Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စကော့တလန်မှာ လေယာဉ်ပေါ် ဗုံးပါလာကြောင်း ခြိမ်းခြောက်အော်ဟစ်ခဲ့တဲ့ ခရီးသည် အဖမ်းခံရ

စကော့တလန်မှာ ပျံသန်းနေတဲ့ ခရီးသည်တင် လေယာဉ်တစ်စီးပေါ်မှာ ဗုံးပါလာကြောင်း ခြိမ်းခြောက်တဲ့ ခရီးသည်ဟာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

The Sun

စကော့တလန်မှာ ပျံသန်းနေတဲ့ ခရီးသည်တင် လေယာဉ်တစ်စီးပေါ်မှာ ဗုံးပါလာကြောင်း ခြိမ်းခြောက်တဲ့ ခရီးသည်ဟာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

ဇူလိုင် ၂၇ ရက်နေ့တုန်းက အင်္ဂလန်ရဲ့ လူတန်မြို့ကနေ စကော့တလန်ရဲ့ ဂလက်စဂိုမြို့ဆီ ပျံသန်းလာတဲ့ easyJet လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ပေါ်မှာ လူတစ်ဦးက ခြိမ်းခြောက် အော်ဟစ်ခဲ့တာ ဖြစ်ပါတယ်။

သူက လေယာဉ်ပေါ်မှာ ဗုံးယူလာတယ်လို့ ပြောခဲ့သလို အာရပ်စကားအရ ဘုရားသခင်ဟာ ကြီးမြတ်တယ်လို့ အဓိပ္ပါယ်ရတဲ့ ‘အလ္လာဟူ အက္ကဘား’လို့လည်း အော်ဟစ်နေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ နောက်တော့ ရဲရင့်တဲ့ ခရီးသည် သုံးယောက်က သူ့ကို ဝင်လုံးပြီး လက်ရ ဖမ်းဆီးခဲ့ပါတယ်။ လေယာဉ် အမှုထမ်းတွေကလည်း အဲဒီအမျိုးသားရဲ့ အိတ်ကို ယူဆောင်ပြီး စစ်ဆေးကြည့်ခဲ့ပါတယ်။

ဖုန်းနဲ့ရိုက်ကူးထားတဲ့ ဗီဒီယိုတွေထဲမှာတော့ အဲဒီ အမျိုးသားက ‘လေယာဉ်ကို ရပ်လိုက်၊ လေယာဉ်ပေါ်မှာ ဗုံးပါတယ်’လို့ အော်ပြောနေပြီး ‘အမေရိကန်နဲ့ ထရမ့် သေပါစေ’ဆိုပြီးလည်း ဟစ်ကြွေးနေခဲ့တာ တွေ့ရပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဇူလိုင် ၂၇ ရက်နေ့က စကော့တလန်ကို ရောက်ရှိနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဂလက်စဂို လေဆိပ်မှာတော့ ရဲတွေက အသင့်စောင့်ဆိုင်းနေပြီး အသက် ၄၁ နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကို စကော့တလန် ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲပါ။

မျက်မြင်တစ်ယောက်ကတော့ အဲဒီ အမျိုးသားဟာ လေယာဉ်ရဲ့ အိမ်သာထဲက ထွက်လာပြီး မကြာခင်မှာပဲ ဗုံးခြိမ်းခြောက်တဲ့ အော်ဟစ်မှုတွေ စတင်လာခဲ့တာလို့ ပြောပါတယ်။ easyJet လေယာဉ်ဟာလည်း လေဆိပ်ကို အခြေအနေ ကြိုတင် အကြောင်းကြားပြီး အရေးပေါ် ဆင်းသက်မှု လုပ်ခဲ့ရပါတယ်။

စုံစမ်းစစ်ဆေးမှုတွေမှာတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေး တာဝန်ရှိသူတွေပါ ပူးပေါင်း ပါဝင်နေတယ်လို့ သိရပါတယ်။ အခုဖြစ်စဉ်ကြောင့် ခရီးသည်တွေနဲ့ လေယာဉ် အမှုထမ်းတွေ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့သလို ကြံရာပါတွေ ပတ်သက်ဆက်နွှယ်တယ်ဆိုတဲ့ အထောက်အထားလည်း မတွေ့ရဘူးလို့ ဆိုပါတယ်။ လေယာဉ်ပေါ်မှာလည်း တကယ်တမ်း ဗုံးထောင်ထားတယ်လို့ ယုံကြည်ရတဲ့ အခြေအနေမျိုး မရှိပါဘူး။

ဗြိတိန်ရဲ့ ဘတ်ဂျတ်လေကြောင်းလိုင်း တစ်ခုဖြစ်တဲ့ easyJetကတော့ လေကြောင်းလိုင်း အနေနဲ့ ခရီးသည်တွေ၊ အမှုထမ်းတွေရဲ့ လုံခြုံရေးကို အမြင့်ဆုံး ဦးစားပေး အဆင့်မျိုး အမြဲသတ်မှတ်ပြီး ကိုင်တွယ် ဖြေရှင်းလေ့ ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ကိုးကား: Telegraph

ဆက်စပ်သတင်းများ

သတင်း

အိမ်သာထဲမှာ ဗုံးခြိမ်းခြောက်စာ ရှာတွေ့ခဲ့တဲ့နောက် အိန္ဒိယ လေကြောင်းရဲ့ ခရီးသည်တင် လေယာဉ် တစ်စီးဟာ ထိုင်းနိုင်ငံကို နောက်ကြောင်းပြန်လှည့်ပြီး အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။