Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိမ်ဖြူတော်မှာ MMA ပြိုင်ပွဲ လက်ခံကျင်းပမယ်လို့ ထရမ့်ပြော

အမေရိကန် သမ္မတ ရုံးစိုက်ရာ အိမ်ဖြူတော်ဟာ ကိုယ်ခံပညာပေါင်းစုံ (MMA) ပြိုင်ပွဲတစ်ခုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

AFP

အမေရိကန် သမ္မတ ရုံးစိုက်ရာ အိမ်ဖြူတော်ဟာ ကိုယ်ခံပညာပေါင်းစုံ (MMA) ပြိုင်ပွဲတစ်ခုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

လာမယ့်နှစ်၊ အမေရိကန်ရဲ့ နှစ်ပေါင်း ၂၅၀ ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲတွေရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် အမေရိကန် MMA ပြိုင်ပွဲ UFCရဲ့ ပွဲစဉ်တွေကို ထည့်သွင်း ကျင်းပမှာဖြစ်ကြောင်း အခုနှစ် အမေရိကန် လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇူလိုင် ၄ ရက်မှာ ထရမ့်က ကြေညာခဲ့ပါတယ်။

အဲဒီပွဲစဉ်တွေထဲမှာ ချန်ပီယံလုတဲ့ ပွဲကြီးပွဲကောင်းမျိုးလည်း ပါဝင်မှာဖြစ်ပြီး ပရိသတ် ၂၀၀၀၀ ကနေ ၂၅၀၀၀ ကြားတက်ရောက်မယ်လို့ မျှော်လင့်ကြောင်း သူက အိုင်ယိုဝါမှာ ထောက်ခံသူတွေနဲ့ တွေ့ဆုံချိန်မှာ ပြောကြားသွားပါတယ်။

ထရမ့်ဟာ MMA ဝါသနာအိုး တစ်ဦးဖြစ်ပြီး UFC ဥက္ကဋ္ဌ ဒန်ဝှိုက်နဲ့လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးပါတယ်။ နှစ် ၂၅၀ ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အပျော်တမ်းရော၊ ပရော်ဖက်ရှင်နယ် အဆင့်ပါ ထူးခြားပြောင်မြောက်တဲ့ အခမ်းအနား အစီအစဉ်တွေ ပါဝင်လာမှာ ဖြစ်တယ်လို့ ထရမ့်က ကြွေးကြော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ဟာ UFC ပွဲတချို့ကို ကိုယ်တိုင်ကိုယ်ကျ အားပေးခဲ့ဖူးပြီး ဇွန်လတုန်းကလည်း နယူးဂျာစီမှာ ကျင်းပတဲ့ UFC 316 ပွဲစဉ်တွေဆီ ရောက်ရှိခဲ့ပြီး ဝှိုက်နဲ့အတူ အားပေး ကြည့်ရှုခဲ့ကြပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလင်း လီယာဗစ်ကလည်း အိမ်ဖြူတော်မှာ UFC ပွဲစဉ် ကျင်းပမယ့် အကြောင်းကို လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပြီး တကယ့် အမိုက်စားကြီး ဖြစ်လိမ့်မယ်လို့ ညွှန်းဆိုထားပါတယ်။

UFCနဲ့ ထရမ့်တို့ ဆက်စပ်မှုဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် ကတည်းက စတင်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်တုန်းက ဝှိုူက်ဟာ ပြိုင်ပွဲတွေ ကျင်းပဖို့ နေရာ ရှာမရနိုင်ဘဲ ရုန်းကန်နေရချိန်မှာ ထရမ့်က အတ္တလန္တိတစ် စီးတီးရဲ့ တာ့ဂျ်မဟာ ကာစီနိုရုံကြီးမှာ UFC ပွဲစဉ် ကျင်းပနိုင်အောင် စီစဉ်ပေးခဲ့ဖူးပါတယ်။ အပြန်အလှန် အနေနဲ့ နိုင်ငံရေး လောကထဲ ထရမ့်ဝင်ရောက်လာချိန်မှာ ဝှိုက်ဟာ အမာခံ အားပေးထောက်ခံသူ ဖြစ်လာပြီး ထရမ့်ဟာ တကယ့် အကြမ်းပတမ်းခံတဲ့ တိုက်ခိုက်ရေးသမား တစ်ဦးလို့ ချီးကျူးခဲ့ဖူးပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်ဖို့ အကောင်းမြင် မျှော်လင့်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။