Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆိုက်ဘာ ရာဇဝတ်မှုနဲ့ ဆက်စပ်သူ ၁၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ကမ္ဘောဒီးယား ထုတ်ပြန်

ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ အပါအဝင် ဆိုက်ဘာရာဇဝတ် လှုပ်ရှားမှုတွေကို ဖြိုခွင်းနေရာမှာ တစ်ပတ်အတွင်း လူပေါင်း ၁၀၀၀ ကျော်လောက်ကို ဖမ်းဆီးထားပြီး ဖြစ်တယ်လို့ ကမ္ဘောဒီးယား အစိုးရက ကြေညာခဲ့ပါတယ်။

AP

ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ အပါအဝင် ဆိုက်ဘာရာဇဝတ် လှုပ်ရှားမှုတွေကို ဖြိုခွင်းနေရာမှာ တစ်ပတ်အတွင်း လူပေါင်း ၁၀၀၀ ကျော်လောက်ကို ဖမ်းဆီးထားပြီး ဖြစ်တယ်လို့ ကမ္ဘောဒီးယား အစိုးရက ကြေညာခဲ့ပါတယ်။

ဝန်ကြီးချုပ် ဟွန်မာနတ်ရဲ့ အမိန့်တစ်ရပ်ကို အကောင်အထည် ဖော်ပြီး အဲဒီလိုမျိုး ဆိုက်ဘာ ရာဇဝတ် လှုပ်ရှားမှုတွေကို ပစ်မှတ်ထား ဖြိုခွင်းနေတာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံးက ဇူလိုင် ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။ ပြည်သူတွေရဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ အချက်အလက် လုံခြုံရေး ကဏ္ဍတွေကို အကာအကွယ်ပေးဖို့ ရည်ရွယ်ပြီး ဝန်ကြီးချုပ်က အဲဒီ ဖမ်းဆီးမှုတွေကို စစ်ဆင်ရေးအဆင့် အကောင်အထည် ဖော်စေခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

ကမ္ဘောဒီးယားမှာသာ မကဘဲ ဒေသတွင်းနဲ့ တစ်ကမ္ဘာလုံးမှာပါ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကြောင့် မလုံခြုံမှု၊ ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်နေတာကို အစိုးရ အနေနဲ့ ကောင်းကောင်း သတိပြုမိထားကြောင်း၊ နိုင်ငံခြား ဒုစရိုက် ဂိုဏ်းတွေကလည်း အဲဒီ လုပ်ငန်းတွေထဲမှာ ထဲထဲဝင်ဝင် ပါဝင်လာတာကို သတိထားမိကြောင်းလည်း အဲဒီ ကြေညာချက်ထဲမှာ ပါရှိခဲ့ပါတယ်။

ဇူလိုင် ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့ထိအတွင်း ကမ္ဘောဒီးယားရဲ့ ပြည်နယ်ပေါင်း ၅ ခုမှာ စီးနင်းမှုတွေ လုပ်ဆောင်ပြီး သံသယရှိသူ ၁၀၀၀ ကျော်ကို ဖမ်းဆီးထားခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး ကြေညာချက်ရော၊ ရဲတပ်ဖွဲ့ရဲ့ သီးခြား ထုတ်ပြန်ချက်မှာပါ ဖော်ပြထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရသူတွေထဲမှာ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ တရုတ်၊ ထိုင်ဝမ်၊ မြန်မာစတဲ့ နိုင်ငံခြားသားတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လက နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)ရဲ့ အစီရင်ခံစာ တစ်စောင်မှာ ကမ္ဘောဒီးယား အခြေစိုက် ဆိုက်ဘာ ရာဇဝတ် ဂိုဏ်းတွေမှာ အစိုးရ အရာရှိတွေ ရှုပ်ထွေး ပါဝင်နေသလို တရုတ် ဒုစရိုက်ဂိုဏ်းတွေ ထိန်းချုပ်ထားတဲ့ ဂိုဏ်းတွေမှာ ဝန်ထမ်းတွေကို ဖိနှိပ်တာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေအပေါ် အစိုးရက ရည်ရွယ်ချက်ရှိရှိ မျက်ကွယ်ပြုထားတယ်လို့ စွပ်စွဲခဲ့ပါသေးတယ်။

အရှေ့တောင်အာရှ ဒေသတွင်း တခြားနိုင်ငံတချို့က ကျားဖြန့်ဂိုဏ်းတွေလိုပဲ ကမ္ဘောဒီးယားက လုပ်ငန်းတွေဟာလည်း လူမှောင်ခိုမှုတွေနဲ့ ဆက်နွှယ်နေတယ်လို့ သိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်လုပ် တင့်ကားတွေ ကမ္ဘောဒီးယားဆီ ရောက်ရှိလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်က အလေးအနက် စောင့်ကြည့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းစစ်တပ်အတွက် သတ်မှတ်ပေးထားတဲ့ ခွဲတမ်းကို အသုံးပြုပြီး အမေရိကန်ရဲ့ နာမည်ကြီး ဝက်စ်ပွိုင့် စစ်တက္ကသိုလ်မှာ တက်ရောက်ခဲ့ကြောင်း သတင်းတွေကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘောဒီးယားရဲ့ စစ်မှု မထမ်းမနေရ ဥပဒေဟာ လက်တွေ့စတင် အသက်ဝင်လာပြီ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဟွန်မာနတ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သုံးရက်အတွင်း တရုတ်နိုင်ငံသား ၆၅၀ နီးပါးကို နယ်နှင်ခဲ့ကြောင်း ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။