့အစည်းတွေက ယ​နေ့ည​နေပိုင်းမှာဘန်ကောက်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အဖြစ်ကနေ ဖယ်ရှားခံခဲ့ရသူ ဖေထောင်ထန် ရှီနာဝတ်ထ်ဟာ ဖျူထိုင်းပါတီ အကြီးအကဲ အဖြစ်ကနေ နုတ်ထွက်သွားခဲ့ပါတယ်။

Facebook