Connect with us

Hi, what are you looking for?

နိုင်ငံတကာ

AIကို ပိုမို အားကိုးပြီး ဝန်ထမ်း ၉၀၀၀ လောက်ကို အလုပ်ထုတ်ပစ်ဖို့ Microsoft စီစဉ်

ဉာဏ်ရည်တု နည်းပညာ (AI)ကို ပိုမို အားကိုးသွားမယ့် စီမံကိန်းနဲ့အတူ ဝန်ထမ်းအင်အား ၉၀၀၀ လောက်ထိ လျှော့ချသွားမယ်လို့ အမေရိကန် နည်းပညာ လုပ်ငန်းစုကြီး Microsoftက ဆိုပါတယ်။

Getty Images

ဉာဏ်ရည်တု နည်းပညာ (AI)ကို ပိုမို အားကိုးသွားမယ့် စီမံကိန်းနဲ့အတူ ဝန်ထမ်းအင်အား ၉၀၀၀ လောက်ထိ လျှော့ချသွားမယ်လို့ အမေရိကန် နည်းပညာ လုပ်ငန်းစုကြီး Microsoftက ဆိုပါတယ်။

AIနဲ့ အစားထိုးမှုတွေကြောင့် ပိုလျှံလာမယ့် ဝန်ထမ်းတွေကို ရာထူးနေရာက ဖယ်ရှားမှုကို အခုနှစ်မှာ စတင်မယ်လို့လည်း Microsoftက ဆိုပါတယ်။ ကုမ္ပဏီ လက်အောက်ခံ ဌာနခွဲ တချို့ရဲ့ ဝန်ထမ်းတွေဟာ အခုဆုံးဖြတ်ချက်ထဲမှာ သက်ရောက် အကျုံးဝင်လိမ့်မယ်လို့ Microsoftက ပြောပေမယ့် ဘယ်ဌာနတွေလဲ ဆိုတာကိုတော့ မထုတ်ပြန်ပါဘူး။

သတင်းတွေကတော့ Microsoftရဲ့ Xbox ဗီဒီယိုဂိမ်းတွေ ထုတ်လုပ်တဲ့ ဌာနဟာ ဝန်ထမ်းတွေ လျှော့ချခံရမှုမှာ သေချာပေါက် ပါဝင်လိမ့်မယ်လို့ ဖော်ပြနေပါတယ်။

Microsoftဟာ အနာဂတ် လုပ်ငန်းလည်ပတ်မှုတွေအတွက် AI နည်းပညာအပေါ် ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံထားပြီး AIကို လေ့ကျင့် သင်ကြားပေးနိုင်မယ့် အချက်အလက် စင်တာတွေကို ဒေါ်လာ ၈၀ ဘီလီယံလောက် အကုန်အကျခံ တည်ဆောက်ထားပါတယ်။

Public Service Announcement

Public Service Announcement

လျင်လျင်မြန်မြန် ဆင့်ကဲပြောင်းလဲနေတဲ့ စျေးကွက် အခြေအနေနဲ့ လိုက်လျောညီထွေ လိုအပ်မယ့် အစီအမံသစ်တွေကို Microsoftက အကောင်အထည် ဖော်နေတယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ပြောပါတယ်။

Microsoftဟာ တစ်ကမ္ဘာလုံးမှာ ဝန်ထမ်းအင်အား ၂၂၈၀၀၀ လောက်ရှိရာက ၄ ရာခိုင်နှုန်းလောက်ကို ဖြတ်တောက် လျှော့ချသွားမယ့် သဘောပါ။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း Microsoft အပါအဝင် နည်းပညာ လုပ်ငန်းစုကြီးတွေဟာ လုပ်ငန်း လည်ပတ်မှု ကဏ္ဍမှာ ကိုယ်ပိုင် AI စနစ်တွေကို လေ့ကျင့် သင်ကြားပေးပြီး ပြန်လည် အသုံးချမှု နည်းလမ်းကို သိသိသာသာ ပိုမို အားကိုးလာပါတယ်။ အဲဒီအတွက်လည်း AIတွေအတွက် အချက်အလက် သိုလှောင်မယ့် data centerတွေနဲ့ သင်ယူမှုကို ပံ့ပိုးမယ့် chipတွေအတွက် ဒေါ်လာ ဘီလီယံတွေနဲ့ချီ ရင်းနှီး မြှုပ်နှံလာကြပါတယ်။

Microsoftဟာ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး AI ဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ ChatGPTကို ဖန်တီးသူ OpenAI ကုမ္ပဏီရဲ့ အဓိက ရင်းနှီးမြှုပ်နှံသူ၊ အဓိက ရှယ်ယာ ပိုင်ဆိုင်သူ ဖြစ်နေပါတယ်။

Facebookနဲ့ Instagramတို့ရဲ့ မိခင်ကုမ္ပဏီ Metaကလည်း AI နည်းပညာ ကျွမ်းကျင် ပညာရှင်တွေကို မက်လုံးပေးပြီး လူစုနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေပါတယ်။ အဲဒီ လူစုတဲ့ ကိစ္စကို Metaရဲ့ အကြီးအကဲ မာ့ခ်ဇက်ကာဘာ့ဂ်ကိုယ်တိုင် ဦးဆောင်နေတယ်လို့လည်း ဆိုပါတယ်။

မကြာသေးခင်တုန်းက OepnAIရဲ့ အကြီးအကဲ ဆမ်အဲ့လ်ထ်မန်းက သူ့အဖွဲ့သားတွေထဲက တချို့ကို ဇက်ကာဘာ့ဂ်က Metaအတွက် အလုပ်လုပ်ပေးဖို့ စာချုပ်ချုပ်ခချည်းပဲ ဒေါ်လာ သန်း ၁၀၀ ထိပေးပြီး စည်းရုံး သိမ်းသွင်းသွားတာမျိုးတွေ လုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဇွန်လတုန်းက Amazon ကုမ္ပဏီရဲ့ အကြီးအကဲ အန်ဒီဂျက်ဆီကလည်း သူ့ကုမ္ပဏီရဲ့ ဝန်ထမ်းနေရာ တချို့ကို AIနဲ့ အစားထိုးသွားတာမျိုး ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ကြီးလာအောင် အင်မတန် အဆိုးမြင်တဲ့ အစုအဖွဲ့တွေက ပုံကြီးချဲ့ သတင်းလွှင့်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရန်သူတော် ဟားမားစ်တပ်ဖွဲ့ရဲ့ အောက်ခြေအဆင့် စစ်သားတွေကို ခန့်မှန်းရာမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို အသုံးပြုပြီး ဆုံးဖြတ်ခဲ့ကြောင်း စွပ်စွဲချက်တွေကို အစ္စရေးစစ်တပ်က အပြင်းအထန် ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ငယ်ရွယ်တဲ့ ကျောင်းသူကျောင်းသားတွေ ဉာဏ်ရည်တု နည်းပညာ (AI) အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ပါတယ်။

သတင်း

လက်နက်ကိုင်တော်လှန်ရေးကို လက်မခံဟုပြောဆိုထားတဲ့ လူထူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံဖိုင်တု ထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတိပေးချက်တရပ် လူမှုကွန်ရက်ကနေ ပြန်လည်ရေးသားခဲ့ပြီး ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို သတိထားဖို့ သတိပေးလိုက်ပါတယ်။

Facebook